Sunday, September 29, 2013

အစိုးရတပ်မှ ပြည်သူ့စစ်စခန်းတွင်းကျူးကျော်ကာစခန်းပိုင်ပစ္စည်းများ ဖျက်ဆီး

(by-တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး)


ရှမ်းပြည် နယ်မြောက် ပိုင်း ၊ကျောက်မဲ ခရိုင်၊ မန်တုံမြို့နယ် တွင် အခြေ စိုက်သော ခလရ (၁၃၀) မှ ဗိုလ်ကြီးကျော်စွာ တိုးဝင်၊ ဗိုလ်ကြီးကျော်ဇေယျ တို့ နှင့် တပ်သား (၂) ဦးစုစုပေါင်း (၄)ဦးတို့ သည် မန်တုံမြို့ပြည်သူ့ စစ်ကုန်း သို့ (၂၈.၉.၂၀၁၃) ည ၁၀နာရီ ခွဲ တွင် ၀င်ရောက်ခြိမ်းခြောက် ရန်ရှာခဲ့ယုံမျှမက တပ်စခန်း ရုံးခန်း အတွင်း ပစ္စည်း များကို ပါ ရိုက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရသည်၊၊

ပြည်သူ့စစ်ကုန်း တွင် ပြည်သူ့ စစ်အင်အား (၄၀) ခန့်  အခြေစိုက် လှုပ်ရှားလျက်ရှိပြီး တပ်စခန်း ရုံး အပြင်ဘက် တွင် စိုက်ထူထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ် အား အကြောင်းပြချက်ဖြင့် တပ်စခန်း အတွင်းရှိ တာဝန်ရှိသူများ ထံခွင့်မတောင်းဘဲ စာရွက်စာ တမ်းနံရံချိတ်များမှတ်တမ်ပုံများ၊ ပိုစတာများ ဖယ်ရှားပစ်ခဲ့သည့်အပြင် ရုံးသုံး ပစ္စည်းများပါရိုက်ခွဲဖျက်ဆီးခဲ့သည်၊၊

အခြားအကြောင်းပြချက်မှာ လက်နက်ကိုင်တပ်များနှင့်ချိတ်ဆက်လှုပ်ရှားသည်ဟုဆိုကာ စခန်းတွင်းဝင်ရောက် ခြိမ်းခြောက်ဆဲဆိုသတိပေးသွားခဲ့သည်ဟု မျက်မြင်တစ်ဦးက အတည့်ပြုပြောဆိုသည်၊၊

ယင်းကိစ္စရပ်မပေါက်ကြားရန်အတွက် ခလရ(၁၃၀)တပ်ရင်မှုးဖြစ်သူ ဗိုလ်မှူးရဲဟိန်းက တာဝန်ယူဖြေရှင်းပေးမည် ဟု မန်တုံပြည်သူ့စစ်ထံ စကားကမ်းလှမ်းထားသော်လည်း ယနေ့အထိ မည်သည့်တုံ့ပြန်မှုမှ မရှိသေးကြောင်းသိရသည်၊၊

ပြည်သူ့စစ်ကုန်းသည် ယခင်က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(PSLA) ဧ၊၊် အုပ်ချုပ်ရေးကုန်းဟု လူသိများပြီး လက်ရှိတွင် တအာင်းစာပေနှင့်ယဉ်ကျေးမှုရုံးပါ ပူးတွဲအသုံးပြုနေသည့်ကုန်းဖြစ်သည်။ အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောင်ခံတအာင်းပြည်သူ့စစ်များ ပြန်လည်အခြေချထားခြင်းကြောင့် ပြည့်သူ့စစ်ကုန်း ဟု အမည်ပြောင်းလဲခေါ်ဆိုခြင်းဖြစ်သည်၊၊
ယခုကိစ္စသည်အစိုးရလက်အောက်ခံပြည်သူ့စစ် နှင့် အစိုးရတပ်ရင်းတို့  အချင်းချင်းအကြား ပထမဆုံးဖြစ်ပွားသော ပဋိပက္ခဖြစ်ကြောင်းသိရသည်၊၊

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။