Friday, September 27, 2013

အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အခြေအနေ အပေါ် KNPP ပြန်သုံးသပ်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူထားခြင်းသည် မရေမရာနှင့် အဆုံးသတ်ရန်ရှိပြီး အစိုးရ၏ အကျိုးစီးပွား အတွက်သာ ဖြစ်ကြောင်း တိုင်းရင်းသားများ အသုံးချခံ အခြေအနေ ဖြစ်နေရသည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ၏ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ဆိုပါသည်။ 

တကယ်လို့နောက်ထပ် တကြိမ်တွေ့ဆုံခဲ့ကြမယ် ဆိုရင် တိကျပြီး ရေရာတဲ့အဖြေ တစ်ခု ရမှ သာလျှင် လက်မှတ် ထိုးဖို့ စဉ်းစားသင့်တယ်လို့ မြင်တယ်။ လက်မှတ် ထိုးပေမယ့် ရေရာတဲ့ အဖြေ မထွက်ခဲ့ရင် ခိုင်မာတဲ့ အာမခံချက် မရှိရင် လက်မှတ် ထိုးတာက အစိုးရ အတွက် ကမ္ဘာကို ပြသဖို့အတွက်လောက်ပဲ အကျိုးဖြစ်ထွန်း စေတယ် တိုင်းရင်းသားတွေ အတွက် ဘာမှ အကျိုး ဖြစ်ထွန်းမှု မရှိဘူးလို့အမြင်မျိုး သုံးသပ်ကြပါတယ်” ဆိုပါသည်။


ယင်းသုံးသပ်ပွဲသို့ KNPP ဗဟို ကော်မီတီ များသာ တက်ရောက်ကြပြီး အချင်းချင်းကြား အတွင်းရေး အဖြစ် သဘောထား ကြပြီး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ၏ အခြေအနေ များပါ သုံးသပ် ကြပါသည်။ ထို့အပြင် တခြား UNFC အဖွဲ့ဝင်များနှင့် ပူးပေါင်း သုံးသပ်ရန်ရှိပြီး အနာဂတ် အတွက် ဆုံးဖြတ်ရန် ရှိသည်ဟု ဆိုပါသည်။ 

လက်ရှိ အခြေအနေတွင် မရေမရာနှင့် အဆုံးသပ်သွားမည့် အနေအထားတွင် ရှိနေကြောင်း။ KNPP သည် ပြည်နယ် အဆင့်တကြိမ်နှင့် ပြည်ထောင်စု အဆင့်တွင် နှစ်ကြိမ် ပေါင်း (၃) ကြိမ်ဖြင့် လက်မှတ် ထိုးထားသော်လည်း တိကျရေရာသည့် အဖြေ တခုမျှ မရခဲ့ကြောင်း ၊ အလားတူစွာပင် UNFCအဖွဲ့ဝင် များလည်း  ဤကဲ့သို့ ခံခဲ့ရသည်ဟု သုံးသပ်ခဲ့ပါသည်။ 

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ Nationwide ကို သုံးသပ် ရာတွင် ဦးအောင်မင်း၏ အပြောကို အခြေခံပြီး“ပြည်နယ် အဆင့်ကိုသာ ပြန်ပြီး confirm လုပ်မယ် လက်မှတ်ပြန်ထိုးမယ်” ဆိုသည့် စကားအရ အဓိပ္ပါယ် မရှိသော အကြောင်းချက် များကို ပြန်လည် လက်မှတ် ရေးထိုးရခြင်း သဘောကို ဆောင်သည်ဟု သုံးသပ်ကြပါ သည်။

တောင်ကြီး ညီလာခံမှာ ဦးအောင်မင်းက Nationwide ကို မသုံးတော့ပဲ National ceasefire agreement  လို့ ပြောင်း သုံးလိုက်တာကို တွေ့ရတယ် အဲဒါဟာ အစိုးရက အသုံးနှုန်းလေးတွေ ပြောင်းပြီးတော အဲဒီ ဝေါဟာတွေနဲ့ပဲ လုံးချ လိုက်တော့မယ့် အနေထားမှာ တွေ့ရတယ်” ဟု ဆိုပါသည်။  

အလားတူ KNU ကလည်း အပစ်အခတ် ရပ်စဲရေး ခိုင်မာစေရန် အတွက် Code of conduct ကို အစိုးရထံ တင်ပြထား သော်လည်း ရေရာသည့် အဖြေမရသလို RCSS နှင့်လည်း မကြာခဏ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးနေသည့် ကြားမှာပင် အစိုးရ တပ်ဖွဲ့များက မကြာခဏ သွားရောက် နေခဲ့ပါသည်။ 

 ကချင်ပြည်နယ်မှာလည်း ငြိမ်သက်သလို ထင်ရသော်လည်း အပြန်အလှန် စစ်ပြင်နေကြသည်ကို တွေ့ရကြောင်း သုံးသပ်ကြပါသည်။

အပစ်ရပ် ကာလအတွင်း အားသာချက်များမှာ လူထုများနှင့် လွတ်လပ်စွာ ထိတွေ့နိုင်ပြီး နိုင်ငံရေး အခြေနေများအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါသည်။ ထို့အပြင်  တခြား လက်နက်ကိုင် အဖွဲ့စည်းများနှင့် နိုင်ငံရေး ပါတီများအား တရားဝင် တွေဆုံပြီး နားလည်မှု တည်ဆောက်နိုင်ခဲ့ကြောင်း သုံးသပ်ခဲ့ပါသည်။

ဤကဲ့သို့ သုံးသပ်ခဲ့ကြပြီး KNPP ၏ရှေ့ရေးမဟာဗျူဟာများကို ချမှတ်နိုင်ရန် လိုအပ်သော အချက်အလက်များ စုဆောင်း သွားဦးမည်ဟု ဆိုပါသည်။ အထူးသဖြင့် တပြည်လုံးရှိ တိုင်းရင်းသား သဘောထားများနှင့် ပြည်တွင်း အတိုက် အခံများ၏ ကများပါ ထည့်သွင်း သုံးသပ် ဦးမည် ဖြစ်ပါသည်။ 

ယင်းသုံးသပ် ဆွေးနွေးပွဲကို KNPP ၏ နာမို ဌာချုပ်တွင် မနက် (၉)နာရီမှ ညနေ (၃) နာရီအထိ ဆွေးနွေး ခဲ့ကြကြောင်း ဆိုပါသည်။ KNPP သည် ၂၀၁၂ ခုနှစ် မတ်လတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး တိုက်ပွဲ တချို့ ဖြစ်ပွားမှုမှ အပ တည်ငြိမ် နေခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။