(သျှမ်းသံတော်ဆင့်)
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအာင်းတပ်မတော် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
“ တအာင်းတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၇၇၃ နဲ့ အစိုးရတပ်က တပ်မ ၇၇ လက်အောက်ခံတပ်တို့ ပစ်ခတ် ကြ တယ်။ နမ္မတူမြို့နယ် ပန်လုံအုပ်စုထဲက ဝမ့်လီလုနဲ့ ဝမ့်ချောင်းသာရွာကြားမှာရှိတဲ့ ဝမ့်နားလေရွာနား မှာဖြစ် တာပါ။ အစိုးရတပ်ဘက်က ၃ ယောက်သေ ၅ ယောက်ဒဏ်ရာရ လို့ကြားရပါတယ်” ဟု နမ္မတူမြို့သား စိုင်းခမ်းကပြောသည်။