Saturday, July 19, 2014

နယ်မြေစိုးမိုးရေးစီမံကိန်း နေပြည်တော်အစိုးရထံ SSPP/SSA မေးခွန်းထုတ်

(သျှမ်းသံတော်ဆင့်)

သဘောတူညီချက်များအား သျှမ်းပြည်တပ်မတော် SSPP/SSA ဖေါက်ဖျက်သည်ဟု အစိုးရ၏ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်စွပ်စွဲပြီးနောက်ပိုင်း - ‘ မြန်မာ့တပ်မတော်၏ နယ်မြေစိုးမိုး ရေး ဆောင်ရွက်နေခြင်းသည် လက်နက်ကိုင်ပဋိပက္ခများကို လျှော့ချနိုင်ပါမည်လော’ ဆိုသည့်မေးခွန်း အား  သျှမ်းပြည်တပ်မတော် SSPP/SSA က နေပြည်တော်အစိုးရထံ မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။



မြန်မာ့တပ်မတော်မှထိုးစစ်ဆင်ကာ နယ်မြေစိုးမိုးရေးဆောင်ရွက်နေခြင်းသည် လက်နက်ကိုင် ပဋိပက္ခ များကို လျှော့ချနိုင်ပါမည်လော။နှစ်ပေါင်း  ၆၀ ကျော်တဘက်နှင့်တဘက် ယုံကြည်မှု ပျက်ပြားလာနေ သည် ကို ယုံကြည်မှုရရှိလာအောင် တည်ဆောက်နိုင်ပါမည်လော ဆိုသည်ကို လေးလေးနက်နက် စဉ်း စားဖြေ ကြား ပေးစေလိုပါသည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ၂ နှစ်ကျော် ကာလ အတွင်းတပ်မတော်၏ နယ်မြေစိုးမိုးရေးအကြောင်းပြသော စစ်ဆင်ရေးများသည် ပြည်သူလူထု များ အကျိုးအတွက်လော သို့မဟုတ် လူတဦးတယောက်၏ အကျိုးအတွက်လော ။လူတစု၏အကျိုး အတွက် လော-  ဟူသည့် နေပြည်တော် အစိုးရ ကိုမေးထားသည့်  မေးခွန်းများပါဝင်သော သဘောထား ထုတ်ပြန်ကြေငြာချက်တစောင်ကို SSPP/SSA မှ ဂျူလိုင် ၁၈ ရက် စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဂျူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က - “တပ်မတော်အနေဖြင့် ငြိမ်းချမ်ရေးဆောင်ရွက်ရာတွင် မူ ၆ ချက်ချမှတ်ဆောင်ရာ - တပ်မတော် စစ် ကြောင်း နယ်မြေစိုးမိုးရေးဆောင်ရွက်သည့် နယ်မြေတွင် SSA (ဝမ့်ဟိုင်း) အဖွဲ့က အဆိုပါနယ်မြေ အတွင်း ဝင်ရာက်လာခြင်း၊ တပ်မတော် စစ်ကြောင်းများအား အလစ်ငိုက်တိုက်ခိုက်ခြင်း၊ သဘောတူ ညီသည့် ကတိကဝတ်များ အကြိမ်ကြိမ်ဖေါက်ဖျက်နေခြင်း ” --- စသဖြင့် ပြောဆိုစွပ်စွဲခဲ့ခြင်းဖြစ်သည်။

ထိုအခြေအနေကြောင့် ယနေ့တိုင် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အစိုးရ တပ်မတော် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့  စစ်ရေးအထူးတင်းမာနေဆဲဖြစ်သည်။

ထို့ကြောင့် သျှမ်းပြည်တပ်တော် SSPP/SSA အနေဖြင့် - ပင်လုံကတိဖေါက်ဖျက်မှုကြောင့် နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားပြည်သူအတိဒုက္ခရောက်နေရေး၊ ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် သဘောတူ ညီချက်များ တိကျစွာလိုက်နာဆောင်ရွက်ရေး --- စသည့်အချက်အများအပြင် ဒု-ကာကွယ် ရေး ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် မှ လွှတ်တော်အတွင်း ဖြေရှင်းချက်များသည် ဒေသအတွင်းဖြစ်ရပ် နှင့် ပြဒါးတလမ်း သံတလမ်းဖြစ်နေကြောင်း - ဖြေရှင်းချက် ၇ ချက် နှင့်အတူ သဘောထား ၅ ချက် ထုတ်ပြန်ကြေငြာခဲ့သည်။

သဘောထား ၅ ချက်မှာ - အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရမည်၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှု ရရှိစေရန် - နှစ်ဘက်နေထိုင်ရသည့်နေရာများ သတ်မှတ်ရမည်၊ လိုက်နာရမည့်ကျင့် ဝတ်များရေး ဆွဲရမည်၊ သဘောတူညှိနှိုင်းရန် ရက်သတ်မှတ်ရမည် ၊ ငြိမ်းရေးဆိုင်ရာဆွေးညှိနှိုင်းရေး မူဘောင် ရေးဆွဲရမည်၊ နှစ်ဘက်သဘောတူလက်ခံမည့်အခြေအနေအောက်တွင် နိုင်ငံရေး စေ့စပ်ညှိနှိုင်းရမည်၊ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ခေါင်းဆောင်မှုပေးနိုင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းပြီး နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ဆုံးဖြတ်သွားရန် စသည်တို့ ဖြစ်သည်။


SSPP/SSA ၏ သဘောထားထုတ်ပြန်ကြေငြာချက်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။