Friday, July 24, 2015

July,21-23 ရက်အတွင်း ဗမာတပ်နှင့် SSA/SSPP တို့ ထိတွေ့မှု

(Lachid Kachin)

21.7.2015 ရက်နေ့ နံနက် ပိုင်းမှ စတင်ကာ (စကခ-၁၇)
လက်အောက်ခံ (ခမရ-၅၉၆)တပ်မှ တပ်ရင်း မှုးကျော်ဝင်းလှိုင်
ဦးစီးသော အင်အား (၃၀) ခန့် ရှိစစ်ကြောင်း မှ မိမိ တို့ လွယ်နီုင်း
စခန်းရှိရာ ဘက်သို့ နယ်ကျော် ကာ ၀င်ရောက်ကျူးကျော်လှုပ်ရှား
ရန်စမှုများ စတင်ခဲ့ ကြောင်း သိရှိရပါသည်။



၂၁ ရက်နေ့ မွန်းလွဲ (၁၂း၃၀ ) မှ စတင် ကာ SSA တပ်များ နှင့်
တိုက်ပွဲ များစတင် ဖြစ်ပွား လာခြင်း ဖြစ်ပြီး ထိုမှ စတင်ကာ
(၂၁-၇-၂၀၁၅) ရက်နေ့ အတွင်း(၁၂း၃၀)တကြိမ်၊ (၁၄း၃၀)အချိန်၌
တကြိမ်၊ ညနေ(၁၅း၃၀)အချိန် နှင့် ညနေ (၁၆း၀၀ )နာရီ တို့တွင်
တိုက်ပွဲ များ အသီးသီး ဖြစ်ပွားခဲ့ သည်။


(၂၂.၇.၂၀၁၅)ရက်နေ့တွင် လည်း နံနက် (၆း၃၀)တွင်တကြိမ် ၊
မွန်းလွဲ(၂း၄၅)တွင်တကြိမ်၊ ညနေ(၅း၃၀)အချိန်တို့တွင် နှစ်ဘက်
ရင်ဆိုင်တိုက်ပွဲများအသီးသီး ဖြစ်ပွားခဲ့ ကြောင်းသိရှိရပါသည်။

၂၃.၇.၂၀၁၅ ရက်နေ့ နံနက် (၁၀း၃၀) အချိန် ရလခ တိုင်းG1
မှ SSPP/SSA ခါုလံ ဆက်ဆံ ရေးရုံးတာဝန်ခံ သို့ ဖုန်းဆက်ကာ
ရာဇသံ ပေး ခြိမ်းခြောက်ခဲ့ ကြောင်း သိရှိရပါသည်။


SSPP/SSA တပ်များ နှင့် ယနေ့ တိုက်ပွဲ ဆက်လက်ဖြစ်နေပါက
SSA အား ဗမာ့ စစ်တပ် မှ လေကြောင်း ဖြင့်လာရောက်တိုက်ခိုက်
သွားမည်ဖြစ်ပြီး ထို့အပြင် ဗမာစစ်တပ် တပ်မ တခုတခု မှလာရောက်
(တပ်အင်အားတိုးချဲ့ပြီး) တိုက်ခိုက်မည် ဟု ရာဇသံ ပေး လာ ကြောင်း
SSA ရှေ့တန်း အရာရှိများထံ မှ သတင်း ရရှိပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။