Thursday, February 6, 2014

သျှမ်းပါတီနှစ်ခု ပေါင်းစည်းရေး သျှမ်းပြည်မှာသာ ဆွေးနွေးရန် ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် တိုက်တွန်း



သျှမ်းပါတီနှစ်ခုပေါင်းစည်းရေးအတွက် သျှမ်းပြည်နယ်အတွင်း သျှမ်းလူထုကြားတွင်သာ တွေ့ဆုံဆွေး နွေးရန် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် က ကျားဖြူပါတီ ဒုတိယ ဥက္ကဌ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် စိုင်းဆောင်ဆီထံ တိုက်ရိုက် စာရေးတိုက်တွန်း လိုက်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဆေထင် ၏စာတွင် - ကျားဖြူ ပါတီ နှင့် ကျားခေါင်းပါတီတို့သည် သျှမ်းပြည် လူထု အရေးဦးထိပ်ပန်ဆင် ရှေးရှု၍ ဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သဖြင့် သျှမ်းပြည်အရေးအား သျှမ်း ပြည်လူထုအကြား၌သာ ဆွေးနွေးတွေ့ဆုံလျှင် ပို၍ အဓိပ္ပာယ်ရှိမည်ဟု ဆိုပါသည်။




ထို့ကြောင့် ကျားဖြူပါတီ နှင့် ကျားခေါင်းပါတီ ပေါင်းစည်းရေးဆွေးနွေးပွဲကို သျှမ်းပြည်တွင်း တနေရာ တွင် ကျင်းပသင့်သည်ဟု ယူဆ ကြောင်း၊ ကျားဖြူပါတီ နှင့် ကျားခေါင်းပါတီတို့ ၏ ပေါင်းစည်းရေး ဆွေးနွေးပွဲအောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ပေးလိုက်ပါသည် - ဟုပါရှိကာ ဂျန္နဝါရီ ၂၈ ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။



ဂျန္နဝါရီ ၃၀ ရက်နေ့ လွှတ်တော်ရုံးအားရက်ဖြစ်ခြင်း၊ ကျားဖြူပါတီ၏ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ ၅ ဦး အနက် ၄ ဦးမှာ နေပြည်တော်ရောက်အမတ်များဖြစ်နေခြင်းတို့ကြောင့် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးရန် ကျားခေါင်းပါတီထံ စာပေးပို့ခြင်းဖြစ်သည်ဟု စိုင်းဆောင်ဆီကသျှမ်းသံတော်ဆင့်သို့ပြော ပါသည်။



ထို့အတူ ကျားဖြူပါတီ နှင့် ကျားခေါင်းပါတီပေါင်းစည်းရေးအတွက် ဆိုင်ကျော့ဌာနေပြည်သူ့စစ်ဉက္ကဌ စဝ်လွယ်မောဝ်ကလည်း သျှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် တွေ့ဆုံဆွေးနွေးမှုကို သျှမ်းပြည်နယ်အတွင်း အဆင်ပြေနိုင်မည့်နေရာ၊ နေ့ရက် အချိန် တို့အား နှစ်ဦးနှစ်ဘက်ပြန်လည်ညှိနှိုင်း၍ သတ်မှတ်သင့်သည်ဟု ဂျန္နဝါရီ ၂၇ ရက်နေ့က အကြံပြုစာ တစောင်ပေးပို့ခဲ့ ပါသေးသည်။

ဆက်စပ်သတင်းဖတ်ရန် http://burmese.panglong.org/news/85-2008-08-01-03-14-40/4562-2014-01-30-13-53-53.html

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။