(ရွှေဟင်္သာသတင်းဌာန)
ကရင်အမျိုး သားအစည်း အရုံး (KNU) ၏ ဒုတိယအကြိမ် ဗဟိုအမြဲ တမ်းကော် မီတီ၏ ပုံမှန် အစည်း အဝေးသည် ဒီဇင်ဘာ (၂)ရက်နေ့ စတင်ပြီး (၅)ရက် နေ့တွင် ထိုင်းမြန်မာ နယ်စပ် ၄င်းတို့၏ လေးဝါး ခေါ်လောခီးလာ စခန်း တွင်ပြီး ဆုံးခဲ့ကြောင်း အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်း ကဆို ပါသည်။
ယင်းအစည်း အဝေးသို့ ကိုယ်စားလှယ် (၄၅)ဦးခန့် တက်ရောက်ပြီး (၁၅) ကြိမ်မြောက် ညီလာခံ၏ လုပ်ငန်းစဉ်များ ကိုပြန်လည် သုံးသပ်ခဲ့ပါ သည်။ ထိုအပြင် နိုဝင်ဘာ (၄)ရက်နေ့၌ ကချင်ပြည်နယ်
မြစ်ကြီးနား မြို့တွင် ကျင်းပသော အစိုး ရနှင့် တိုင်းရင်း သား လက်နက်
ကိုင်များ အစည်းအဝေးမှ အစိုးရဖက် တင်ပြထားသော တနိုင်ငံလုံး အပစ် အခတ်ရပ် စဲ
ရေး စာချုပ် မူကြမ်းကိုလည်း ဆွေးနွေးခဲ့ပါသည်။
ယင်းမူကြမ်း အပေါ် KNU ခေါင်းဆောင်များ၏ ဝေဖန်သုံး သပ်ချက်များ နှင့် ပါတ်သက်ပြီး ရွှေဟင်္သာ သတင်းဌာနသည် အတွင်းရေးမှူး (၂)အား အောက်ပါ အတိုင်း မေးမြန်းခဲ့ပါသည်။
မေး။ ။ (KNU) ရဲ့ဒုတိယ အကြိမ်ဗဟို အမြဲတမ်းကော်မီ တီပုံမှန်အစည်း အဝေးမှာ
အစိုးရက တင်ပြထားတဲ့ တ နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ်မူကြမ်း
ကိစ္စဆွေးနွေး ခဲ့တယ် လို့သိရပါ တယ်။ အဲဒီအပေါ် ဘယ်လို သဘော ရပါသလဲ။
ဖြေ။ ။ ဝေဖန် သုံးသပ်ချက် တွေက အများကြီးပါ။ လက်ခံနိုင်စရာ မရှိပါဘူး။ ပြီးတော့ ပြောချင်တာက KNU ရဲ့
သဘောထား ထက် တိုင်းရင်းသား တွေရဲ့ သဘော ထားဘဲ ဖြစ်ချင်တယ်။ ဒါပေမဲ့ အစိုးရ
စာချုပ်မူကြမ်းရဲ့ အဓိက ပြ သနာက တော့ သုံးထားတဲ့ ဝေါ ဟာရတွေ က အချိန်အခါ
အခြေအနေနဲ့ မညီတာလဲ ပါပါတယ်။ အချက် အလက် အ ရ ထောက်ပြရမယ် ဆိုရင်တော့ အထူးသ
ဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်ရမယ်တဲ့။ ဒီတော့ ဒီအချိန်မှာ အဲဒီလို
အတိ အလင်းပြောရင် ဘယ်သူက လက်ခံ မှာလဲ။ တိုင်းရင်းသား တွေအတွက် နိုင်ငံရေးအရ
ဘာ အာမခံချက် မှ မရှိ သေးတဲ့ အချိန်မှာ ဒီလိုပြောလာရင် ဘယ်သူမှ လက်ခံမှာ
မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြတယ်လေ။
လက်တွေ့မကျဘူး
ပေါ့နော်။ ဒီအချိန်မှာ အဲဒီလိုပြောရင် လက်နက် ချခိုင်းရာ ရောက်တော့
တာပေါ့။ ဒါပေမဲ့ လက် မခံစေချင်လို့ ထည့်ရေး ရင်တော့ မပြော တတ်ဘူးပေါ့။
ပြီးတော့ စာချုပ်မှာ တည်ဆဲ ဥပဒေလို့ သုံးပါတယ်။ တိုင်းရင်း
သား တွေနဲ့ ချုပ်တဲ့ စာချုပ်စာတမ်း တွေမှာ တည်ဆဲ ဥပဒေအရ လို့ သုံးရင်
ဖြစ်နိုင်ပါ့ မလား ပေါ့။ ဥပမာအားဖြင့် ပြောတာပါ။ ဝေဖန်ထားတဲ့ အချက်တွေက
အများကြီးပါ။ တိုင်းရင်သား တွေဖက်က တော့ ဒီစာချုပ်အရ ဆိုရင် ဘာမှ
လုပ်ပိုင်ခွင့် မရှိဘူး။ ခြေချုပ် ထားသလိုမျိုး ခံစားကြတယ်။
လက်တွေ့မဖြစ်နိုင်တဲ့ စာချုပ်မျိုးဘဲ လို့အတိုချုပ် အားဖြင့်
ပြောနိုင်ပါတယ်။
မေး။ ။ ဒါဆိုရင် KNU ဖက်က လက်မခံ နိုင်ဘူးပေါ့။
ဖြေ။ ။
ကျနော်တို့ လက်မခံဘူး ဆိုတာထက် တိုင်းရင်းသားတွေ လက်ခံနိုင်အောင် လည်း
သဘောထား ကြီးကြီးနဲ့ တင်ပြဖို့ လိုတယ် မဟုတ်ဘူးလား။ အမြဲတမ်း အပေါ်စီး ကနေဘဲ
ပြောနေ လို့ရှိရင် လက်တွေ့ မကျဘူးပေါ့။ ကျနော် တို့ လက်ခံတဲ့ အချက်တွေ
ကတော့ တိုင်းရင်းသား တွေရဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ
နှိုင်းရေး အ ဖွဲ့ (NCCT)ကို တင်ပြထား ပြီးပြီးလေ။
မေး။ ။ ဆရာတို့ KNU ဖက်က (NCCT) ကို ဘယ်လိုမျိုး တင်ပြထားလဲ။ ရှင်းပြခွင့် ရှိရင် ပြောပြပါလား။
ဖြေ။ ။ ကျနော်တို့ KNU ကတော့ အစိုးရရဲ့ စာချုပ်မူကြမ်းကို ဝေဖန် သုံးသပ် ထားတာဘဲ ရှိတယ်။ ကျနော်တို့ရဲ့ အကြံပြုချက် တခုလုံး ကိုတော့ (NCCT) ရေးဆွဲထားတဲ့ စာချုပ် မူကြမ်းတွေမှာ ဖြည့်စွက်ထား တာဘဲ ရှိတယ်။
အကြမ်း အားဖြင့် ပြောရရင် ဒီလိုပါ။ NCCT ရဲ့
ပထမမူကြမ်း ကတည်းက၊ မူကြမ်းရဲ့ အောက်လိုင်းကို ဆွဲကတည်းက ပေါ့၊ ကျနော်တို့
ဗဟိုကော်မီ တီ အလုပ်အမှုဆောင် အဖွဲ့မှာ အကြံပြုထား ပြီးသားဖြစ်ပါတယ်။
အဲဒီအကြံပြု တင်ပြ ထားတဲ့ အချက်ကို NCCT က ပြန် ဆွေးနွေးတယ်။ ပြီးတော့ အဲဒါကိုတခါ NCCT မူကြမ်း
ပြန် ဖြစ်လာတယ်။ ပြီးတော့ အဲဒီထွက် လာတဲ့ မူကြမ်းကို ကျနော်တို့ ဗဟို
ကော်မီတီက ပြန်ဆွေးနွေးတယ်။ ဆိုတော့ အထွေအထူး တော့ ပြောစ ရာ ဖြည့်စွက် စရာ
ပြင်ဆင်စရာ မရှိတော့ဘူးပေါ့။
မေး။ ။ အသေးစိပ်လေး ပြောပြနိုင်မလား ဆရာ။
ဖြေ။ ။ အသေးစိပ်တော့ ပြောလို့မဖြစ်သေးဘူး။ NCCT က
တခြားအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးရင် လေးဝါးမှာ ကျင်းပတဲ့ ဒုတိယ အကြိမ်
တိုင်းရင်းသား ညီလာခံမှာ ပြန်တင်ပြပြီးတော့ အတည်ပြုကြမယ်။ ပြီးမှ
အစိုးရဆီမှာ တင်ပြမှာပေါ့။
မေး။ ။ အဲဒီ အစိုးရနဲ့ တွေ့တဲ့ကိစ္စ ကို မေးချင်ပါတယ်။ အစိုးရက နိုဝင်ဘာ (၂)ရက်နေ့
မှာ ပြီးဆုံးသွားတဲ့ လိုင်ဇာ က ပထမ အကြိမ် ညီလာခံ မှာ သဘောထား တမျိုးတင်ပြ
ထားတယ်။ အဲဒီအပေါ်မှာ မှီပြီး တိုင်းရင်းသားတွေက ဆွေး နွေးကြတယ်။ ပြီးတော့ နိုဝင်ဘာ (၄)ရက်နေ့ မြစ်ကြီးနား ဆွေးနွေး ပွဲရောက်တော့ နောက်ထပ်တမျိုး ထပ်မံ တင်ပြ တယ်လို့ ကြားတယ် ဆို ဟုတ်ပါသလား။
ဖြေ။ ။
ဟုတ်ပါတယ်။ အဲဒီအကျိုး ဆက်ကြောင့် ဒုတိယအကြိမ် ညီလာခံပေါ် လာတယ်လို့
ပြောလို့ရပါတယ်။ ဒါ ပေမဲ့ အစိုးရနဲ့ ဆွေးနွေးပြီးရင် နောက်ထပ်
ပြန်ညှိရဦးမယ် ဆိုတာ လည်း ရှိသေးတယ်လေ။ အဲဒီအခါမှာ ကျနော်တို့ မှာ
လာညှိကြမယ်လို့ ပြောထား တာလည်း ရှိပါတယ်။
ဒါပေမဲ့
ညီလာခံ အဆင့် ဖြစ်လာတယ် ဆိုတာက အစိုးရရဲ့ မတူညီတဲ့ သဘောထား တွေလည်း
ပါတယ်ပေါ့နော်။ အခုလည်း အဲဒီလို မဖြစ်အောင် ထင်ပါတယ်။ အစိုးရ MPC က ဒုတိယအကြိမ် ညီလာခံမတိုင်ခင် တွေ့ဖို့ ရှိတယ်လို့ NCCT က အကြောင်းကြား ထားတာ ရှိပါ တယ် ။
မေး။ ။ နောက်တခု မေးချင်ပါသေးတယ်။ အစိုးရ ရဲ့ သန်းကောင်စရင်း ကိစ္စနဲ့ ပါတ်သက်လို့ KNU ကဆွေးနွေး တယ်လို့ ကြားတယ် ။ ဘယ်လိုမျိုး ဖြစ်စေချင်လို့လဲ။
ဖြေ။ ။ အဲဒါတော့ နဲနဲပြောချင်တယ်။ ကရင်လူမျိုးစု ဆိုတာက မျိုးနွယ်တွေ ပေါင်းထားတဲ့အပေါ် သတ်မှတ်ရမယ် လေ။ ကရင်လူမျိုး တွေမှာ မျိုးနွယ်စု (၁၁)စု ရှိတယ် ဆိုပါတော့။ အဲဒါ ကရင်(၁၁)မျိုး ရှိတယ်လို့ သတ်မှတ်မလား။ အဲဒါမဖြစ်သင့် ဘူးပေါ့နော်။ အဲဒီလို ခွဲပစ်မယ်။ ပြီးရင် နိုင်ငံရေးအရ အသုံးချမယ်။ အဲဒါကို စိုးရိမ်နေကြပါတယ်။
အခု အစိုးရတွေ ပြောနေတာက မြန်မာ နိုင်ငံမှာ တိုင်းရင်းသား (၁၃၅)မျိုး
ရှိတယ်တဲ့။ အဲဒါကို တည်ပြော နေပြီးတော့ နိုင်ငံရေး အရ အသုံးချ နေတာမျိုး
မဖြစ်သင့်လို့ပါ။ လူတမျိုး တမျိုးကနေ နွယ်တဲ့ မျိုးနွယ်စုတွေကို
အဲဒီလူမျိုး စရင်းမှာ ထည့်ပေးမှ သဘာဝ ကျမယ်လေ။ အဲဒါကို ဖြစ်စေချင်လို့ပါ။
“ ဒီလို မှမဟုတ်ရင် ကရင် လူမျိုး တမျိုးထဲမှာဘဲ တိုင်းရင်းသား (၁၁) မျိုးလောက် ပြန်ပြီးတော့မှ ကွဲသွားဖို့ ဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ ကွဲတာများလို့ ဆိုပြီး နိုင်ငံရေးအရ အကြောင်းပြလာ နိုင် တယ်။ ဒီလိုအကြံစည်မျိုး မဖြစ်ဖို့ ဆွေးနွေးခဲ့ ကြတယ်။
“ ဒီလို မှမဟုတ်ရင် ကရင် လူမျိုး တမျိုးထဲမှာဘဲ တိုင်းရင်းသား (၁၁) မျိုးလောက် ပြန်ပြီးတော့မှ ကွဲသွားဖို့ ဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ ကွဲတာများလို့ ဆိုပြီး နိုင်ငံရေးအရ အကြောင်းပြလာ နိုင် တယ်။ ဒီလိုအကြံစည်မျိုး မဖြစ်ဖို့ ဆွေးနွေးခဲ့ ကြတယ်။
KNU သည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ၏ ဒုတိယအကြိမ် ညီလာခံကို လာမည့် ဒီဇင်ဘာ (၁၈-၁၉-၂၀) ရက်နေ့တွင်
လေးဝါးခေါ် လောခီးလာ စခန်း၌ကျင်းပ ရန် ဆုံးဖြတ်ထားပါသည်။ ဤညီလာခံပြီးမှ
အစိုးရ နှင့်ဆွေး နွေး နိုင်မည့်ရက်ကို သတ်မှတ်နိုင်မည်ဟု ဆိုပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။