Friday, May 8, 2015

NCCT နှင့် UPWC တို့၏ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမူကြမ်း ၀ တပ်ဖွဲ့လက်မခံ

(သျှမ်းသံတော်ဆင့်)

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ် ပန်ဆန်းမြို့တွင် ၅ ရက်ကြာ ကျင်းပ သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံ၌ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမူကြမ်းကို လက်မခံနိုင်ကြောင်း ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက ပြောဆို လိုက်ပါသည်။

မေလ ၁ ရက်နေ့ မှ  ၆ ရက်နေ့ အထိ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၅ ရက် အစည်း အဝေးတွင် ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက မိန့်ခွန်းပြောကြားရာ၌ ထိုသို့ပြောဆို လိုက်ခြင်းဖြစ်ပါသည်။


ပေါက်ယူချန်း၏ မိန့်ခွန်းတွင် အချက် ၃ ချက်ပါရှိပြီး မတ်လ ၃၁ ရက် အပစ်အခတ်ရပ်စဲ ရေးဆိုင် ရာညှိနှိုင်းဆောင်ရွက်ရေးအသင်း NCCT  နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ် ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC တို့ အတည်ပြုခဲ့သော တနိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး NCA မူကြမ်းသည် လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေနှင့်ပြဿနာ များကိုဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် လက်ခံနိုင်ခြင်းမရှိကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက်ယိုချန်းကပြောသည်။


တွေ့ဆုံပွဲပထမနေ့တွင်လည်း ပေါက်ယူချန်းက ၀ပြည်နယ် ကို အသိအမှတ်ပြု ထောက်ခံ ပေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များအား တောင်းဆိုခဲ့သေးသည်။


အစည်းအဝေးကို မေလ ၆ ရက်နေ့တွင် အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီး အချက် ၁၂ ချက်ပါ ကြေငြာချက်ကိုပါ ထုတ်ပြန်မည်ဟု သဘောတူဆုံးဖြတ်ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။