Friday, October 18, 2013

တိုက်ပွဲများဆက်တိုက်ဖြစ်နေသောကြောင့် တအာင်းဒေသတွင်း ရွာလုံးကျွတ်ထွတ်ပြေး

(တအာင်းမြေ)

အောက်တိုဘာဒုတိယပတ်မှစပြီး ပလောင်ဒေသအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA နှင့် အစိုးရတပ်တို့ တိုက်ပွဲများအဆက်မပြတ် ဖြစ်လာသည့်အတွက် ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းရွာများရှိရွာသားများမှာ ဇာတိရွာတွင်မနေရဲကြတော့ပဲ အနီးရှိ မိုင်းယုလေး စစ်ပြေးဒုက္ခသည်စခန်းသို့ လူဦးရေ ၂၀၀ ကျော်နှင့် နမ့်ဖတ်ကာသို့ လူဦးရေ ၃၀၀ကျော် အပါအ၀င် ၉၀၀ ခန့်သော ရွာသားများသည်လည်းတောတောင်ကြားတွင်ပြေးပုန်းနေကြရကြောင်း ငေါ့ငါးရွာမှတာဝန်ရှိသူတစ်ဦးမှ ဆိုပါ သည်။ 
 
“တိုက်ပွဲတွေက စိပ်သထက်ပိုစိပ်လာတော့ ရွာမှာမနေရဲတော့ဖူး၊ ဒီအတိုင်းပဲ ထွတ်ပြေးလာတာ ဘာမှတောင်ယူမလာခဲ့ရဘူး အသက်ဘေးလွတ်အောင် ပြေးလာရတယ်လေ’’ဟုပြောဆိုခဲ့သည်။


၂၀၁၂-ခုနှင့် ၂၀၁၃-ခုမှ ဖြစ်ပေါ်သော စစ်ပွဲကြောင့်ပလောင်ဒေသ မန်တုံမြို့ပေါ်အပါအ၀င် တွန်းဟုန်း ရွာသို့ လည်းကောင်း၊ ကွတ်ခိုင်-ကာလိုင်ရွာဒုက္ခသည်စခန်း၊ မိုင်းယုလေး ဒုက္ခသည်စခန်း စသည်များ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်နေရကြောင်း၊ ဦးစွာရောက်ရှိနေသည့် ဒုက္ခသည်များမှ အိမ်ပြန်ရန် မျော်လင့်တကြီး မျော်နေပြင်ဆင်ချိန်မှာ ယခုကဲသို့ ဦးရေထပ်တိုးနေသည်ဟု လည်းသိ ရသည်။ 

၎င်းစစ်ပြေးဒုက္ခသည်များမှာ ယခုအခါတွင် စားစရာများအထူးလိုအပ်နေကြောင်းသိရသည်။ တအာင်းစစ်ပြေးဒုက္ခသည် အများစုမှာ ဒုက္ခသည်စခန်းနှင့်နီးစပ်ရာမြို့များတွင် မနေလိုကြပဲ တိုက်ပွဲသံများ ရပ်သွားသည် နှင့် နေရပ်သို့ ပြန်လိုကြသည် ဟုလည်း ပြောကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။