Monday, October 28, 2013

မြေယာ သယံ ဇာတကို မျှတစွာ ခွဲဝေ ပါမှ ရေရှည် ငြိမ်းချမ်း မည်ဟု ကမ္ဘာ့ ခေါင်းဆောင်များ ရှူ့မြင်

(ရွှေဟင်္သာသတင်းဌာန)



ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်များ ဖြစ်ကြသည့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ အပါ အ၀င် ဖင်လန် နိုင်ငံ သမ္မတဟောင်း Martti Ahtisaari နှင့် နော်ဝေး နိုင်ငံ ၀န်ကြီး ချုပ်ဟောင်း လည်းဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် ညွှန်ကြား ရေးမှူး ဟောင်းလည်း ဖြစ်သူ Gro Harlem Brundtland တို့ သုံးဦးသည် မြန်မာ နိုင်ငံသို့ စက်တင် ဘာလ ၂၄ ရက်၌ ရောက်ရှိ ခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန် မြို့တို့တွင် သုံးရက်ကြာ နေထိုင် သွားခဲ့ ပါသည်။

သမ္မတဟောင်း ဂျင်မီ ကာတာသည် မြန်မာ နိုင်ငံသို့ နှစ်ကြိမ်မြောက် လာရောက် လည်ပတ် ခဲ့ပါသည်။ ပထမ အကြိမ်သည် ကာတာ ဖောင်ဒေးရှင်း အနေဖြင့် ယခုနှစ် ဧပြီ လထဲတွင် အလည် အပတ် ရောက်လာ ခဲ့ဖူးပြီး သမ္မတ ဦးသိန်းစိန်နှင့် The Elders အဖွဲ့ဝင် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌ များအပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံ ခဲ့ပါသည်။


ဤကဲ့သို့ တွေ့ဆုံ နှုတ်ဆက်ခွင့် ရခဲ့သည့် တချိန် ထဲတွင် မြန်မာနိုင်ငံ ရေရှည် ငြိမ်းချမ်းရေး ရရှိရေးနှင့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ကိုပါ ခိုင်မာ စေသည့် တည်ဆောက် နည်းကိုလည်း အကြံပြု ခဲ့ကြ ပါသည်။

ဤသို့ကြောင့် ယင်း ကမ္ဘာ့ ခေါင်းဆောင် ကြီးများသည် မြန်မာ့ ငြိမ်းချမ်းရေး ရေရှည် တည်တန့် ရေး၌ မြေယာနှင့် သယံဇာတ ခွဲဝေ သုံးစွဲရေး အပေါ် တွင်လည်း မူတည် နေကြောင်း အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter) က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ဖေါ် ပြောဆို ခဲ့ပါသည်။

မြေယာနှင့် သယံဇာတ ပိုင်ဆိုင်ရေး အတွက် ယှဉ်ပြိုင် နေမှု အပေါ် အဓိကထား ဖြေရှင်း ပေးရန် လိုအပ်သည်ဟု ကမ္ဘာ့ ခေါင်းဆောင် များအဖွဲ့ The Elders များက ဆိုလိုက်ဖြင်း ဖြစ်ပါသည်။ မြန်မာ အစိုးရ စစ်အာဏာရှင် များသည် ဗဟို အာဏာကို ချုပ်ကိုင်ပြီး မြေယာနှင့် သယံ ဇာတများကို လက်ဝါးကြီး အုပ်ကာ တိုင်းရင်းသား ပြည်သူ များကို ဖိနှိပ် နေခဲ့ ပေသည်။

ဤသို့ကြောင့် မြေယာနှင့် သယံဇာတ ပိုင်ဆိုင်ရန် ယှဉ်ပြိုင်မှု များ၏ အရင်း အမြစ်ကို အဓိကထား ဖြေရှင်း ပေးမှသာလျှင် မြန်မာ့ ငြိမ်းချမ်းရေး အသီး အပွင့်များ ခံစား နိုင်မည်ဟု စက်တင်ဘာ (၂၆) ရက်နေ့ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel သတင်းစာ ရှင်းလင်း ပွဲတွင် ကမ္ဘာ့ခေါင်းဆောင်များ အဖွဲ့ အဖွဲ့ဝင် များက ဆိုလိုက်ခြင်း ဖြစ်ပါသည်။

အလားတူ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေ အနေတွင် ရှိနေသော တင်းမာမှု များကို ရပ်တန့် လိုက်မှသာ ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည် ဖြစ်ပြီး အထူး သဖြင့် လက်ရှိ ပဋိပက္ခ များ၏ အခြေခံ အကြောင်း အရာ များသည် မြေယာနှင့် အခြား သယံဇာတ ခွဲဝေ သုံးစွဲမှုပင် ဖြစ်ကြောင်း ဆိုကြ ပါသည်။ ၄င်း ပိုင်ဆိုင်မှု များအတွက် ပြိုင်ဆိုင်မှု များကို ဖြေရှင်း ပေးရန် အချင်းချင်း ပုတ်ခတ် တိုက်ခိုက်မှု များကို စွန့်လွှတ် ကြမှသာ ပဋိပက္ခ များကို အောင်မြင်စွာ ဖြေရှင်း ပေးနိုင် မည်ဟု ကမ္ဘာ့ ခေါင်းဆောင်များ အဖွဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဖင်လန် နိုင်ငံ သမ္မတဟောင်း တစ်ဦးမှ ထောက်ပြ ခဲ့ပါသည်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ကမူ မြန်မာ နိုင်ငံသည် ယခင် ကထက် ပိုမို လွတ်လပ် လာသော်လည်း တိုင်းရင်းသား ပဋိပက္ခများကို ယနေ့ ထက်တိုင် ဖြေရှင်း ပေးနိုင်ခြင်း မရှိ သေးကြောင်း ထောက်ပြ ခဲ့ပါသည်။ ဤအထဲတွင် မြန်မာ နိုင်ငံ၏ သယံ ဇာတ များကို တိုင်းရင်း သားများ အကြား၌ စနစ် တကျနှင့် ခွဲဝေ သုံးစွဲမှု မရှိ သေးကြောင်း၊ ငြိမ်းချမ်းရေး ရရှိ ရေးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ် အခတ် ရပ်စဲရေးတွင် သာမက နိုင်ငံရေး ဆွေးနွေး မှုများ အမြန် ဖော်ဆောင် ပေးရန် လိုအပ် ကြောင်းလည်း ၄င်း သတင်းစာ ရှင်းလင်းပွဲတွင် အကြံပြု ပြောကြား ခဲ့ပါသည်။

ငြိမ်းချမ်း ရေးကို ဖော်ဆောင် ရာတွင် ရေရှည် ခိုင်မာ တည်တံ့ စေရန် အတွက် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ဖြစ်စေ၊ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို ရာ၌ ဖြစ်စေ ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ် ကဲ့သို့သော နိုင်ငံတကာ လေ့လာ သူများကို ဖိတ်ခေါ်ပြီး အကြံဥာဏ် ရယူရန် လိုအပ် ပါသည်။ ထို့အပြင် အစိုးရ အဖွဲ့ သာမက ဥပဒေ ပြုရေး မဏ္ဍိုင်နှင့် တရား စီရင်ရေး မဏ္ဍိုင် များပါ အသိအမှတ် ပြုသည့် ငြိမ်းချမ်းရေး စာချုပ်များ ပြုလုပ် သင့်သည်ဟု အမေရိကန် သမ္မတ ဟောင်းမှ အကြံပြု ထောက်ပြ သွားခဲ့ ပါသည်။

လွတ်လပ်မှု အခြေခံသည် လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်လည်း အကြောင်းတရား တခု ပါဝင် ပါသည်။ ဤသို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက် ပွဲ၌ တရား မျှတမှု ရှိစေရန် အတွက် နိုင်ငံတကာက လေ့လာ စောင့်ကြည့်ရေး အဖွဲ့ များကို စောင့်ကြည့်ခွင့် ပေးသင့်ကြောင်း တောင်းဆို ခဲ့ပါသည်။

 The Elders မှ ကမ္ဘာ့ ခေါင်းဆောင်များ အဖွဲ့သည် ရွေးကောက် ပွဲပေါင်း (၉၄) ခုကို စောင့်ကြည့် လေ့လာ ခဲ့သဖြင့် ရွေးကောက်ပွဲကို ၄င်းတို့မှ စောင့်ကြည့် ပေးနိုင် သည်ဟုလည်း အဆိုပါ ရှင်းလင်း ပွဲတွင် ပြောကြား ခဲ့ပါသည်။

မြန်မာ စစ်အစိုး ရသည် ၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပကာ ဦးသိန်းစိန် အစိုးရအား ဖွဲ့စည်း ခဲ့ပါသည်။ အစိုးရ သစ်သည် တက်တက်ချင်း ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို ဆောင်ရွက် ခဲ့ပါသည်။

သို့သော် မြန်မာ့ ငြိမ်းချမ်း ရေးသည် ၂၀၁၂ ခုနှစ်မှ စတင် လိုက်သည့် တွေ့ဆုံ ဆွေးနွေးရေး များမှ ၂၀၁၃ ခုနှစ် အကုန် အထိ ဆွေးနွေး ခဲ့ကြ သော်လည်း ရေရာမှု မရှိ သေးဟု ဆိုနိုင် ပါသည်။ အကြောင်းမှာ အစိုးရသည် အစစ်အမှန် ငြိမ်းချမ်း ရေးကို တည်ဆောက် နေခြင်း မဟုတ်ဟု ဆိုနိုင် ပါသည်။ အကြောင်းမှာ ၄င်းတို့သည် အချိန်ဆွဲ ပေါ်လစီနှင့် တိုင်းရင်းသား အပေါ် ဆက်လက် လွှမ်းခြုံ နိုင်ရေး နည်းလမ်းကို အသုံးပြု နေဆဲ ဖြစ်ပါသည်။

 အစိုးရသည် ငြိမ်းချမ်းရေး အခြေခံ ဖြစ်သည့် အပစ်အခတ် ရပ်စဲရေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအား ပြည်နယ် အဆင့်၌ လက်မှတ် ထိုးခိုင်း ခြင်းနှင့် ပြည်ထောင်စု အဆင့် သဘော တူညီ ချက်များ ဂတိပြု လက်မှတ် ထိုးခိုင်း ခဲ့ပြီးမှ ဂတိ ဖျက်ပြီး ကျောခိုင်း ခဲ့ပေသည်။  

ဤကဲ့သို့ ကျောခိုင်း ခဲ့ပြီးနောက် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲနှင့် တပ်မတော် အခြေခံ မူသစ် (၆) ချက်ကို ထပ်မံ ထုတ်ပြန် ခဲ့ပါသည်။ ၄င်းတို့၏ မူသစ် () ချက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်များသည် လူသစ်စု ဆောင်းပြီး အင်အား တိုးချဲ့ခြင်း၊ အခွန် ကောက်ခြင်း၊ ခွင့်ပြုချက် မရ ရှိဘဲ စခန်း အသစ် တည်ဆောက်ပြီး သွားလာ လှုပ်ရှားခြင်း ၊ အစိုးရ အဖွဲ့၏ အုပ်ချုပ် ရေးကို ဝင်ရောက် စွတ်ဖက်ခြင်း၊ လူသတ်ခြင်း၊ အစိုးရမှ ဖွဲ့စည်း ထားသည့် ပြည်သူ့စစ် တပ်ဖွဲ့ကို ထိပါးခြင်း ပြုလုပ် ပါက တပ်မတော် အနေဖြင့် ပြတ်သားစွာ အရေးယူ ဆောင်ရွက် သွားမည်ဟု ဆိုလာ ပါသည်။ ဤသည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့များ ၄င်းတို့၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ မူသစ်နှင့် အတူ ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။

လက်တွေ့ တွင်မူ အစိုးရ တပ်များ သည်သာ မူးယစ်ဆေး ပြသနာ၊ လူသတ်မှု၊ မုဒိန်းမှု၊ ရမ်းကားမှု၊ လူထုကြား လက်နက်ကြီး ပစ်သွင်းမှု ၊ လူထု များအား ညှင်းဆဲ မှုများ ထင်ထင် ရှားရှား လုပ်ခဲ့ ကြသည်မှာ ကြာမြင့်ပြီး ဖြစ်သည်။ သူခိုး လူဟစ် နည်းကို အသုံးပြု နေခြင်း ဖြစ်ပါသည်။ ဤသို့သော် အခြေ အနေကို စွန့်လွှတ် ကြရန် ကမ္ဘာ့ ခေါင်းဆောင်များ The Elders အဖွဲ့က တိုက်တွန်း နေခြင်း ဖြစ်ပါသည်။

ကမ္ဘာ့ ခေါင်းဆောင်များ အဖွဲ့ The Elders သည် ကမ္ဘာ ပေါ်၌ ရှိသော ထင်ရှားသည့် ခေါင်းဆောင်များ စုစည်း ထားပြီး ၄င်းတို့၏ သြဇာနှင့် အတွေ့ အကြုံ များကို အသုံး ပြုပြီး ကမ္ဘာ တ၀ှမ်းမှ ငြိမ်းချမ်းရေး၊ တရား မျှတ ရေးနှင့် လူ့အခွင့် အရေးများကို လုပ်ဆောင် နေကြသော လွတ်လပ်သည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပါသည်။ ဤအဖွဲ့ အစည်းကို တောင်အာဖရိက သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် နယ်ဆင် မင်ဒဲလားမှ ၂၀၀၇ ခုနှစ်တွင် စုစည်း တည်ထောင် ခဲ့ပါသည်။

ဤသို့ကြောင့် နိုင်ငံတကာ ခေါင်းဆောင်များ စေတနာ ထားသလို မိမိတို့ တိုင်းရင်းသား အချင်းချင်း စုစည်း ညီညွတ် သင့်ပေသည်။ အဓိပ္ပါယ် မရှိသော တဖက်သတ် ကျသော နိုင်ထက် စီးနင်း လိုသော အမှန်တရား မဟုတ်သော ကိုယ်ကျိုး ကြည့်သော မဟုတ်မဟတ် လက်ညိုး ထိုးသော စနစ်ကို ဖယ်ရှားပြီး တန်းတူသော အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို တည်ဆောက် ကြရန် လိုအပ် ပါသည်။

ဤ အမှန် တရား အပေါ် ဘာကြောင့် သွေဖီ နေကြ သနည်း။ မြေယာ သယံဇာတ ကိုလည်း ဘာကြောင့် ကိုယ့်တိုင်းရင်းသား တွေကို မခွဲပေး ချင်ကြ တာလဲ။ ဥမကွဲ သိုက်မပျက် စနစ်တကျ ခွဲဝေ မှုကို ဘာကြောင့် လက်မခံနိုင် တာလဲ။ အမြင့်တက် လွန်းလေ အကျနာလေ ဘ၀မျိုး မဆိုက်ရောက် စေချင်။ နောက်တလှမ်း ဆုတ်နေရပြီ ဆိုသည်ကို သတိရှိ ကြစေချင် ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။