Saturday, October 4, 2014

ငြိမ်းချမ်းရေးပျက်လျှင် မြန်မာ့တပ်မတော်ကဖျက်ဆီးသူဟု RCSS/SSA ပြော

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေသို့ အစိုးရတပ်မတော် စစ်အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်နေခြင်းသည် လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေ ချိန်ဖြစ်သဖြင့် လုံးဝ မသင့်လျော်ကြောင်း၊ ငြိမ်း ချမ်းရေး ပျက်လျှင် မြန်မာ့တပ်မတော်က ဖျက်ဆီးသူဟု RCSS/SSA က ပြောကြား လိုက်ပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရလခ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် တပ်ရင်းများ၊ ရမခ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ တပ်ရင်းများ အင်အား ၁၀၀၀ ကျော် သုံးကာ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲ ကာ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မ တော် SSPP/SSA အား ထိုးစစ်ဆင်နေခြင်းသည် ငြိမ်းချမ်းရေး ပျက်စီးအာင် ဖျက်ဆီးနေခြင်းနှင့် တူသည်ဟု RCSS/SSA က ကြေငြာချက်တစောင် ထုတ်ပြန် လိုက်သည်။

“သျှမ်းပြည်တပ်မတော် SSPP/SSA ကို အခုလိုထိုးစစ်ဆင်နေတဲ့အပေါ် အစိုးရ အနေနဲ့ ဖြေရှင်းပေးသင့် တယ်။ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဘဲမဟုတ်ဘူး၊ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလဲ သိထားသင့် တယ်။ မြန်မာ့ တပ်မတော်က ရိုးသားမှုမရှိဘူး၊ အပြောတမျိုးအလုပ်တမျိုးလုပ်နေတယ်။ တိုင်းရင်းသားဒေသမှာ အင်အားမလျှော့တဲ့အပြင် အင်အားတိုးချပြီးထိုး စစ်ဆင်နေတယ်။ ဒီကိစ္စကို ပြန်သုံးသပ်သင့်တယ်။ ငြိမ်းချမ်းရေးပျက် ရင် မြန်မာ့တပ်မတော်က ဖျက်တဲ့သူဘဲ” - ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးေ ကာင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပြောရေးဆိုခွင့် စိုင်းဆိုင်မိဏ်းက ပြောကြားလိုက်သည်။

RCSS/SSA ၏ အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ကြေငြာချက်တွင် - (၁) အင်အား ထောင် ဂဏန်းသုံးပြီး SSPP/SSA အပေါ် မြန်မာ့တပ်မတော် ထိုးစစ်ဆင်နေသည့်လုပ်ရပ်အား အပြင်းအထန် ကန့် ကွက်ကြောင်း၊ (၂) မြန်မာ့တပ်မတော်လုပ်ရပ်သည် သမ္မတကိုယ်တိုင် ဦးဆောင် တည်ဆောက် နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် မြန်မာ့တပ်မတော်ကိုယ်တိုင် ချမှတ်ထားသည့် မူ ၆ ရပ်နှင့်လည်း ဆန့်ကျင်သွေဖီနေကြောင်း၊ (၃) ငြိမ်းချမ်းရေးတည်ဆောက်ထားသော တိုင်းရင်းသားတော်လှန်ရေး တပ်မတော်များအနေဖြင့် မြန်မာ့တပ်မတော်လုပ်ရပ်အပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း - ပါရှိပါ သည်။

လက်ရှိတွင် မြန်မာအစိုးရ တပ်မတော်သည် သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေအတွင်း အင်အားအလုံးအရင်းဖြည့်ကာ ထိုးစစ်ဆင်နေသောကြောင့် ယမန်နေ့နှင့် ယနေ့အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။