Wednesday, September 4, 2013

သျှမ်းလူမျိုး အကြောင်း တစေ့တစောင်း

Written by  Shan News

သျှမ်းလူမျိုး တို့မှာ နန်ကျောက်၊ နန်ချောင်၊ (နန်ကျောင်း ဟုလည်း အရေးအသား ရှိသည်) မွန်ဂိုရိုက် အနွယ်ဝင် (သျှမ်း-တိုင်း)များ ဖြစ်သည်။ အေဒီ ၉ ရာစု အစ ဦးတွင် တရုတ် ထန်မင်း ဆက်၏ တန်းခိုးထွား လာမှု အောက်တွင်နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ)ပြိုလဲပြီး အင်အား နည်းပါ သွားခဲ့ရသည်။ 
သို့သော် အလုံးစုံ ပျက်စီး သွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်း ဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည် နေနိုင်ခဲ့သေးသည်။ 
 
တရုတ်ပြည်ကို မွန်ဂို (တာတာ)တို့က ၁၁-ရာစုတွင် သိမ်းပိုက် ခဲ့ပြီး နယ်ပယ်များ ဆက်လက် ချဲ့ထွင်ခဲ့ရာ ၄င်း သျှမ်း-တိုင်းတို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့ မွန်ဂိုတို့ ရန်ကြောင့် လူမျိုးစုကြီး ပြိုကွဲသည့် ရလာဒ် အဖြစ် တောင်ဖက် တစ်လျှောက် စုန်ဆင်း အခြေချ ခဲ့ရာမှ သျှမ်းလူမျိုး အဖြစ် ပေါ်ထွက်  လာကြသည်။ မြန်မာနိုင်ငံတွင် မြန်မာပြည် မြောက်ပိုင်းနှင့် ယခုသျှမ်းပြည်နယ်မှ သျှမ်းလူမျိုးများ အဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော (မှုန်း) လူမျိုးများ အဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်း လူမျိုးများ အဖြစ် လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။ 

 
သို့သော် သျှမ်းလူမျိုး များမှာလည်း ကချင် လူမျိုးများ ကဲ့သို့ပင် တောတောင် ထူထပ်သည့် ဒေသတွင် အခြေချ ခဲ့ကြသည့် သူများလဲ ရှိခဲ့သည့်အတွက် လူမျိုးစုငယ် အများ အပြား ကွဲပြား ခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာ စကားတို့ပါ အနည်းငယ်စီ ကွဲပြား ကြသည်။

 ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ   
သျှမ်းလူမျိုး များသည် မြန်မာနိုင်ငံတွင် မြန်မာပြီးလျှင် ဒုတိယ အများဆုံး လူမျိုးစု ဖြစ်သည်။ သျှမ်းပြည်နယ်တွင် သန်းကျော် နေထိုင်ပြီး၊ ကချင် ပြည်နယ်တွင် သိန်းကျော်၊ စစ်ကိုင်းတိုင်းတွင် ၁၀ သိန်းကျော်နှင့် အခြား တိုင်းနှင့် ပြည်နယ် များတွင်လည်း ပျံ့နှံ့စွာ နေထိုင်၍ လူမျိုးစု ၃၅ စု ပါဝင် နေထိုင်သည်။ သျှမ်းအမျိုးသား များသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွ ဘောင်းဘီရှည်နှင့် တွဲဖက်ဝင် ဆင်ပြီး ခါးတွင် ပုဝါစ စည်းနှောင်းလေ့ ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံး လက်ရှည် အင်္ကျီကို ပတ်လည်စင်း ပါသော ရိုးရာ လုံချည်နှင့် တွဲဖက် ၀င်ဆင်သည်။
 
ဇမ္ဗူတံဆိပ်ကျမ်း သျှမ်းလူမျိုးများ
ဇမ္ဗူတံဆိပ် ကျမ်းရင်းတွင် ဖော်ပြချက်အရ လင်း, သက်, ချင်း, ခုံ, ရင်, ကတူး, မြန်, အကျော်, ဂင်, သျှမ်း(၁၀)။ ဇ၀ါ, မျက်နှာမည်း, ကသည်း, ရေမီးထွက်, ကရက်, လ၀, လော, ပန်းလောင်, တရက်, ယွန်း (၂၀)။ စနု, ဘအူ, ကရင်, ကချင်, ဂနော, ယောန်, လ၀ိုက်, တရုပ်, ယိုးဒယား, အနဲ (၃၀)။ သျှမ်း (၃၄) မျိုး- သျှမ်း၊ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ကော်(အခါ-အီကော)၊ ကိုးကန့်၊ ခန္တီးသျှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ သျှမ်းကလေး၊ သျှမ်းကြီး၊ လားဟူ၊အင်းသား၊ အိုက်ဆွယ်၊ ပအို့ဝ် (တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ထိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောသျှမ်း၊ ၀ ။
 
ဘာသာနှင့်စာပေ
 တရုတ်ပြည်သို့ လည်းကောင်း၊ နန်ချိုသျှမ်းဒေသ သို့လည်းကောင်း၊ ထေရ၀ါဒ ဗုဒ္ဓ ဘာသာသည် 6 ရာစု ကတည်းက ရောက်ရှိနေကြောင်း တရုတ် မှတ်တမ်း ( DAI ARCHITECTURE ) ၌ ပါရှိသည်။ ချိန်းမိုင် ကမ္ဘောဒီးယားမှ တစ်ဆင့် ပင်လယ်လမ်း(သီဟိုဠ်) မှလာခြင်း ဖြစ်သည်ဟု ပါရှိသည်။ ထိုငေါက် (ပဲပင်ပေါက်) သျှမ်းစာမူ သည် ထိုအချိန်မှ ရှိလာသည်ဟု ဆိုပါသည်၊ ထိုကာလ၌ သျှမ်းများ ဗုဒ္ဓ ဘာသာဝင် ဖြစ်လာသည် အလျှောက် ဗုဒ္ဓ၀င်သျှမ်းစာ၊ သျှမ်းကဗျာ၊ သျှမ်းတရားတော်များ ရှိလာရပြီ။ ထို့ကြောင့် ၈-ရာစု အာသံ (အဟုမ်) ကိုသွားရောက် သိမ်းယူစဉ်ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓ၀င်သျှမ်းစာ၊ တရားစာ များလည်း ပါသွား ခဲ့သည်။
 
နှစ်သစ်ကူးပွဲတော်
နှစ်သစ်ကူး ပွဲတော် ဆိုသည်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိချင်းပင် ဖြစ်သည်။ နတ်တော်လတွင် သျှမ်းလူမျိုးတို့၏ နှစ်သစ်ကူးခြင်းကား သျှမ်းလူမျိုး များသည်သီးခြားပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွှန်းလျက် ရှိသည် သျှမ်းနှစ်သစ်ကူးပွဲတော် သမိုင်းအရ သာသနာတော်နှစ် ၄၅၀ (ဘီစီ ၉၄) တွင် သျှမ်းလူမျိုးများသည် "မူအန်မောဝ်" တိုင်းပြည်ကို တည်ထောင် ခဲ့သည်။ ထိုနှစ်သည် စတုတ္ထသင်္ဂါယနာ တင်သော နှစ်လဲဖြစ်သည်။ သောဏမထေရ်သည် သျှမ်းဒေသသို့ သာသနာပြု ကြွရောက်တော်မူခဲပြီး မဇ္ဈန္တိကမထေရ် ကပိဋကတ် သုံးပုံ များကို ယူဆောင် လာခဲ့သည် ထိုပိဋကတ် သုံးပုံ စတင် ရောက်ရှိ လာသော နှစ်ရက်ကို အစွဲပြု၍ နှစ်သစ်ကူး ပွဲတော်များ စတင် ကျင်းပ လာခဲ့သည်။

 တရုတ်မှတ်တမ်းအရ သျှမ်းနယ်များ
  • တပင်ရွှေထီး၊ဘုရင့်နောင်ကေတုမတီတောင်ငူရာဇ၀င်စဆုံး
  • သုတေသနသရုပ်ပြအဘိဓာန်ကျမ်း
  • ဇမ္ဗူတံဆိပ်ကျမ်း
အရှင်သုခမိန္ဒ (တန့်ယန်း)၏သျှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများစာအုပ်မှကောက်နှုတ်တင်ပြသည်။

ဆက်လက်ဖေါ်ပြပါဦးမည်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။