Tuesday, October 15, 2013

နိုင်ငံရေး ကစားလိုသော တတိယအင်အားစုတစ်ခု ကဖောက်ခွဲမှုများ ပြုလုပ်ခြင်း ဖြစ်နိုင်ဟုဆို



မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLAမှ ဗိုလ်ကြီး စောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေးကစားလိုတဲ့ တတိယအဖွဲ့တစ်ခုလိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်နေ တယ်လို့ ထင်ပါ တယ်''ဟု ပြော သည်။

လက်ရှိဖြစ်ပေါ်နေသော ဖောက်ခွဲဖျက်ဆီးရေးဖြစ်စဉ်များ ကို KNU/KNLA မှလည်း လေ့ လာစောင့်ကြည်မှုများပြုလုပ်နေ ပြီး လိုအပ်ပါက အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်ပေးနိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ဗိုလ် ကြီးစောမိုးဇက်က ပြောသည်။

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဌေးကြွယ်က''အ ခု ကျွန်တော် တို့နိုင်ငံမှာက Hard Liner သမား တွေနဲ့ အစွန်းရောက်တဲ့သူတွေ ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံ ရဲ့အပြောင်းအလဲဟာ ကောင်းမွန် တဲ့အရွေ့တစ်ခုကို ဦးတည်နေ ပါပြီ။ အခုဖြစ်နေတဲ့အကြမ်းဖက် မှုတွေ ဖောက်ခွဲမှုတွေနဲ့ အပြောင်း အလဲကို မရနိုင်ပါဘူး။ဒီအချိန်မှာကနိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးရမယ့်အချိန်ဖြစ်နေပါ ပြီ''ဟု ပြောသည်။

 မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦးက ''နိုင်ငံရေးက စားလို သူ အုပ်စုတစ်စုကြောင့်လို့ ပြောလို့ရသလို ပြည်ပအကြမ်း ဖက်အဖွဲ့အစည်းတွေကလဲ ဒီလို လုပ်ရပ်တွေလုပ်နိုင်ပါတယ်။ ကျွန် တော်တို့နိုင်ငံမှာ အရင်ကလဲ ဖောက်ခွဲမှုတွေဖြစ်ခဲ့တိုင်း အစိုးရ အနေနဲ့ တရားခံကို ဖော်ထုတ်နိုင် မှုအားနည်းခဲ့ ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေက အရေးကြီးတဲ့အချိန်မျိုး ရောက် နေတဲ့အချိန်မှာ အခုလိုဖြစ်ရပ် တွေကိုအစိုးရအနေနဲ့ ဂရုတစိုက် ဖြေရှင်းဖို့ လိုပါတယ်''ဟု ပြော သည်။

ထို့အပြင် အစိုးရအနေဖြင့် ပြည်တွင်းအင်အားစုများအပြင် ပြည်ပအင်အားစုများနှင့် အကြမ်း ဖက်အဖွဲ့အစည်းများကိုပါ အထူး အာရုံစိုက် လေ့လာစောင့်ကြည့် သွားရန်လိုကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက ပြောဆိုနေ ကြသည်။

ငယ်ထွေး (ကလေး)
Yangon media group


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။