Saturday, March 1, 2014

သျှမ်း/မြောက် နောင်ချိုဘက်တွင်တိုက်ပွဲပြင်းထန်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသားတပ်ပေါင်းစုတို့ ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွါး နေပြီး ယနေ့တိုင်မြန်မာစစ်တပ်မှ အင်အားဖြည့်တင်းနေ ဆဲဖြစ်ေ ကြာင်း ဒေသတွင်းသတင်းရပ်ကွက် ကဆိုပါသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲက ပဲခူးတပ်မ ၇၇ လက်အောက်ခံ ဗိုလ်မှူးမြင့်အောင် ဦးဆောင်သော ရှမ်း-၁ (ရန်ကုန်မှ တပ်လာသော) စစ်ကြောင်းက ဆီဆုံ အုပ်စုဘက်ရှိ မိုက်ဟုန်းကုန်ဆေ၌ စခန်းချသည့် SSPP/SSA စစ်ကြောင်းရှိရာသို့ သွားရောက်ဝိုင်းရံသဖြင့် အတန်အသင့် ပြင်းထန်သော တိုက်ပွဲဖြစ်ပွါး ခဲ့ရသည်ဟု ဒေသခံ စိုင်းနုက ပြောပါသည်။

အဆိုပါ ရှမ်း-၁ စစ်ကြောင်းသည် သျှမ်းပြည်တွင်းအထူးလှုပ်ရှားရန်အတွက် ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့သော တပ်ဖြစ်သည်ဟုလည်း သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကဆိုပါသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ညနေပိုင်းကဖြစ်ပွါးခဲ့သော တိုက်ပွဲမှာ ယနေ့ ဖေဖော်ဝါရီ ၂၈ တနေ့လုံး ဆက်လက်ဖြစ်ပွါးနေပြီး ညနေပိုင်းတွင်မူ ကျောက်မဲမြို့ နောင်ပင်မှ ခမရ ၅၀၁၊ ၅၀၂ မှ စစ်ကား ၃ စီးအပြည့် အင်အားဖြည့်တင်းရန် နောင်ချိုသို့ ထပ်မံရောက်ရှိလာသည်ဟုလည်း ဆိုပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီဘက်မှလည်း တိုင်းရင်းသားတပ်ပေါင်းစုက အားဖြည့်တိုက်ခိုက်ခဲ့ ကြောင်း၊ မြန်မာ စစ်တပ် ဘက်က ၁၀ ဂဏန်း သေကြေဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆို၏။ ဒေသအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တဦးက ၂ ဦး ၂ ဖက် သေကြေဒဏ်ရာရမှုများပြားခဲ့ကြောင်း ဆို၏။ သို့သော် သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြု ချက်မရရှိသေး ပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။