Wednesday, December 4, 2013

ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်းကို RCSS စဉ်ဆက်မပြတ် ကြိုးပမ်းနေ

(ရွှေဟင်္သာသတင်းဌာန)

ဘိန်းအစားထိုး စိုက်ပျိုးရေး စီမံကိန်း အတွက် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ထိုင်းနိုင်ငံ ဇင်း မယ်မြို့ ရှိခေတ်မှီ စိုက်ပျိုး ရေးနည်း များကို သင်ကြားရန် မြို့နယ်အလိုက် တက်ရောက်လို သူများအား ဖိတ်ခေါ်နေကြောင်း မိုးနဲမြို့နယ် သင်တန်းသား တဦးဖြစ်သူ အိုက်ငင်း က ဆိုပါသည်။

သင်တန်း တက်သူတွေရဲ့ စရိတ်တွေကို (RCSS) က ကျခံပေးတယ်။ သင်တန်းပြီးရင်တော့ ကုလ သမဂ္ဂ မူးယစ် တိုက် ဖျက်ရေးအဖွဲ့ (UNODC) ကလာရောက် ဖွင့်လှစ်မဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ၀န်ထမ်းအဖြစ် ဦးစားပေးခန့်အပ် သွားမယ်လို့ ၎င်းတို့အား ပြောထား ကြောင်း ဆိုပါသည်။
 
(RCSS) အစီစဉ်တွင် တမြို့နယ်လျှင် လူ(၃)ဦးမှ (၅)ဦး အထိ ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှ ခေတ်မှီသော စိုက်ပျိုးရေး သင်တန်း များကို တက်စေပါသည်။ ထိုင်းနိုင်ငံ သည် မူးရစ်ဆေးဝါး တိုက်ဖျက် ရေးတွင် အားပေးထောက် ခံသည့်အတွက် တတ်နိုင်သမျှ ကူညီနေခြင်း ဖြစ်ပါသည်။

(UNODC) အနေဖြင့် ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး အစီစဉ်များ ဆောင်ရွက်ပါက (RCSS /SSA) အဖွဲ့မှလည်း ပါဝင် ဆောင်ရွက်မည် ဖြစ်သဖြင့်  ကြိုတင်စီစဉ်သည့် အနေဖြင့် ဒေသခံ တိုင်းရင်းသား များကို သင်တန်းတက်ခိုင်း စေသည့် အစီစဉ်ဖြစ်ပါသည်။ သင်တန်း တက်ရောက်ပြီးပါက လည်း ထိုက်သင့်သော လစာပေးပြီး ၀န်ထမ်း အဖြစ် ခန့်အပ်မည်ဟု (UNODC) တာဝန်ရှိ သူတစ်ဦးက ပြောကြားထားကြောင်း ဆိုပါသည်။ 

(RCSS) ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ပြီးခဲ့သည့် ဇွန်လလယ်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် နေပြည်တော် သို့သွား ရောက်ခဲ့ပါသည်။ ယင်းခရီးစဉ်တွင် ဒေါ်အောင် ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့သလို (UNODC) အဖွဲ့နှင့် လည်း တွေ့ဆုံခဲ့ပါသည်။

(UNODC) သည် ရှမ်းပြည်နယ် မူးရစ်ဆေးဝါး တိုက်ဖျက်ရေးတွင် (RCSS) အဖွဲ့ အားပါဝင်ပူးပေါင်း စေလို သော်လည်း အစိုးရ ကိုယ်စား လှယ်များက မနှစ်သက်ခဲ့ဟု ဆိုပါသည်။ (RCSS) သည်အစိုးရနှင့် (၂၀၁၁) ခုနှစ် အပစ်အခတ် ရပ်စဲရေး ကိစ္စဆွေးနွေးစဉ် ကတည်းက မူးရစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး အစီစဉ်ကို တင်ခဲ့ပြီး မူအာဖြင့် သဘောတူ ခဲ့ပါသည်။
သို့သော် အစိုးရ၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်သည် (UNODC) နှင့်ပူးပေါင်းလိုသော်လည်း (RCSS) ပါဝင်လာမှု ကို  လက်မခံခဲ့သဖြင့် အကောင်အထည် ဖေါ်မှု နှောင့်နှေး နေခြင်းဖြစ်သည်ဟု (RCSS) ဖက်မှသုံးသပ် ထားကြောင်း ပြောရေးဆို ခွင့်ရှိသူက ဆိုပါသည်။

(RCSS) သည် ရှမ်းပြည်တွင်း မူးရစ်ဆေးဝါး တိုက်ဖျက်မှုကို ထိုင်း၊ မြန်မာ၊ (UNODC) နှင့် ၄င်းတို့ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးစားခဲ့ပါသည်။ ဤကဲ့သို့ ကြိုးစားနေသဖြင့် (၂၀၁၂)ခုနှစ်တွင် ထိုင်းနိုင်ငံမှ ပေးသော မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ဆုကို (RCSS) ရရှိခဲ့ပါသည်။

သို့သော် လက်တွေ့တွင် (UNODC) ၏ အကြံဥာဏ်ကို ရယူပြီး၊ မိမိတို့ အစီစဉ်ဖြင့် အဆင့်ဆင့် ပညာပေးခြင်း၊သီးနှံ အစား ထိုးစိုက်ပျိုး ရေးအတွက် ခေတ်မှီ စိုက်ပျိုးရေး စနစ်များ သင်ကြားစေခြင်း၊ ဗဟိုဌာနချုပ်နှင့် မြို့နယ်များ၌ မူးရစ်ဆေးဝါး ဖြတ်သည့် စခန်းများနှင့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးရေး လုပ်ငန်းစဉ်များ အတွက် စခန်းများ ဖွင့်လှစ်ခြင်း ဖြင့်ဆောင်ရွက်လျှက် ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

ထိုင်းအစိုးရသည် မူးရစ်ဆေးဝါး တိုက်ဖျက်ရေးကို မူအရ သဘောတူ သော်လည်း လက်တွေ့တွင် နယ်စပ်ကျော်သော လုပ် ငန်းစဉ်များ ဆောင်ရွက် ခြင်းမရှိပေ။ ထို့အတူ မြန်မာအစိုးရ ကလည်းမူ အရသဘော တူထားသော်လည်း လက်တွေ့ဆောင် ရွက်ခြင်း မရှိပေ။ (UNODC) ကမူ လက်တွေ့ အကောင်အထည် ဖော်ရန် စတင်လို သော်လည်း အစိုးရ၏ ခွင့်ပြုချက်ကို စောင့်စည်းနေရ ခြင်းဖြင့် အချိန်ကုန် ဗနခဲ့ကြောင်း ဆိုပါသည်။

မည်သို့ပင်ဆိုစေ (RCSS) သည် ရှမ်းပြည်နယ် အတွင်း မူးရစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး အမြင်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ဆောင်ရွက် သင့်သော မူးရစ်ဆေး ပံ့ပျောက်ရေး ပညာပေးရေးကိစ္စ၊ အစားထိုးသီးနှံ စိုက်ပျိုးရေး နည်းပညာများ ရရှိရေးနှင့် သင်တန်းပို့ချရေး များကို ဆက်လက် ဆောင်ရွက်နေ မည်သာ ဖြစ်ပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။