Saturday, October 5, 2013

အစိုးရ နှင့် အပစ်ရပ်ကာလ ၂ နှစ်ခရီး RCSS ပြန်လည်သုံးသပ်

 


သျှမ်းပြည် တပ်မတော် RCSS/ SSA နှင့် အစိုးရ တို့ အပစ်ရပ် သက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း တိုက် ပွဲပေါင်း ၁၃၃ ကြိမ်ဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲလျှော့ချနိုင်ရေးအတွက် RCSS/SSA ဘက်မှအပစ်ရပ် ခရီးပြန်လည် သုံးသပ်ခဲ့ပါသည်။

၂၀၁၁ အစိုးရနှင့်ပဏာမအဆင့် အပစ်ရပ်ရေး သဘောတူစာချုပ် ချုပ်ဆိုသည့် နောက်ပိုင်းအစိုးရတပ်က သ ဘောတူညီချက် မလိုက်နာဘဲ ဆင်နွဲခဲ့သည့် တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ရှိ ကြောင်း၊ တုန့်ပြန်သည့်အနေဖြင့် RCSS/SSA ဘက်မှ ပြန်လည်တိုက်ခိုက်သည့် တိုက်ပွဲပေါင်း ၁၁ ကြိမ် ရှိကြောင်း - စသည့်အချက်များပါ အပစ်ရပ်ခရီးပြန်လည်သုံးသပ်သည့် အစီရင်ခံစာ တစောင် ထုတ်ပြန်ခြင်းဖြစ်သည်။


“ကျနော်တို့တွေက အပစ်ရပ်ထားပြီးပြီ။ ဆက်ဆံရေးရုံးလဲ ဖွင့်လာထားပြီး၊ နားလည်မှုရအောင် မလုပ် ကြဘဲ တိုက်ပွဲဖြစ်ရတဲ့အဆင့်ဆိုတော့ ကျနော့်အနေနဲ့လဲ စိတ်မကောင်းဘူး၊ ဒါ့ကြောင့်ကျနော့် အနေနဲ့ အစိုးရတပ်နဲ့ တိုက်ရိုက်ဖြေရှင်းဖို့ အဆင်သင့်ဘဲ”- ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါသည်။

အောက်တိုဘာ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့်အဆိုပါ အစီရင်ခံစာတွင် - တိုက်ပွဲအရှိန်လျှော့ချနိုင်ရေး၊ ဖွဲ့စည်းထား သော ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီတွင် သျှမ်းလူထုလက်တွဲပူး ပေါင်းဆောင် ရွက်ရေး၊ တနိုင်ငံလုံးအပစ်ရပ်နိုင်ရေးအတွက် ထောက်ခံမှုပေးရေး နှင့် နိုင်ငံတော်အစိုးရထံလည်း ပဏာမအဆင့် ပြည်ထောင်စုအဆင့်သဘောတူညီမှု ရရှိထားသည့် သဘောတူညီချက် ၃၁ ချက်အား လိုက်နာဆောင်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု လည်းပြောပါသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပဏာမ အပစ်ခတ်ရပ်စဲရေးအား ဒီဇင်ဘာ ၂ ရက် ၂၀၁၁ ခု ကလည်းကောင်း ပြည်ထောင်စုအဆင့်အား ဂျန္နဝါရီ ၈ ရက် ၂၀၁၂ ခုနှစ်က လည်းကောင်း သျှမ်းပြည်မြို့တော် တောင်ကြီး၌ သဘောတူလက်မှတ်အသီးသီးရေးထိုးခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။