Tuesday, November 12, 2013

KNU တပ်မဟာ (၄) နှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့

(ရွှေဟင်္သာသတင်းဌာန)



မိတ်- ထားဝယ် ခရိုင် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့၏ ကိုယ်စာလှယ်များ နိုဝင်ဘာ (၈) ရက်နေ့၌ တွေ့ဆုံ ခဲ့ကြကာ ဒေသတွင်း အခြေ အနေနှင့် နှစ်ဖက် ပြသနာ များကို တင်ပြ ခဲ့ကြကြောင်း KNU ၏ မြိတ်-ထားဝယ် ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံက ပြောသည်။

“အဓိက ကတော့ အချက် (၄) ချက်ကို တင်ပြ တာပါ၊ မြေသိမ်း ယာသိမ်း ကိစ္စ၊ စာပေ သင်ကြားရေး ကိစ္စ ၊ နှစ်ဖက် တပ်တွေ စည်းကမ်း ကိစ္စ အဲဒါတွေ ကျနော်တို့ ဘက်က တင်ပြ ထားပါတယ်” ဟု တာဝန်ခံ စောဆာ့ဗီတူး မှ ပြောသည်။


တွေ့ဆုံ ပွဲကို KNU တပ်မဟာ (၄) မိတ်-ထားဝယ် ခရိုင်မှူး ပဒိုဘီးလယ် အပါဝင်ကိုယ်စားလှယ် (၅) ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီး ၀န်ကီးချုပ် ဦးမြတ်ကို အပါဝင် (၁၆) ဦးတို့ တက်ရောက် ခဲ့ကြ ပါသည်။

အချက် (၄) ချက် မှာ (၁၉၉၇) ခုနှစ်တွင် အစိုးရ စစ်တပ်တွေ ထိုးစစ်ဆင် မကြောင့် ပျက်စီး သွားသည့် ကရင် ကျေးရွာတွေပြန်လည် ရရှိရန်၊ နှစ်ဖက် တပ်ဖွဲ့များ သွားလာ လှုပ်ရှား ရာ၌ စည်းကမ်း တကျ ရှိရန်နှင့် ပြသနာ ဖြေရှင်း နိုင်ရန် ဆက်သွယ်ရေး ဌာန ဖွင့်လှစ်ရန်၊ (KNU) တပ်မဟာ (၄) အခြေစိုက် ဒေသ တွင်းရှိ ကရင် ရွာများရှိ ကျောင်းများတွင် ကရင်စာပေ သင်ကြား နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ် များကို နှစ်ဖက် အတူ ပူးတွဲ လုပ်ဆောင် သွားကြရေး တို့ကို တင်ပြ ခဲ့သည်ဟု စောဆာ့ဗီတူးမှ ပြေသည်။

ထို အဓိက အချက် (၄) ချက် အပြင် လတ်တလော ကရင် လူထုများ ကြုံတွေ့နေရသည့် ကရင်ကျေးရွာ လူထု လယ်ယာမြေ များအား သိမ်းဆည်း ထားသည့် အပေါ် မြေနေရာ ပြန်လည် ရရှိရေး ကိစ္စဒေသအတွင်း မသန့်ရှင်းသည့် ရေ ကိစ္စ ကိုလည်း နှစ်ဖက် ဆွေးနွေး ခဲ့ကြ ပါသည်။

ထို KNU အဖွဲ့မှ တင်ပြချက် များအနက် ၄င်းဒေသရှိ ကရင်ကျေးရွာ များရှိ ကျောင်းများတွင် ကရင် စာပေ သင်ကြားရေး ကိစ္စမှာမူ အစိုးရ သင်ရိုး ညွှန်းတမ်းအား ထိခိုက်မှု မရှိလျှင် သင်ကြား ပိုင်ခွင့် ရှိကြောင်း တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုမှ ပြန်လည် ဖြေကြား ခဲ့သည်။

အခြား အကြောင်းအရာ တင်ပြချက် များမှာမူ တဆင့်ခြင်း ဆက်လက် ညှိနှိုင်း သွားရမည် ဖြစ်ကြောင်း ဦးမြတ်ကိုက KNU ကိုယ်စားလှယ် အဖွဲ့အား ပြောဆို ခဲ့ပါသည်။

 ကရင်စာပေ သင်ကြားခွင့် ရတယ်လို့ ပြောတယ်ကျနော်တို့က ဒီနှစ်တော့ ဘယ်လိုမှ မဖြစ်နိုင် သေးဘူး ကျနော်တို့ အထက် လူကြီး အချင်းချင်းညှိနှိုင်းပီး သူတို့ပန်ညန်ကြား ဦးမှာပါ။ သင်ဖြစ် ရင်လည်း စကော ဘာသာကို အရင် စဖြစ်မယ် ထင်တယ်။ဥပမာ- ပိုးကရင် များတဲ့နရမှာ ပိုး စာပေကို သင်ကြားပီး စကော ကရင် များတဲ့နေရာမှာ စကော စာပေကိုသင်ကြား သွားမှာပါဟု စောဆာ့ဗီတူးမှ ပြောသည်။

ထိုကရင် စာပေ သင်ကြားရေး ခွင့်ပြု ခွင့်မှာလည်း အစိုးရကျောင်းများ၌ ၄င်းတို့ သင်ရိုး ညွှန်းတမ်းအား ထိခိုက်မှု မရှိစေရန် လိုက်နာ ရမည် ဖြစ်သောကြောင့် သီးသန့် ကရင် စာပေ သင်ကြားသည့် ကျောင်းများ အဖြစ် သီးသန့် ဖွင့်လှစ် သွားရရန် ရှိပြီး ထိုသို့ ဖွင့်လှစ် နိုင်ရေး အတွက် သက်ဆိုင်ရာ KUN ပညာရေး ကော်မီတီ များနှင့်လည်း ဆက်လက် ညှိနှိုင်း သွားရ ဦးမည် ဖြစ်သည်။

တနသာင်္ရီတိုင်းတွင်းရှိ KNU ထိန်းချုပ် ဒေသ မြိတ်-ထားဝယ် ခရိုင်တွင် ကရင် ကျေးရွာပေါင်း (၁၃၀) ကျော် ရှိသည် စာရင်း များအရ သိရှိ ရပါသည်။

သို့သော်လည်း ထိုကျေးရွာ တိုင်း၌ ကရင်စာပေ သင်ကြားနိုင်မည့် ကျောင်းများ သီးသန့် ဖွင့်လှစ် ရန်မှာ မဖြစ်နိုင်ပဲ လက်လှမ်း မီမည့် ကျေးရွာ များမှ စတင်ကာ ၄င်းအစီအစဉ်အား အကောင်အထည် ဖော်သွားရန် ရှိကြောင်း KNU မြိတ်-ထားဝယ် ခရိုင်မှူးမှ ဆိုပါသည်။

ကရင် အမျိုးသား အစည်းအရုံး KNU သည် လက်ရှိ ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသည့် အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်ကာ တောင်ငူ၊ ကျောက်ကြီး၊ ဘားအံ၊ မြဝတီ ၊ ဘုရားသုံးဆူ၊ ထားဝယ် မြို့ များတွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ် ထားပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။