Monday, March 24, 2014

KNU ဗဟိုအမြဲတမ်း ကော်မီတီ ၏ အရေးပေါ် အစည်းအဝေး

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုး သား အစည်း အရုံး (KNU) ၏ ဗဟို အမြဲတမ်း ကော်မီတီ အရေးပေါ် အစည်း အဝေး ကို ယနေ့ နံက် ပိုင်း တွင် တပ်မဟာ () နယ်မြေ ရှိ လောခီး လာ ခေါ် လေးဝါး စခန်း တွင် စတင်ကျင်းပခဲ့ သည်ဟု ဗဟိုအမြဲတမ်း ကော်မီတီ ၀င် တဦးဖြစ်သူ ပဒိုအောင်မော် အေး က ဆိုပါ သည်။

အစည်းကတော့ ()ရက်လောက် ကြာနိုင်မယ်။ ကျနော်တို့ အဓိက ဆွေးနွေး ကြမှာက NCCT ကနေ ချမှတ်ထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို ကျနော်တို့  ဗဟိုအမြဲတမ်း ကော်မီတီကို ပြန်လည် ရှင်း ပြတဲ့ အရေး ပေါ် အစည်း အဝေး ဖြစ်ပါတယ်။ အသေးစိပ် ကတော့ အစည်း အဝေးပြီးမှဘဲ သိရပါ လိမ့်မယ်။ဟု ဆိုပါသည်။
 
KNU ဗဟိုအမြဲတမ်း ကော်မီတီ ၀င်များသည် တိုင်းရင်းသား လက်နက်ကိုင် များ၏ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အဖွဲ့ (NCCT) ၏ ချမှတ် ထားသည့် မူဘောင်ကို ပြန်လည် ကြားနာရန်ပြီး လိုအပ်သည်များ ထပ်မံ အကြံပေးနိုင် စေရန် အရေးပေါ် အစည်းအဝေး ခေါ်ခြင်းဖြစ် သည်ဟု ဆိုပါသည်။ 

ထို့အပြင် KNU ဒေသတွင် ကောက်ခံရန် ရှိသည့် သန်း ခေါင်စရင်း ကောက်ယူရေး ကိစ္စတွင်လည်း အမြင် မကြည်ဘဲ ၀ိဝါဒ ကွဲပြား နေမှု များကို ပါ ဆွေးနွေး ကြရန် ရှိပြီး လက်ရှိ နိုင်ငံရေး အခြေအနေ များကိုလည်း  ပြန် လည် သုံးသပ် ကြမည် ဖြစ်ပါသည်။

KNU ဗဟိုအမြဲတမ်း ကော်မီတိသည် အဖွဲ့ဝင် (၄၈) ဦးရှိပြီး ထိုထဲမှ (၄၅)ဦး တက်ရောက် ကြပါသည်။ (NCCT) အဖွဲ့ သည် လာမည့် ဧပြီလ ပထမ အပါတ်တွင် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော် မီတီ (UPWC)အဖွဲ့နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း ကိုအချော သတ်ဆွေးနွေး ရန်ရှိနေ ပါသည်။

ဤအဖွဲ့တွင် KNU အထွေထွေ အတွင်းရေးမှူး  ပဒိုကွယ် ထူးဝင်း ကဦးဆောင်ပြီး ကော်မီ တီဝင် ()ဦးနှင့် အတူ သွားရောက် ဆွေးနွေး ရန်ရှိ ပါသည် ။NCCT သည်ပြီး ခဲ့သည့် ဇန္နာဝါရီအကုန်ပိုင်းတွင် KNUနယ် မြေရှိ လောခီးလာစခန်း ၌ကျင်း ပပြီးစီးသွား သည့် တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့ များ၏ ဒုတိယ အကြိမ် ညီလာ ခံမှ ဆုံးဖြတ် ချက်များ အတိုင်း ဆွေးနွေးကြ မည်ဖြစ်သည်။

KNU ဗဟိုအမြဲတမ်း ကော်မီတီ အစည်း အဝေးသည် NCCT ကိစ္စသာ ဆွေးနွေးကြ ရန်ဖြစ်ပြီး သီးခြားဆွေး နွေးစရာ မရှိဟုဆို ပါသည်။ အစည်းအဝေး ကိုဥက္ကဌနှင့် အထွေထွေ အတွင်းရေး မှူးအပါဝင် အရေး ကြီး ပုဂ္ဂိုလ်များ တက် ရောက်ကြ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။