Tuesday, October 15, 2013

"တိုင်းရင်း သားများ ညီညွတ်ဖို့သာ အဓိက"

(ရွှေဟင်္သာသတင်းဌာန)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည် ၂၀၁၂ ခုနှစ် မတ်လတွင် အစိုးရနှင့် အပစ် အခတ် ရပ်စဲ ခဲ့ပါသည်။ အပစ် အခတ် ရပ်စဲရေး အတွက် ပြည်နယ် အဆင့် သဘော တူညီချက် (၅) ချက်နှင့် ပြည်ထောင်စု အဆင့် သဘော တူညီချက် (၁၄) ချက် တို့ဖြင့် စာချုပ် ချုပ်ဆို ခဲ့ပါသည်။

KNPP သည် ငြိမ်းချမ်းရေးကို လိုလားခြင်း အားဖြင့် နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ ဖြေရှင်း လိုသော စေတနာနှင့် အပစ်အခတ် ရပ်စဲ ခဲ့သည်မှာ အမှန် ဖြစ်ကြောင်း ဆိုပါသည်။ သို့သော်လည်း အစိုးရသည် ထိုသဘော တူညီချက် များကို ကြောခိုင်း ခဲ့ခြေပြီ။ တပြည်လုံး အပစ်အခတ် ရပ်စဲရေး အတွက် အသစ် လက်မှတ် ထိုးရန် လိုအပ် သည်ဟု ပြီးခဲ့သည့် စက်တင်ဘာ လဆန်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အား အသိပေး ခဲ့ပါသည်။ ထို့အတူ နောင်လာမည့် ဆွေးနွေးပွဲ များကိုလည်း UNFC အဖွဲ့နှင့် တွေ့ဆုံ တော့မည် မဟုတ်ဟု မွန်ပြည်နယ် မော်လမြိုင် မြို့ကျင်းပသော အပစ်ရပ် (၄) ဖွဲ့၏ ဆွေးနွေးပွဲ ပြုလုပ်ချိန်တွင် ၀န်ကြီး ဦးအောင်မင်း က ထုတ်ဖေါ် ပြောကြား ခဲ့ပြန် ပါသည်။


ဤသို့သော အခြေအနေ များကြောင့် KNPP သည် အစိုးရနှင့် ရယူ ထားသော အပစ်အခတ် ရပ်စဲ ရေးကို ပြီးခဲ့သည့် စက်တင် ဘာလတွင် ပြန်လည် သုံးသပ် ခဲ့ရပြီး ရရှိသည့် အခြေအနေ များကို ပြည်သူ များအား ရှင်းလင်း တင်ပြ လာခဲ့ရာ ယမာန်နေ့ တွင်လည်း ကရင်နီ ဒုက္ခသည် စခန်းထပ်မံ ရှင်းလင်း ခဲ့ပါသည်။

ယင်း ရှင်းလင်းပွဲတွင် KNPP ဒုတိယ ဥက္ကဌ ခူးဦးရယ်က “ ကျနော်တို့ ပြောနေ တာက အစိုးရ ကသာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို အရင် ကြေညာ ပေးပါလို့ တင်ပြ ခဲ့တယ်။ ၀န်ကြီး ဦးအောင်မင်း ပြန်ပြော တာက လက်မှတ် ထိုးပြီးမှ ကြေညာ မယ်လို့ ဆိုပါတယ်။ ဤသို့ကြောင့် အစိုးရနှင့် တဆင့်ပြီး တဆင့် သဘောထား ကွဲလာ သဖြင့် KNPP ၏ နောက်ဆုံး သဘော ထားကို သိရှိ နိုင်ရန် ဒုတိယ ဥက္ကဌ ခူဦးရယ်အား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

မေး။      အပစ်အခတ်ရပ်စဲရေးအခြေအနေနဲ့ပတ်သတ်ပြီးမနေ့က KNPPကလူထုရှင်းလင်းပွဲကျင်းပပြီး ရှင်း လင်းခဲ့ တယ်လို့ကြားတယ်အဲဒီအထဲမှာဆရာတို့ဘက်ကတပြည်လုံး အပစ်အခတ် ရပ်စဲရေးကိုအစိုးရ ဘက်ကအရင် ကြေညာ ပေးဖို့တောင်းဆိုတာ ဖြစ်တယ်အစိုးရ ဖက်က ပြောနေ တာကလက်မှတ် ထိုးပြီးမှကြေညာ မယ်လို့ ဆရာက ရှင်းလင်း ခဲ့တယ်ဆိုတော့ KNPP တောင်းဆိုတဲ့ အတိုင်းအစိုးရက မလိုက် လျောဘူး ဆိုရင်KNPP က လက်မှတ် မထိုးဘူး ဆိုတဲ့ သဘောလား

ဖြေ။      တတိုင်း ပြည်လုံးအပစ်အခတ် ရပ်စဲရေးသဘော ထားနဲ့ ပတ်သတ်ပြီး KNPP မှာရပ်တည်ချက် () ချက်ရှိ ပါတယ်ဒါပေမယ့်ရပ်တည် ချက်ကို UNFC အဖွဲ့ဝင် တွေနဲ့တပြေးညီ ဖြစ်အောင် ဆုံးဖြတ် သွားဖို့နဲ့ KNPP လက်မှတ်ရေးထိုးမယ်မထိုးဘူး ဆိုတာကိုUNFC အပေါ်မှာ မူတည် တယ်လို့သဘောထား ရှိပါတယ်။ KNPP ရဲ့ ရပ်တည် ချက်နဲ့ အလား တူပဲ  UNFC ကလည်းအဲဒီ အတိုင်းပဲသဘောထားကြပါတယ်။ကျနော်တို့ KNPP အနေနဲ့ ကတော့တတိုင်း ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးကိုတဖွဲ့တည်း အနေနဲ့ သွားထိုးမှာမဟုတ်ဘူး ဆိုတာသေချာ သွားပါပြီ။အဲဒီတော့ KNPP နည်းတူအစိုးရရဲ့ တတိုင်း ပြည်လုံး အပစ်အခတ် ရပ်ရေးကိုလက်မှတ် မထိုးခင်ကြေငြာ ပေးမယ်ဆိုတဲ့ သဘော ထားကို UNFC က လဲအဲဒီ အတိုင်းဘဲ သဘောထားကျပါတယ်။ကျနော်တို့သဘောထားနဲ့ UNFC သဘောထားကတပြေးညီတစ်ထပ် တည်းကျတယ်လို့ကျနော်တို့အဲလိုပဲ နားလည် ထားပါတယ်။ကျန်တဲ့ UNFC အဖွဲ့ဝင် မဟုတ်တဲ့တခြားအဖွဲ့တွေကလဲဒီသဘော ထားမျိုးတချို့ ရှိကောင်ရှိမယ်လို့မြင်ပါတယ်။ဒါကြောင့်ကျနော်တို့ကလည်းကျန်တဲ့တိုင်းရင်းသား တွေနဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်။ညှိနှိုင်းပြီးမှရလာတဲ့အဖြေ ပေါ်မှာ မူတည်ပြီးအဲဒီ အပေါ် မှာပဲဆက်လက် ရပ်တည် သွားမှာပါ။

မေး။      KNPP ရဲ့ ရပ်တည်ချက် () ချက်ကိုပြောပြလို့ ရမလား

ဖြေ။      ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့) လက်မှတ် မထိုးခင်ခုန ပြောသလို အစိုးရ ဘက်ကအရင် ကြေငြာ ပေးရမယ်၊) အပစ် မရပ်ရ သေးတဲ့ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့စည်း များနဲ့တကြိမ်တည်း မှာပဲအပစ်အခတ် ရပ်စဲ ရေးကိုလုပ်ရ မယ်၊) လက်မှတ် ထိုးတဲ့ အခါသက်ဆိုင်ရာတာဝန်ရှိသူတွေ ပါဝင် ရမယ်။ဥပမာ - အစိုးရ ဆိုတော့ သမ္မတ ပါရမယ်၊စစ်ဖက် ဆိုင်ရာမှာစစ်ဦးစီးချုပ်၊လွတ်တော် ဆိုရင်လွတ်တော် ဥက္ကဌ ပါရမယ်။) တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲေ ရေးမှာထင်သာ မြင်သာ ဖြစ်အောင်အပြည်ပြည် ဆိုင်ရာသက်သေနှင့် ပြည်တွင်သက်သေတွေပါရမယ်၊) လက်မှတ် ထိုးပြီး တာနဲ့အဖွဲ့စည်း တိုင်းကိုတရားမ၀င် အသင်း အဖြစ်မှပယ်ဖျက် ပေးရမယ်၊ဆိုတာတွေဖြစ်ပါတယ်။

မေး။      KNPP ကဘယ်လို အခြေနေမျိုး ဖြစ်လာမှလက်မှတ် ရေးထိုး နိုင်မလဲတိကျတဲ့ သဘောပေါ့

ဖြေ။      အပေါ် မှာလည်းကျနော် ပြောပြီးသားလည်း ရှိပါတယ်။ကျနော်တို့ကတဖွဲ့တည်း အနေနဲ့ဆုံးဖြတ်ပြီး လုပ်သွား လိမ့်မယ် မဟုတ်ဘူး။ကျနော် တို့က ကျန်တဲ့တိုင်းရင်းသား တွေနဲ့ အတူ တကွလက်တွဲ သွားမယ်အထူး သဖြင့် UNFC ကနေထွက်လာမယ့်ဆုံးဖြတ်ချက် အတိုင်း သွားမယ်လို့ကျနော်တို့သဘောထား ရှိပါတယ်။ UNFC ကလည်းဘယ်လို သဘော ထားချမလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည် ပါတယ်။ အဲဒါ ပါဘဲ။

မေး။      UNFC မှာလဲပြီးခဲ့တဲ့ရက်ပိုင်းတွေကဆုံးဖြတ်ချက်ချတာထားတဲ့အတိုင်းကိုပြောတာလား။

ဖြေ။      ပီးခဲ့တဲ့ ရက်ပိုင်းကUNFC ကဆုံးဖြတ် ထားတာ ရှိပေမယ့်အဲဒီ သဘောထား ကလည်းနောက်ဆုံး သဘောထားတော့ မဟုတ် သေးဘူး ပေါ့နော်။လမကုန်ခင်ကချင် ပြည်နယ်လိုင်ဇာမြို့မှာ UNFC အဖွဲ့တွေ အပြင်တခြား တိုင်းရင်းသားအဖွဲ့အစည်း အားလုံးရဲ့ထိပ်သီး ခေါင်းဆောင်တွေ ပါဝင်မယ့်အစည်းအဝေး တစ်ရပ် လုပ်ဦးမယ့်အစီ အစဉ် လေးတွေရှိတော့အဲဒီထိပ်သီး အစည်း အဝေး မှာပဲပိုပြီးတော့ဆုံးဖြတ် ချက်က တိကျ ခိုင်မာအောင်ချနိုင်ပါလိမ့်မယ်လို့သုံးသပ်လို့ ရပါတယ်။

မေး။      တကယ်တော့ အစိုးရဟာသဘော တူညီ ချက်တွေ ရယူပြီးမှ အပစ်အခတ် ရပ်စဲ ခဲ့တယ်။ဒါပေမဲ့ သဘောတူ ထားတဲ့ အတိုင်းလည်း အကောင်အထည်ဖော် ပေးတဲ့ အပြင်မူအသစ်ပါ ထပ်ပြောင်း ခဲ့လို့အခုတပြည်လုံး အတိုင်းတာအပစ် ရပ်ရေးကို တောင်းဆို လာပြန် ခဲ့တယ် မဟုတ်လား။ဒီတော့အစိုးရက တောင်းဆို သလိုဆရာတို့ ဘက်ကမလိုက် လျောဘူး ဆိုရင်ဆရာတို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးကို မတရား အသင်း အဖြစ်ကြေညာ နိုင်လိမ့်မယ် လို့ကာ မယူဆ ကြဘူးလား။

ဖြေ။      ကျနော်တို့တိုင်းရင်းသား အားလုံးအတူတကွညီညီညွတ်ညွတ်ရှိနေမယ် ဆိုရင်အစိုးရ အနေနဲ့ တရားမ၀င်အသင်းကိုကြေငြာဖို့ကတော်တော်လေးကိုခဲယဉ်း လိမ့်မယ်လို့ကျနော် ထင်ပါတယ်။တကယ်တော့ကျနော်တို့တိုင်းရင်းသားအဖွဲ့ အစည်း အပေါ်မှာပဲ မူတည် ပါတယ်။ကျနော်တို့ အားလုံးကတညီ တညွတ်တည်းစည်းစည်း လုံးလုံးနဲ့ဒီရပ်တည် ချက် () ခုပေါ်မှာအတူတကွသွားကြမယ်လို့ဆုံးဖြတ်ချက် ကျလာ ခဲ့မယ်ဆိုရင်အစိုးရ ဘက်ကလည်းမတရား အသင်း အဖြစ်ကြေညာ နိုင်လိမ့် မယ်လို့မထင်ပါဘူး။ဒါကြောင့်ကျနော်တို့ရဲ့စည်းလုံးညီညွတ်ရေးကအင်မတန်မှအရေးကြီး တယ်လို့ပြောချင် ပါတယ်။

မေး။      တကယ်လို့ဆရာထင်သလိုမဖြစ်လာပဲအစိုးရဘက်ကမတရား အသင် ကြေငြာပြီးဆရာတို့ကိုသူပုန်အဖြစ်ပြန်လည်စွပ်စွဲရင် ဘယ်လို လုပ်ကြ မှာလဲ။

ဖြေ။      ဒီတစ်ကြိမ်အပစ်အခတ် ရပ်စဲရေးလုပ်တာ ဟာလည်းအကောင်း ဆုံးကိုပြင်ဆင်ပြီး လုပ်ခဲ့သလိုအဆိုးဆုံးကို လည်းရင်ဆိုင်ဖို့ ပြင်ဆင် ထားပါတယ်။ကျနော်တို့ ကတော့အကောင်းဆုံး ဖြစ်အောင်တော့မျှော်လင့် ထားပါတယ်။တကယ်လို့အစိုးရ ဘက်ကမတရား အသင်း ကြေငြာ ခဲ့မယ် ဆိုရင်လည်းကျနော်တို့အားလုံးစုပေါင်းပြီးဆုံးဖြတ် ထားတာ ဆိုတော့စုပေါင်း ရပ်တည်ပီးတာ့ဖြစ်လာတဲ့အခြေနေအပေါ်မှာ ရင်ဆိုင် သွားဖို့ပဲ ရှိတော့တယ်။၁၉၉၅တုန်း ကလည်း KNPP အပစ်အခတ် ရပ်စဲရး လက်မှတ် ရေးထိုး ခဲ့ပြီးပြီပဲတောင် မပြည့် သေးဘူးအစိုးရနဲ့တိုက်ပွဲ ပြန်ဖြစ် တာပဲကျနော်တို့အတွက်ကဒါက အထူးအဆန်းမဟုတ် တော့ပါဘူးဖြစ်ရိုးဖြစ်စဉ် ပါပဲ။ဖြစ်လာ သမျှကိုကျနော်တို့အားလုံးကိုရင်ဆိုင် ရတာ ချည်းပါပဲ။

မေး။      အစိုးရ ဘက်က တိုင်းရင်းသား အဖွဲ့တွေရဲ့တောင်းဆိုမှု အပေါ်မှာ လိုက်လျော ပေးမယ်လို့ယုံကြည် ပါသလား

ဖြေ။      အစိုးရ ဘက်ကသူတို့ မူကိုသွေဖီ ပြီးတော့ကျနော်တို့ တိုင်းရင်းသား တွေရဲ့ တောင်းဆိုမှု အပေါ်ကိုလိုက်လျော ဖို့က တသက်လုံးလည်းမလုပ်လာ ခဲ့သလိုလုပ်လည်း လုပ်ပေး လိမ့်မယ် မဟုတ်ဘူး ဆိုတာကိုကျနော်တို့အားလုံးလည်းဘောပေါက် ပြီးသား ဖြစ်ပါတယ်။ဒီတော့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး မှာဘဲ မူတည် လိမ့်မှာပါ။ကိုယ့် အဖွဲ့အစည်းတစ်ခုရဲ့အခွင့်အရေး အကျိုး စီးပွားကိုပဲ ကြည့်မလားတိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေး အကျိုး စီးပွား ကိုပဲ ကြည့်မလားဆိုတာကိုကျနော်တို့အားလုံးကလေးလေး နက်နက်စဉ်းစားဖို့ လိုပါတယ်။

မေး။      KNPP ကရောဘယ်လို အခွင့်ရေးအကျိုးစီးပွားကိုရမှလုပ်ဆောင် သွားမလဲ

ဖြေ။      ကျနော်တို့ KNPP အနေနဲ့ကိုယ့်ရဲ့မိခင် အဖွဲ့စည်းတဖွဲတည်း အကျိုးစီးပွား အခွင့်ရေးတို့ကရင်နီ အမျိုးသားအားလုံးရဲ့အကျိုးစီးပွားလောက်ပဲကြည့်ပြီးသွားမှာမဟုတ် သလိုဆုံးဖြတ် မှာလည်း မဟုတ်ဘူး။ကျန်တဲ့ တိုင်းရင်းသား အားလုံးရဲ့ အကျိုး စီးပွားတွေကိုကြည့်ပြီးအတူတကွ သွားကြ မှာပါ။

မေး။      အစိုးရရဲ့ လုပ်ဆောင်ချက်တွေလှုပ်ရှား နေပုံတွေကိုကြည့်မယ် ဆိုရင်မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်လိမ့်မယ်လို့ ထင်ပါလား။ ဘယ်လို ယူဆ ပါသလဲ။

ဖြေ။      ပြောရ ရင်တော့မြန်မာ နိုင်ငံကငိမ်းချမ်းရေးဟာအချိန် တော်တော် လေးကို ယူရ ဦးမယ်။အစိုးရ ဘက်ကတော့၂၀၁၅ခုနှစ် မတိုင်ခင်ပီးပြတ် စေချင်တဲ့သဘော ရှိတယ်။ဒါပေမဲ့ ၂၀၁၅ကျော်ရင်တော့ ဘယ်အစိုး ရကတက်လာမလဲဆိုတာမသိဘူး ဆိုပြီးအစိုးရ ဖက်က အရိပ်အမြွှက်လေးတော့ပြောသွား ပါတယ်။ဒါကြောင့်သူတို့လက်ထက် မှာပဲညှိနှိုင်း ဆောင်ရွက်လို့လွယ်ကူ လိမ့်မယ် ဆိုတဲ့ သဘောမျိုး ကိုလည်းသူတို့ ပြသ ခဲ့တယ် ဆိုတော့ရှင်းရှင်း ပြောရ ရင်တော့ဒါကအစိုးရ ဘက်ကလောပြီးတော့ လုပ်ချင် နေတဲ့ ဟာပါ။ဒါပေမယ့်မတိမကျမသေမချာမပြီးမပြတ် ပဲနဲ့ပီးသွားတဲ့ ကိစ္စ မျိုးတော့မဟုတ်ဘူး ဆိုတာဒါကိုတိုင်းရင်းသား အားလုံးကသဘောပေါက် ကြဖို့ကအရေးကြီး ပါတယ်။

မေး။      မနေ့တုန်းကကျင်းပတဲ့လူထု ရှင်းလင်းပွဲမှာလူထုတွေကဘာတွေတုန့်ပြန် ပြောသွား ကြတာ ရှိလဲ

ဖြေ။      လူထုတွေ ကတော့ KNPP လုပ်ဆောင်ချက်ကကရင်နီလူထုအတွက် အကောင်းဆုံး နည်းလမ်းကိုရှာကြံပြီးအကောင်းဆုံး ဖြစ်အောင် ဆက်လုပ် သွားကြ လိမ့်မယ်လို့ယုံကြည် ကြတဲ့ အကြောင်း၊ဒီထက် ကောင်းတဲ့ အကြံဥာဏ် ဆိုလို့ သူတို့အနေနဲ့မပေးနိုင် ဘူးလို့ပဲ ပြောပါတယ်။ KNPP လုပ်ဆောင်ချက် အပေမှာအမြဲတမ်း ထောက်ခံ အားပေး သွားလိမ့် မယ်လို့ ပြောပါတယ်။

မေး။      လူထု ရှင်းလင်း ပွဲကထိုင်းနိုင်ငံမယ်ဟောင်ဆောင် ခရိုင် ကရင်နီဒုက္ခသည်စ ခန်းမှာပဲလုပ်မှာလား  ပြည်တွင်း မှာရာ ကျင်းပဖို့အစီအစဉ် ရှိလား

ဖြေ။      ကျနော် တို့ကအချိန်ကမရ သေးတော့ကျနော်တို့နဲ့နီးတဲ့ဒုက္ခသည် စခန်း မှာပဲအရင် လုပ်ရ တာပါ။နောက်လကျရင် ကျနော်တို့ပြည်တွင်းမှာသွားလုပ်ဖို့ ရှိတယ်။ကျနော်တို့ကအပစ်အခတ် ရပ်စဲရေး ခေါင်းစဉ် အောက်မှာပဲလူထုနဲ့ ဆွေးနွေးပွဲ ကျင်းပ သွားမယ်ဘာကြောင့်လဲ ဆိုတော့အစိုးရနဲ့ဆွေးနွေးခင် ကတည်းကလူထု သဘော ထားကို ရယူ ခဲ့သလိုအစိုး ရနဲ့ဆွေးနွေးခဲ့ပြီး ချိန်မှာလည်းဖြစ်ပေါ်လာတဲ့အခြေနေပြောင်းလဲမှု တွေကိုပြည်သူ လူထုကိုချပြ မယ် ဆိုတာကိုလည်းကျနော်တို့ပြောထားတာ ရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။