Tuesday, January 21, 2014

ဥက္ကဌရာထူးမှ အနားယူမည့်ကိစ္စ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ဦးအောင်မင်း စာရေး



ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က RCSS/SSA ၏ အမြင့်ဆုံး ရာထူးမှ အနားယူတော့မည့် ကိစ္စနှင့် ပတ် သက်၍ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ‘ငြိမ်းချမ်းရေး ထာဝရ ရသည်အထိ ဆက်လက်အားဖြည့် ဆောင်ရွက်သွားရန်’ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ထံလိပ်မူသည့် စာတစောင် ပေးပို့ခြင်းဖြစ်သည်။

ဂျန္နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ထံ ပေးစာတွင် ‘ငြိမ်းချမ်းရေးစတင်ဖေါ်ဆောင်စဉ်ကတည်းက ဦးယွက်စစ်နှင့်အတူ လက်တွဲဖေါ်ဆောင်လာ ခြင်း၊ ယုံကြည်မှုများတည်ဆောက်လာခဲ့ရခြင်းကြောင့် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက် ဆောင်ရွက်သွားပါရန်’ -  ပါရှိသော စာတစောင်ပေးပို့ခဲ့သည်။




နီးစပ်သည့်ပုဂ္ဂိုလ်တဦးက ‘ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ သူ့ရဲ့ ကျေးဇူးရှင်ကြီးလို့ ဦးအောင်မင်း ကိုယ်တိုင် မကြာခဏပြောဖူးတယ်’ - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။


ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA သည် ထိုင်းနယ်စပ် နေ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် ဦးအောင်မင်းနှင့် ပထမ ဦးဆုံး ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးသည့်တပ်ဖွဲ့ဖြစ်သည်။


ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်သည် MTA ခေါ် မုန်းတိုင်းတပ်မတော် ပြိုကွဲပြီးနောက်ပိုင်း သျှမ်းပြည် တပ်မတော် SSA အမည်ဖြင့် ပြန်လည်ဖွဲ့စည်းကာ ခေါင်းဆောင်ရာထူး ထမ်းရွက်လာသည်မှာ ၁၈ နှစ်တိုင်တိုင်ရှိပြီဖြစ်ပါသည်။ လက်ရှိတွင် RCSS/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။