Friday, April 19, 2013

ချစ်ကြည်ရေး ခရီးစဉ် အတွက် တိုင်းရင်းသားများကို တရုတ်ဖိတ်ကြား

(ရွှေဟင်္သာသတင်းဌာန)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီသည် တရုတ်ပြည်ကို လာရောက်လည်ပတ်ရန်  ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသားပါတီ တချို့ကို ဖိတ်ကြားခဲ့သည်ဟု ဖိတ်ကြား ခံထားရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ အထွေအထွေ အတွင်းရေးမှုး စိုင်းလှကျော်က ပြောပါသည်။

“မနက်ဖြန် သွားရမဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ တရုတ်ဘက်က ဘာပြောမှာလဲတော့ မသိသေးဘူး။ ကျနော်တို့ အစိုးရ ကိုယ် စားလှယ် အဖွဲ့ ဘက်ကတော့ ဒီဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို တရုတ်အစိုးရက တာဝန်ယူ ဖြေရှင်း ပေးဖို့ သွားရောက် တင်ပြတဲ့ အစီစဉ်ရှိပါတယ်။” ဟုဆိုပါသည်။


ကိုယ်စားလှယ်များသည် မနက်ဖြန် ရန်ကုန်မြို့မှ စတင်ထွက်ခွား မည်ဖြစ်ကြောင်း ၊ ဖိတ်ကြားခံရသည့် တိုင်းရင်းသားပါတီ တို့မှ တစ်ဖွဲ့လျှင် (၂) ဦးစီ သွားရောက်ကြမည် ဖြစ်သည်။

တရုတ်သံရုံးမှတဆင့် ဖိတ်ကြားထားသော တိုင်းရင်းသားပါတီများမှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဝင် ပါတီဖြစ်သည့် မွန် ဒေသလုံး ဆိုင်ရာ ဒီမိုက ရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ဖြစ်ပါသည်။ ၄င်း အပြင် အမျိုးသားဒီမိုကရေစီ အင်အားစုများနှင့်  တိုင်းရင်းသား စည်းလုံးညီညွန့်ရေး ပါတီ တို့ကိုလည်း ဖိတ်ကြားခဲ့ပါသည်။ 

တရုတ်ပြည် ကွန်မြူနစ်ပါတီသည် မြန်မာ့ နိုင်ငံရေး ပါတီများကို လွန်ခဲ့သည့် လက ဖိတ်ကြားခဲ့ပြီး တရုတ်ပြည်သို့ ပထမဦးဆုံးအကြိမ် သွားရောက်သည့် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါသည်။ မြန်မာအစိုးရကလည်း ဤခရီးစဉ် လုံခြုံချောမွေ့ စေရေး နှင့် လိုအပ်ချက်များ တင်ပြနိုင်ရန် အတွက် ဦးဆောင် စီစဉ်ပေးခဲ့ပါသည်။

“ အစိုးရအဖွဲ့ ကိုယ်စားလှုယ်တွေကတော့ တရုတ်ရဲ့အကြီးစား လုပ်ငန်းတွေကြောင့် လိုအပ်သွားတဲ့ ဒေသဖွံ့ဖြိုးမှု လုပ်ငန်း တွေ ဆောင်ရွက်ပေးဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ ဒီခရီးစဉ်ကြောင့် မနေ့တစ်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ကျနော်တို့ ရခိုင်ပြည် နယ်က ဓါတ်ငွေ့ ပိုက်လိုင်း ကန့်ကွက်ခဲ့ တာတွေကိုလည်း ပြေလည်သွားစေလိမ့်မယ် ဆိုတဲ့ အစီအစဉ်နဲ့ တရုတ်အစိုးရထံ တင်ပြသွားဖို့ ဖြစ်ပါတယ်”ဟု ဆိုပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ ရှမ်းပြည်မြောက်ပိုင်း တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဖြစ်ပေါ် နေသည့် မြေယာလျှော်ကြေးပြသနာများ၊ လုပ်အားခနှုန်းထားများ၊ အလုပ်သမား သက်သာချောင်ချိရေးများ ကျန်မာရေး စောင့်ရှောက်မှုများ နှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် ရရှိရေးတို့ကို ဦးစားပေးပြီး တရုတ်အစိုးရထံ တင်ပြရန် မြန်မာ အစိုးရအဖွဲ့က ရည်ရွယ်ထားသည်ဟု စိုင်းလှကျော်က ပြောပါသည်။

ကြေးနီတောင် နမူနာများကို စံထားပြီး ရင်းနှီးမြှုပ်နှံသော နိုင်ငံခြား ကုမဏီများသည် ရင်းနှီးမြှုပ်နှံရာတွင် လိုအပ်သော အပြင်အဆင်များ ပြည့်စုံရေးနှင့် တာဝန်ခံမှုအပြန်အလှန် ရှိရေး အပါဝင် အာမခံချက်ရှိသော သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ကိုပါ စောင့်ရှောက်ရန် လိုအပ်လှပါသည်။ 

တရုတ်ကွန်မြူနစ်ပါတီသည် ပါတီချင်း အပြန်အလှန်ဆက်ဆံရေး မူအရ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများကို ချစ်ကြည် ရေးခရီး စဉ်အဖြစ် ပထမဆုံး ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။