Tuesday, October 7, 2014

မြန်မာအစိုးရ တပ်မတော်ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်း အား တိုက်ခိုက် သိမ်းပိုက်ရာ တွင် မြန်မာ အစိုးရ တပ်မတော် လက်နက်ကြီးက နေအိမ် ရပ်ရွာအပေါ်  ကျသောကြောင့် ကျေး လက် လူထု နှစ်ဦး ပွဲချင်းပြီး သေဆုံးသည် ဟုသိရသည်။
အောက်တိုဘာ ၃-၄ ရက်နေ့ အတွင်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောဝ် - နောင် ဆွမ်းကျေးရွာအုပ်စု ဝမ့်မတ်ဟု (ရွာ) နေ (ဦး)ပေါထော့ဝ်ဥ အသက် ၇၇ နှစ်၊ ဝမ့်ဝပ်ကျေးရွာအုပ်စု ငူးလိန်ရွာ နေ (ဦး) လုံးဝါလင်လူ အသက် (၅၃) နှစ် သည် အစိုးရ တပ်မတော် မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နေအိမ် အတွင်းပွဲချင်းပြီးသေဆုံးသည်ဟု ရွာသားများက ပြောသည်။




“တာဖါဆောင်တပ်စခန်းကို တရက်လုံးလုံး လက်နက်ကြီးပစ်တယ်။ စခန်းမသိမ်းနိုင်ဘူး။ ညနေတော့ ငူးလိန်ရွာကိုပါ ထုတော့တာဘဲ။ အဲဒီမှာက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ လုံးဝါလင် လုံးကု ပွဲချင်းပြီးဘဲ။ ဝမ့်မတ်ဟုရွာက လုံးဥ ကတော့ ခြံထဲမှာ လက်နက်ကြီးဒဏ်ထိလို့ သူလဲ ပွဲချင်းပြီး။ သူ့သားမက်က မသေဘူး ဗုံးစ ၁၅ နေရာ ထိမှန်တယ်။ ဒဏ်ရာပြင်း တယ်။ စိတ်ပူရတယ်သူလဲ” - ကူညီကယ်ဆယ်ရေး အတွက် သျှမ်းပြည်တပ်မတော် နယ်မြေအတွင်းရောက် နိုင်ငံရေးပါတီဝင် တဦးကပြောသည်။
သျှမ်းပြည်တပ်မတော် နယ်မြေ အတွင်း ထိုးစစ်ဆင်နေသော မြန်မာ အစိုးရ တပ်မတော် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား လေးရက်အတွင်း စခန်းသိမ်းတိုက်ပွဲ နှင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်းဖြစ်ပွားသည်။

သျှမ်းပြည်တပ်မတော် သည် မြန်မာ နေပြည်တော်အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။