Thursday, September 26, 2013

မွန်- ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် အစိုးရ ဆွေးနွေးမည်

(DVB)

အစိုးရနဲ့  အပစ်ရပ်ရေး သဘောတူ ထားတဲ့ မွန်နဲ့ကရင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့   ဦးအောင်မင်းခေါင်းဆောင် တဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အခုရက်ပိုင်း အတွင်း တွေ့ဖို့ရှိပါတယ်။

လာမယ့်  စက်တင်ဘာလ ၂၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ မွန် အမျိုးသားနှီးနှောဖလှယ်ပွဲကို  တက်ရောက်ရင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တွေ့ဆုံကြမှာပါ။


အစိုးရနဲ့ တိုင်းရင်းသားတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ မြန်မာ  ငြိမ်းချမ်းရေး စင်တာက  ဦးလှေမာင်ရွှေ ကေတာ့ မွန်နဲ့ကရင်ပြည်နယ်ထဲမှာ အဓိက လှုပ်ရှားနေတဲ့   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သေဘာ တွေ့ဆုံမယ်လို့ ပြောပါတယ်။

“စက်တင်ဘာ ၂၈ ရက်နေ့လယ်ပိုင်းမှာ အဲဒီဒေသထဲမှာရှိတဲ့ အပစ်ရပ် ၄ ဖွဲ့ မွန်ပြည်သစ်ပါတီရယ်၊ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရယ်၊ ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီရယ်၊ ဒီကေဘီအေရယ် ၄ ဖွဲ့ကို ၀န်ကြီး ဦးအောင်မင်းက ဖိတ်ကြားပြီးတော့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရှေ့ဆက်ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို  ဆွေနွးဖို့ရှိပါတယ်။”

မွန်တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကို  မော်လမြိုင်မြို့မှာ  စက်တင်ဘာ   ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပဖို့ရှိနေတာဖြစ်ပြီး  ဒီဆွေးနွေးပွဲမှာ  မွန်နိုင်ငံရေးပါတီတွေ  လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပက မွန်လူထု အေခြပြု အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။