Thursday, July 24, 2014

SSPP/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲများပြန်လည်ဖြစ်ပွားဖွယ်ရှိ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့ နယ်ရှိ တာ့ဖါဆောင် တံတား အခြေချ SSPP/SSA  တပ် စခန်း အစိုးရ တပ် ထပ်မံ တိုက်ခိုက် ဖွယ်ရှိကြောင်း ဒေသ အတွင်း သတင်း ရပ်ကွက် ကပြောသည်။

သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာ အုပ်စု SSPP/SSA မှ လုံခြုံရေး ယူထားသည့် တာ့ဖါဆောင် တံတား တပ်စခန်း အနီးဝန်းကျင် ၌ အစိုးရ တပ်မတော် စစ်ကြောင်းများက လှုပ်ရှားမှု ပြန် လည်စတင် လာသောကြောင့်  ယမန်နေ့က တိုက်ပွဲဖြစ် လုနီးပါးဖြစ်ခဲ့ကြောင်း ရှေ့တန်း တပ်မှူးက ပြောသည်။

“ဟာ့ဝမ့်ကျေးရွာအုပ်စုဘက်တော့ ငြိမ်သွားပြီ။ အစိုးရတပ် ဆုတ်သွားတော့ စစ်ရှောင်လူထုကို နေရပ် ပြန်ဖို့  လိုက်လံစည်းရုံးနေတယ်။ ဒါပေမယ့် ဒီဘက် တာ့ဖါဆောင်တော့ တရက်မဟုတ် တရက်ပစ်မှာ ဘဲ။ မနေ့ကတောင် ထိပ်တိုက်ဖြစ်လုနီးနီးဘဲ။ ကျနော်တို့တပ်နားကို အရမ်းကပ်လာလို့လေ။ အစိုးရစစ် ကြောင်းက ငြိမ်ငြိမ်မနေဘူး။ အကြောင်းအမျိုးမျိုးပြ ရန်ရှာနေတာ။  စခန်းနားအရမ်းနီးလာရင်တော့ ပစ်ရမှာဘဲ” - ဟု အမည်မဖေါ်လိုသည့်ရှေတန်း တပ်မှူးက ပြောသည်။

ဂျူလိုင် ၁၅ ရက်နေ့ထုတ် အစိုးရပိုင်မြန်မာ့အလင်းသတင်းစာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ငြိမ်းချမ်းရေးအလိုမရှိသည့် သျှမ်းပြည်တပ်မတော် SSPP/SSA သည် နယ်မြေစိုးမိုးရေးလုပ်နေသည့် တပ်မတော်စစ်ကြောင်းအား အကြိမ်ကြိမ် အလစ်ငိုက်တိုက်ခိုက်သည်။ နယ်ကျွံသည့်တပ်များလည်း  ဌာနချုပ်သို့ တပ်ဆုတ်ပြန်ရန်လုံလောက်သည့် အချိန်ပေး ထားသည် ဟု ပြောပါသည်။

“တပ်ဆုတ်ဖို့တော့မဖြစ်နိုင်ဘူး။ ဒါကနယ်ကျွံနေထိုင်တာလဲမဟုတ်ဘူး။ ဗိုလ်ချုပ်ကျော်ညွန့်က အပစ် ရပ် စာချုပ်ကိုမလေ့လာဘူးထင်တယ်။ ပဏာမ အဆင့် သဘောတူညီချက် ၁။(ခ) မှာ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော်ကို ဝမ့်ဟိုင်းတွင်အခြေပြု၍ လက်ရှိဖြန့်ခွဲထားသောနေရာများ တွင် ယာယီအခြေပြုနေထိုင်ရန်သဘောတူသည်။ - လို့ပါရှိတယ်လေ” - ဟု ဌာနချုပ်ရုံးအရာ ဗိုလ်ကြီး ဖှလျှပ် က ပြောသည်။

တာ့ဖါဆောင်တပ်စခန်း၊ ဝမ့်တပ် တပ်စခန်းများအား အစိုးရတပ်မှ ဂျွန် ၂၆ ရက်နေ့မှ စတင်တိုက် ခိုက်သောကြောင့် ဝမ့်ဝပ်ရွာမ ဘုန်းကြီးကျောင်းသို့ ဒေသခံ ၂၇၀ ကျော် စစ်ဘေးရှောင် နေရပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။