Tuesday, February 25, 2014

အကူအညီ မဲ့နေသော ပလောင် စစ်ပြေး ဒုက္ခသည် များ၏ ဘ၀ အစီ ရင်ခံစာ

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် နယ်မြောက် ပိုင်းတအာင်း(ပလောင်) ဒေသများ တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်း မှစ၍ စစ်ပွဲများ တစ်စ ထက် တစ်စ များစွာ တိုးပွါးလာ သည်နှင့် အမျှ ပလောင်ပြည် သူလူထု ထောင်ပေါင်း များစွာတို့ သည် ပြည်တွင်း စစ်ပြေး ဒုက္ခ သည်များ အဖြစ် ပြေးလွား နေရသည်။ 
 
ဤ အစီရင်ခံ စာတွင် တအာင်း ဒေသ ရှိ ပြည်တွင်း စစ်ပြေးဒုက္ခ သည် များ၏ နေ့စဉ် နှင့်အမျှ ဘ၀ရပ်တည် ရှင်သန်နိုင် ရန် အတွက် ရုန်းကန် နေရ သည့်အ ခြေ အနေ နှင့်မိမိ တို့နေရပ်သို့ပြန်လည် အခြေချ နိုင်ရန် ပြန်လမ်း မရှိကြောင်း ကိုလည်း ဖော်ပြထား သည်။


တအာင်း အမျိုး သမီးအဖွဲ့ အစည်းမှလျစ်လျူ ရှုခံ အကြပ် အတည်းများစာတမ်း တစ်စောင်ကို ပြုစုရာ တွင် တ အာင်း(ပလောင်) ဒေသတွင်စစ်ပွဲကြောင့် ဒုက္ခ သည် စခန်းများ ပိုမို များပြား လာပြီး ပလောင်ပြည် တွင်း စစ်ပြေး ဒုက္ခသည် များ၃၀၀၀ ကျော် ရှိနေသည်ကို  ဖော်ပြထား ပါသည်။ ၂၀၁၂ခုနှစ်တွင် မြို့နယ် (၂) ခုသာ အခြေခံပြီး ဒုက္ခသည် စခန်းများ တည်ထား ခဲ့သော်လည်း ၂၀၁၃ခုနှစ် ပလောင် ဒေသ အတွင်း ၌ ဒုက္ခသည် စခန်း (၉)ခုကျော် တိုးပွါးလာ သည်ကို တွေ့ရှိရ မည်ဖြစ်ပြီးထိုဒုက္ခသည် စခန်း(၉)ခု အနက်(၅)ခု သည် ပလောင် ဒုက္ခသည်များ သာ နေထိုင် သည်ကို တွေ့ရှိရ မည်ဖြစ်သည်။

ထို ပလောင်ပြည် သူလူထု များသည်စစ်ဒဏ်ကြောင့် သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အိုးအိမ် များပျက် စီးရခြင်း၊ ညှင်း ပန်းနှိပ် စက်ခြင်း၊အမျိုးသမီး ငယ်များ(မှ) မုဒိန်း ကျင့်ခံ ရခြင်း၊ လိင်ပိုင်း ဆိုင်ရာ အနှောင့်အယှက် ပေးခံရခြင်း များနေ့စဉ် နှင့်အမျှကြုံ တွေ့နေရ သည်။ ထို့အပြင် စစ်ပွဲများ ဖြစ်သည့် အခါမြန်မာ စစ်တပ်မှ ရပ်ရွာအ တွင်းတွင် လက်နက် ဗုံးများပြန့်ကျဲ ပေါက်ကွဲ လျက်ရှိပြီး အိုးအိမ်များ လည်း မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရ သည်။ 

ထို့ကြောက် ရွံ့ဖွယ် အခြေအနေ အောက်တွင် ပလောင်ပြည် သူလူထု များသည် မည်သို့မျှ ခံနိုင် ရည် မရှိသောကြောင့်မိမိတို့ ပိုင်ဆိုင် သော အိုးအိမ်စည်း စိမ်များ ကို စွန့်လွတ်ပြီး ထွက်ပြေးခဲ့ရ သည်။ ထိုသို့ထွက်ပြေး ရာတွင် ယခုနေ ထိုင် သော ဒုက္ခသည် စခန်းသို့ ရောက်အောင် ခြေလျင်ဖြင့် သာ သွားရပြီးလမ်းခရီး တွင် (၃)ရက်မှ(၄) ရက်အထိကြာ ပါ သည်။ ထို့အပြင် လမ်းခရီး တွင် အစာငတ်ပြတ် မှုနှင့်အတူကလေးများ၊ လူကြီးများ ကိုလည်း မနိုင်မနင်း တွဲကူ ရပြီး အစိုးရ စစ်တပ်နှင့် ပက်ပင်း တိုးမည် ကိုစိုးရိမ် ရကြောင်း ကိုလည်း ဒုက္ခသည် တစ်ဦးမှ ပြောပြ ထားပါသည်။  

ပလောင် ဒေသဖြစ်သောနမ့်ခမ်း၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ စသည့် ပလောင် ဒေသများ တွင် စစ်ပွဲ များပြင်း ထန်စွာဖြစ်ပွါး လျက် ရှိနေ သေးသည်။ ထိုးစစ် ဆင်မှုများ လည်း ဖြစ်ပွါးနေသည့် အပြင် ပလောင် ဒေ သ တွင် ဖွံ့ဖြိုးရေး စီမံကိန်း ဖြစ်သော ရေကာ တာနှင့်ပိုက်လိုင်း များတည်ရှိ ရာဒေသများ တွင်လုံခြုံရေး အကြောင်းပြ ချက်ဖြင့် မြန်မာ စစ်တပ် တပ်ရင်းများ တိုးချဲ့ နေရာယူ သည်ကိုလည်းတွေ့ရှိ ရမည်ဖြစ် သည်။ ထိုတပ်ရင်းများ တိုးချဲ့ လာခဲ့ သည်နှင့် အမျှ စစ်ပွဲ များပိုမိုပြင်း ထန်လာ ခဲ့ပြီးစစ်မီးများ ပိုမို လောင်ကျွမ်း လာစေရန် မီးစတစ် ခုပင်ဖြစ်သည်။

 ပလောင် ဒေသတွင်၂၀၁၂ ခုနှစ်တွင် အစိုးရ တပ်ရင်းပေါင်း ၁၆ရင်းသာ ရှိခဲ့သည် ကို တွေ့ရှိ ရပြီး ယခုကာ လတွင် အစိုးရ တပ်ရင်း ပေါင်း ၃၀ ကျော် အခြေစိုက် လာသည်ကိုတွေ့ရှိရ မည်ဖြစ် သည်။ အစိုးရမှ ငြိမ်းချမ်းရေး ဖော်ဆောင် နေသည်ဟု သတင်း မီဒီယာတွင် ပြောကြား နေသော်လည်းလက်တွေ့ တွင် စစ်မီးများ မငြိမ်းသေးပဲ ဆက်လက် ထိုး စစ် ဆင်နေ သည်ကို တွေ့ရမည်ဖြစ် သည်။၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ တွင် အစိုးရနှင့် တအာင်း အမျိုး သား လွတ်မြာက် ရေး တပ်မတော် (TNLA) တို့က မူဆယ်မြို့ တွင် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရန်အ တွက် တွေ့ဆုံဆွေး နွေးပွဲကျင်းပခဲ့ပြီး နောက် ၁၁ရက်အကြာ တွင် ထိုးစစ်ဆင်များ ဖြစ်ပွါးခဲ့သည်။

ထိုးစစ် ဆင်မှုများပြား လာသည်နှင့် အမျှပလောင်ပြည် သူလူထု များမှ အကြောက် တရား အောက်တွင် နေထိုင်ရပြီးပြည်တွင်း ဒုက္ခသည်များ အဖြစ် ယခုထိတိုင် ဒုက္ခခံစား နေရပြီး စစ်ပွဲ၏ သားကောင်များ ဖြစ်နေကြ ရသည်။

တွန်းဟုန်း ဒုက္ခသည် စခန်းမှ ဒုက္ခသည် တစ်ဦး၏ ပြောပြချက် အရ ကျမတို့ ဒီရွာမှာ နေရတာ စားစရာ မရှိတော့ ကိုယ့်ရွာ(ပန်ခါး) ရွာဖက်ကို ပြန်သွားကြ တယ်။ ဒါပေမဲ့ ရွာပြန် တော့လဲ စစ်ပွဲတွေက ဆက်လက်ဖြစ် နေတယ်။ နောက်ပြီးရွာမှာ မိုင်းတွေမြှုပ် ထားတယ်။ ဘယ်လိုမှ တောင်ယာ လုပ်လို့မ ရဘူး။ ဘယ်မှာနေ နေ ထမင်းငတ်နေရ တယ်။ ရွာပတ်ဝန်း ကျင်မှာရှိ တဲ့မျှစ်တွေ ပဲချိုးပြီးစား ရတယ်။ဟုတအာင်း အမျိုးသမီး အဖွဲ့အစည်း အားပြော ကြားခဲ့ သည်။

တအာင်း အမျိုးသမီး အဖွဲ့အစည်းမှဤအစီ ရင်ခံစာတွင် လက်လှမ်းမှီသော နေရာများတွင်သာ အဓိက သတင်း အချက်အလက် ကောက်ယူ ခြင်းဖြစ်သည်။ တအာင်း အမျိုးသမီး အဖွဲ့အစည်း လက်လှမ်း မမှီသော နေရာ များနှင့် စစ်ပွဲများ ဆက်လက်ဖြစ် ပွါးနေသော နေရာများတွင်သွား ရောက်ပြီး စစ်တမ်းများ၊ သတင်းအချက် အလက်များ မ ကောက်ယူ နိုင်ခဲ့ပေ။ ထိုနေရာ များတွင်လည်းပလောင်ပြည် သူလူထုများ သည် ဒုက္ခသည် စခန်း အဖြစ် မတည်ဆောက် နိုင်  သောကြောင့် နီးစပ်ရာ မိမိတို့၏ ဆွေမျိုး များထံ ခိုလှုံနေ ရသော ပလောင်ပြည် သူများ ထောင်ပေါင်း များစွာရှိ သည်ကို လည်းသိရှိရ ပါသည်။

ပြည်တွင်း စစ်ပြေးဒုက္ခ သည်များ သည် ဒုက္ခသည် စခန်းတွင် အစာအာ ဟာရ လုံလောက် မှုမရှိခြင်း၊ ဆေးဝါး လုံ လောက်မှု မရှိခြင်းနှင့် အလုပ် လက်မဲ့ များဖြစ်နေ ရခြင်းတို့ ကြောင့် မိမိတို့ မွေးရပ် မြေသို့ ပြန်လည် အခြေချရန်ဆန္ဒရှိသော် လည်း စစ်မီးများ မငြိမ်းသေး သည့်အတွက် ကြောင့် ပြန်လမ်းများ မရှိသေးပေ။ ဤပြဿနာ ကိုဖြေရှင်း နိုင်ရန် အတွက် ပထမဦးစွာ ထိုးစစ် ဆင်မှုများ ရပ်တန့်ပြီး တစ်နိုင်ငံလုံးဆိုင် ရာငြိမ်းချမ်းရေး ကိုအကောင် အထည် ဖော်သင့် သည်ဟု တအာင်း အမျိုးသမီး အဖွဲ့အ စည်း၏ တွဲဖက် အထွေထွေ အတွင်းရေး မှူး(၂)ဖြစ်သူ လိုည်းပိုး ငယ် မှ ပြောကြားသည်။

ထို့ကြောင့် ဤဒုက္ခသည် များသည်ကျွနု်ပ်တို့ ၏ အကူအ ညီများ များစွာ လိုအပ်နေပြီး အစိုးရမှလည်း တစ်နိုင်ငံ လုံး ဆိုင်ရာ ငြိမ်းချမ်းရေး ဖော်ဆောင် ရာတွင် ဤပြဿ နာများ ၏ ရေသောက်မြစ် သဖွယ် ဖြစ်နေသည့် စစ်မီးများကိုငြိမ်း သတ်ကာ နိုင်ငံရေး အရ တွေ့ဆုံဆွေး နွေးခြင်းဖြင့် ပြုပြင် ပြောင်း လဲမှုများ ကို အကောင် အထည် ဖော်သင့် သည်ဟု တိုက်တွန်းနှိုး ဆော်လိုက်ပါသည်။

                                                                                                 အလုပ်အမှုဆောင်ကော်မတီ
                                                                                                တအာင်းအမျိုး သမီးအဖွဲ့အစည်း (TWO)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။