Thursday, April 3, 2014

“ဝ” နှင့် ရှမ်းပြည်နယ် တွင်းရှိ “လားဟူ” လူမျိုး များကိုလည်း သန်းကောင်စာရင်း ကောက်နေ

(ရွှေဟင်္သာသတင်းဌာန)

ထိန်းချုပ် ဒေသနှင့် ရှမ်းပြည် နယ် အတွင်း တွင် နေထိုင်သည့် လားဟူ လူမျိုးများ ကိုလည်း မတ်လ ၃၀ ရက်နေ့မှ စ၍ သန်းခေါင် စာရင်း စတင် ကောက် ယူ နေပြီး ဖြစ်ကြောင်း လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) မှ ပြောရေး ဆို ခွင့် ရှိသူ ကြာရင်ရှဲလ်က ပြောသည်။
 
ထိန်းချုပ် ဒေသမှာရှိတဲ့ လားဟူ လူမျိုး တွေကိုတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက် ကတည်းက ကြိုပြီး ကောက်ယူ ထားတာ ရှိတယ်၊ အခုကတော့ ရှမ်းပြည်နယ် ထဲမှာ ရှိတဲ့ လားဟူ လူမျိုး တွေကို သန်းခေါင် စာရင်း စကောက် နေပါ တယ်ဟု ကြာရင်ရှဲလ်က ဆိုပါသည်။


ရှမ်းပြည်နယ် အတွင်းရှိ လားဟူလူမျိုးများ နေထိုင်ရာ ဒေသ၌ သန်းကောင် စာရင်း ကောက်ယူ ရာတွင်အစိုးရ လက် အောက်ခံ လားဟူ ပြည်သူ့ စစ်များ၏ လုံခြုံရေး ယူပေးမှုဖြင့် သွားရောက် ကောက်ယူလျက် ရှိနေပြီး LDU လက်နက် ကိုင် တပ်ဖွဲ့ ဝင်များ ပါဝင်ခြင်း မရှိဟု ဆိုပါသည်။ 

လားဟူ လူမျိုးများသည် ထိန်းချုပ် ဒေသ အတွင်းနှင့် ရှမ်းပြည်နယ် တွင်းရှိ မြို့များတွင် ပြန့်ကျဲစွာ နေထိုင်လျက် ရှိကြောင်း LDU ပြောရေး ဆိုခွင့် ရှိသူ ကြာရင်ရှဲလ်မှ ပြောသည်။

အထူး သဖြင့် ရှမ်းပြည်နယ် တွင်းရှိ ကျိုင်းတုံ ၊ မိုးဆတ် ၊ မိုင်းဖြတ် ၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ် ၊ သန္နီ၊ မက်မန်းနှင့် မိုင်းခတ် မြို့နယ် တို့တွင် နေထိုင် ကြပါသည်။ မြန်မာနိုင်ငံ၌ စုစုပေါင်း လားဟူ လူမျိုး (၂) သိန်းကျော်ခန့် ရှိကြောင်း ခန့်မှန်းချက် များ၌ ဆိုကြပါသည်။

အစိုးရ၏ လက်ရှိ ဆောင်ရွက် နေသည့် နိုင်ငံ လုံးကျွှတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အား မူအရ လက်ခံ သော်လည်း လားဟူ လူမျိုးကို ရှမ်း မျိုးနွယ်စု ထဲမှာ ထည့်ထား ခြင်းကို လက်မခံကြောင်း ကြာရင်ရှဲလ်က ဆိုပါသည်။

ကျွှန်တော်တို့ ထုတ်ပြန်ချက် ထုတ်ထား တာလည်း ရှိတယ်၊ ကျွှန်တော်တို့ လားဟူ လူမျိုးကို ရှမ်းမျိုးနွယ်စု အောက်မှာ ထည့်ထားတာကို လက်မခံဘူး၊ အ ခုတော့ ပြောရင်လည်း နောက်ကျ သလို ဖြစ်နေပြီလေဟု ကြာရင်ရှဲလ်က ပြောသည်။

လားဟူ လူမျိုး များသည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အဖြစ် တောင်ယာ လုပ်ငန်းကို အဓိက လုပ်ကိုင် ကြသည့် အပြင် အမဲ လိုက်ခြင်း လုပ်ငန်း သည်လည်း လားဟူ လူမျိုး များ၏ ရိုးရာ လုပ်ငန်း တစ်ခု ဖြစ်သည်။ ယခုတွင် တောင်ယာ လုပ်သူများ အနေဖြင့် ဘိန်းစိုက်ပျိုးမှု များကို အဓိက   အသက်မွေး ၀မ်း ကျောင်း လုပ် ငန်း အဖြစ် လုပ်ကိုင် နေကြ ကြောင်း ကြာရင်ရှဲလ်က ဆိုပါသည်။

လားဟူ လူမျိုး များသည် စာတတ်မြောက်နှုန်း နိမ့်ပါးခြင်း၊ မြန်မာ ဘာသာ စကား နည်းလည် တတ်ကျွှမ်းမှု နည်းပါးခြင်း ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် လူဦးရေ စာရင်း ကောက်ယူ ရာ၌ ထိုအခက်အခဲများ ရင်ဆိုင် ရနိုင်ကြောင်း ၎င်းက ဆိုပါသည်။ 

လားဟူ လူမျိုး များသည် အိမ်နီးချင်း တရုတ် နိုင်ငံရှိ လန်းချန်း ဒေသတွင် အများဆုံး နေထိုင်ကြပြီး လူဦးရေ ငါးသိန်းခန့် ရှိမည်ဟု ခန့် မှန်း ကြပါသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ဒုတိယ အများဆုံး နေထိုင်ကြသည်။ တတိယ အများဆုံး အနေနှင့်မူ ထိုင်းနိုင်ငံရှိ ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်တို့၌ ဖြစ်ပြီး လူဦးရေ တစ်သိန်းကျော် ရှိသည်ဟု ခန့်မှန်း ထားကြသည်။ ထို့ပြင် လောနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံ တို့၌လည်း ပြန့်ကျဲ နေထိုင်လျက် ရှိကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။