Thursday, September 17, 2015

RCSS/SSA အား အစိုးတပ်မတော် တိုက်လေယာဉ် ၊ ရဟတ်ယာဉ်ဖြင့် လိုက်လံရှင်းလင်း

(သျှမ်းသံတော်ဆင့်)

RCSS/SSA နှင့် မြန်မာ စစ်တပ် တို့ အကြား သျှမ်းပြည်နယ် တောင်ပိုင်း ခိုလမ် ဒေသ တွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲတွင် အစိုးရ တပ်မတော် ဘက်မှ တိုက်လေ ယာဉ် နှင့် စစ်ရဟတ် ယာဉ်များ အသုံးပြုကာ နယ်မြေလိုက်လံ ရှင်း လင်းကြောင်း ဒေသခံများနှင့် RCSS/SSA တာဝန်ရှိ သူ တို့က ပြောသည် ။

စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့ တောင် ဘက် ၁၀ မိုင်ခန့်အကွာ ( ကျိုင်းတောင်းမြို့အသွားလမ်း ) ခိုအွတ် ကျေးရွာအုပ်စု ၀မ့်ကောင်းရွာ တောင်ဘက် တွင် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) လက်အောက်ခံ တပ်ရင်းများနှင့် ဒေသတွင်း အခြေစိုက် မြန်မာစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်အချို့ကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။


" မနက် ရ နာရီလောက်မှာ ဖြစ်တာ သူတို့ဘက်က အထိနာတော့ လေယာဉ်တွေ ဟယ်လီကော်ပတာတွေတက် လာပြီး လာတိုက်တယ် " - ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA  ပြောခွင့်ရ  ဗိုလ်မှူးကြီး စိုင်းလှက ပြောသည် ။


တိုက်ပွဲမှာ မနက် ၁၀ နာရီခန့်တွင် ပြီးဆုံးသွားခဲ့ပြီး အသေအပျောက် ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည် ။


'ယခုရက်ပိုင်း တိုက်ပွဲတွေက ဆက်လာနေတော့ ဒေသခံတွေက တော်တော် လန့်နေတယ် '- ဟု နမ်စန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသူရိန်ဦး က ဆိုသည် ။


ယခု ရက်ပိုင်း အတွင်း နယ်မြေ ရှင်းလင်းရေး အကြောင်းပြချက် ဖြင့် RCSS/SSA တပ်ရင်းများ နှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး သေဆုံးမှုများလည်း ရှိနေသည်ဟု  ဗိုလ်မှူးကြီးစိုင်းလှက ပြော သည် ။


‘ ဗိုလ်မှူးကြီးစိုင်းလှက သူတို့က ကျနော်တို့ကို ထိုင်းမြန်မာနယ်စပ် မုန်းထားဒေသကို ဆုတ်ခိုင်း နေတယ် ။ အဲဒီမှာ တပ်ရင်းတွေ အများကြီးကို တချို့တပ်ရင်းတွေနဲ့က အဝေးကြီး ။ ဒါမှန်းသိရင် အစကတည်းက ပြည် ထောင်စု အဆင့် ပြည်နယ်အဆင့် အပစ်ရပ်ရေးတောင် မလုပ်ဘူး ။ ကိုယ့်သျှမ်းပြည်မှာ နေတာပဲ အခုက နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုးဖို့ လုပ်နေတုန်းဖြစ်တာ ယုံကြည်မှု ထိခိုက်စေတယ်‘  ဟု ပြောသည် ။


အလားလူ လင်းခေးခရိုင် လင်းခေးမြို့ အရှေ့တောင်ဘက် ၀မ့်စလောင်းရွာ အနီးတွင်လည်း အစိုးရတပ်မတော် ၊ ပြည်သူ့စစ်တပ်ဖွဲ့ ပူးပေါင်းအင်အား ၄၀ စစ်ကြောင်း နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့အကြား စက်တင်ဘာ ၁၅ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည် ။


ဂျူလိုင်လ ၁၇ တနိုင်ငံလုံးအပစ်ရပ်ဖို့ အဆင်သင့်ဖြစ်နေသည်ဟု သျှမ်းပြည်တပ်မတော်မှ သဘောထား ထုတ်ပြန်သည့်နောက်ပိုင်း လွယ်လင်မြို့နယ်၊ နမ့်ဇန်မြို့နယ် ၊ ကွန်ဟိန်းမြို့နယ် ၊ မောက်မယ်မြို့နယ် ၊ လင်းခေးမြို့နယ် နှင့် ကျောက်မဲမြို့နယ် များအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည် ။  

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။