Thursday, November 7, 2013

ပြည်နယ်လုံးဆိုင်ရာ သျှမ်းလူဦးရေကောက်ခံရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

 

နိုဝင်ဘာ ရ ရက် ယနေ့ သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့  ကျားငါးကောင်ဆေး တိုက်၌ သျှမ်းပြည်နယ် လုံးဆိုင်ရာ သျှမ်းလူဦးရေ ကောက်ခံရေးကော်မတီမှ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပသွား မည်ဟု မြို့ခံများထံမှ သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးတွင် သျှမ်းပြည်နယ်လုံးဆိုင်ရာ သျှမ်းလူဦးရေကောက်ခံမည့်အကြောင်းကို ဆွေးနွေးသွားမည်ဖြစ်ပြီး တစ်မြို့ နယ်လျှင် ကိုယ်စားလှယ် ၃ ဦးကျ အစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားထားသည် ဟု ဆိုပါသည်။


သျှမ်းပြည်အတွင်းရှိ သျှမ်းလူမျိုးစာရင်းကိုသာ အဓိကထားကောက်ယူခြင်းမဟုတ်ဘဲ အခြားတိုင်းရင်းသားများ၏ စာရင်းကိုပါ ကောက်ခံသွားမည်ဖြစ်ကြောင်း  သျှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီအတွင်းရေးမှူး စိုင်းစွမ်မိဏ်း ကပြောသည်။ 

“သျှမ်းလူဦးရေဘယ်လောက်ရှိသလဲ။  ပြီးတော့  သျှမ်းလူဦးရေစာရင်းတစ်ခုထဲ  ကောက်တာမဟုတ်ဘဲ သျှမ်းပြည်ထဲမှာ နေထိုင်တဲ့  အခြားတိုင်းရင်းသားတွေဖြစ်တဲ့  ဗမာ ၊ ကချင် ၊ ကယား ၊ ပအိုဝ်း   တွေကိုလဲ၊ စာရင်းကောက်ယူသွားမယ်။  သျှမ်းပြည်နယ်ထဲမှာရှိတဲ့ လူဦးရေစာရင်း တိတိကျကျသိချင်လို့လေ”  ဟု ပြောပါသည်။

သျှမ်းလူဦးရေစာရင်းကောက်ယူချိန်တွင်  မှတ်ပုံတင်မရှိသေးသူများ အတွက်လည်း မှတ်ပုံတင်လုပ်ပေးသွားမည်ဟု စိုင်းစွမ်မိဏ်းက ပြောပါသည်။ “ အဓိက ကတော့ သျှမ်းလူဦးရေ ဘယ်လောက်ရှိလဲ။ ပြီးတော့  နိုင်ငံခြားမှာရှိနေတဲ့  သျှမ်းတွေကဘယ်  ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့ပါ ” - ဟု ဆိုပါသည်။

သျှမ်းလူဦးရေစာရင်း ကောက်ယူရေးကော်မတီအား ယခုနှစ် သြဂုတ်စ်လ ၂၂ ရက်က  လားရှိုးမြို့ ၌ ပထမ အကြိမ်အစည်း အဝေးကျင်းပကာ ဖွဲ့စည်းခဲ့သည်။

ယင်းတွေ့ ဆုံဆွေးနွေးပွဲတွင် သျှမ်းပြည်အပြင် ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊  မန္တလေးတိုင်းတို့ ရှိ  သျှမ်းလူမျိုးစာရင်း
ကောက်ယူရေးကော်မတီတို့ နှင့် ပူးပေါင်းလက်တွဲအလုပ်လုပ်သွားမည်ဟုဆိုပါသည်။  သျှမ်းလူမျိုးဖြစ်နေလျက်နှင့် လူမျိုး နေရာတွင် အခြားလူမျိုးနာမည် မှားထည့်သွင်းထားခံရသူများအား မိမိဆန္ဒအတိုင်း ပြင်ဆင်ဖြည့်ဆည်းပေးရန် နှင့် အိမ် ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိသေးသူများ စာရင်းသွင်းပြုလုပ်ပေးရန် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ သျှမ်းပြည် တိုင်း ရင်းသား  လူမျိုးများစာရင်း အပြင် ပြည်ပရောက်သျှမ်းလူမျိုးများစာရင်းပါ  ကောက်ယူနိုင်ရေးအတွက် ချိတ်ဆက်ဆောင် ရွက်ရန် ဟူသော ရည်ရွယ်ချက် (၅) ချက်ရှိကြောင်း သိရပါသည်။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။