Tuesday, July 22, 2014

P.S.L.F ၏ သဘောထား ထုတ်ပြန်ကြေညာချက်

(ရွှေဟင်္သာသတင်းဌာန)

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A
ဗဟိုကော်မတီ ၆လပတ်အစည်းအဝေးသဘောထားထုတ်ပြန်ကြေညာချက်  

၁၇ ရက်၊ ဇူလိုင်လ၊၂ဝ၁၄ ခုနှစ်။                                                          ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၄§၀၅§ဌနခ-၁၄
၁။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A ဗဟိုကော်မတီ (၆) လပတ်အစည်း အဝေးကို ဗဟိုကော်မတီဝင် (၂၁) ဦးရှိသည့်အနက် (၂၀) ဦး၊ အရံဗဟိုကော်မတီ(၃)ဦး၊ အရာရှိတပ်မှူးများ၊အထူးဖိတ်ကြား သူများနှင့်လေ့လာသူ (၁၅) ဦး စုစုပေါင်း (၃၈) ဦးတက်ရောက်ကာတပ်ဦး၏ ဗဟိုဌာနချုပ်ရုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ လေးရက်တိုင် တိုင်အောင်မြင် စွာပြုလုပ်ကျင်း ပခဲ့ပါသည်။

၂။ တပ်ဦး၏ (၆) လပတ်အစည်း အဝေးကြီးတွင် နိုင်ငံရေး ၊စစ်ရေးလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်း ဌာနများ၊ စစ်ဦးစီးတပ်ရင်း တပ်ဖွဲ့များ ပြင်ဆင်တိုး ချဲ့ခြင်း၊ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ကို ဗဟိုကော်မတီဝင် များနှင့်အတူအစည်းအဝေးတက်ရောက်သူများအားလုံး ရင်းနှီးပွင့် လင်းစွာဆွေးနွေးဆောင် ရွက် ခဲ့ကြပါသည်။
၃။ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်အစရှိသည့်တအန်းတပ်မတော်အခြေစိုက်ရာ တအန်းဒေ သအတွင်းတွင် မြန်မာအစိုးရတပ်မှ ဒေသအခြေစိုက် ရမခလက် အောက်ခံတပ်ရင်းများ၊ စကခ (၁)၊ စကခ(၁၆)၊ ကွတ်ခိုင်-ဒစက၊ လောက်ကိုင်-ဒစက လက်အောက်ခံ တပ်ရင်းများ အပြင် (၁၁)၊ (၅၅)၊ (၇၇)၊ (၈၈)၊ (၉၉) အစရှိသည့်တပ်မများ၏လက်အောက်ခံတပ်ရင်းများ စုစုပေါင်း တပ်ရင်း (၆၀) ကျော်ထိုးစစ်ဆင် လှုပ်ရှားလျှက်ရှိသည်။၂၀၁၄ ခုနှစ် ၆ လတာကာလအတွင်း တအန်းတပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့တိုက်ပွဲထိတွေ့မှုအကြိမ် (၁၀၀) ကျော်ဖြစ်ပွားခဲ့ပြီး၊ မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူးအရာရှိများ အပါအ၀င် စုစုပေါင်း ၁၇၈ ဦးကျဆုံးပြီး ၁၀၀ကျော်ထိခိုက်ဒါဏ်ရာရှိခဲ့သည်။ ထိုတိုက် ပွဲများအတွင်း မိမိတို့ တအန်း တပ်မတော်မှ (၁၀)ဦး အမျိုးသား လွတ်မြောက်ရေး အတွက်အသက်ပေး လှူခဲ့ပြီး (၁၂) ဦးထိခိုက်ဒါဏ် ရာရရှိခဲ့သည်။
၎။ တအန်းဒေသ အတွင်းမြန်မာတပ် ထိုးစစ်များပြင်း ထန်နေခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်း အတာအပစ်အခတ် ရပ်စဲရေးသဘော တူညီချက်ရရှိရန် ယုံကြည်မှုများ ပိုမိုပျက်ပြားစေပါသည်။ မိမိတို့ P.S.L.F/T.N.L.A အနေဖြင့် လက်ရှိပြည်တွင်းစစ်မီးကြီး ငြိမ်းသတ်နိုင်ရန် အတွက်နိုင် ငံရေးတွေ့ဆုံဆွေးနွေး ပွဲမှတဆင့် တွေ့ဆုံဆွေးနွေးရေး အတွက်ဆက်သွယ်ကြိုးပမ်းခဲ့သော်လည်း မြန်မာအစိုးရဖက် မှရှောင်လွှဲမှုများကြောင့် နှစ်ဖက်အကြားတွေ့ဆုံဆွေနွေးမှု ရပ်တန့်နေဆဲဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသောပြည်တွင်းစစ်မီး၊ လူမျိုးရေး ဘာသာ ရေးပဋိပက္ခ၊ လယ်ယာမြေ သိမ်းမှု ပြဿနာများ၊ မီဒီယာကန့်သတ်ဖိနှိပ်မှုများ အစရှိ သည့်ပြဿနာရပ်များ၏ အဓိက တရားခံမှာမြန်မာ စစ်ခေါင်းဆောင်များနှင့် ဦးသိန်းစိန် အစိုးရအဖွဲ့တို့ပင်ဖြစ်ပြီး အာဏာရှင် စနစ်ဆက်လက် တည်မြဲ စေသည့်လုပ်ရပ်များပင်ဖြစ်သည်ဟု အစည်းအဝေးကြီးကသုံးသပ်လိုက်ပါသည်။

၅။ ထိုကြောင့် P.S.L.F/T.N.L.A နိုင်ငံရေးလုပ်ငန်းစဉ်များပြင်ဆင်ချမှတ်ခြင်း၊တအန်းတပ်မတော်ကြီး၏ စစ်ဗျူဟာအမှတ် (၁)၊ (၂) နှင့် (၃) တို့ကို တပ်မဟာ (၁)၊ (၂)နှင့် (၃) အဆင့်သို့ တိုးချဲ့ဖွဲ့စည်းကာ တအန်းဒေသ မိဘပြည်သူများနှင့်အတူတအန်းအမျိုးသားတော်လှန်ရေး ရည်မှန်းချက်ပန်း တိုင်ပိုမို လျှင်မြန်စွာ ရောက် ရှိနိုင်ရန် ဆက်လက် တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီ (၆) လပတ် အစည်း အဝေးကြီး၏ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာ လိုက် ပါသည်။
ဘ်ုပ်ဘိုန်ကုင်တအာင်း
        ဗဟိုကော်မီတီ
  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(P.S.L.F/T.N.L.A) 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။