Wednesday, October 10, 2012

တိုင်းရင်းသားခေါင်းဆောင် ဒေါက်တာလျန်မှုန်ဆာခေါင်း မြန်မာပြည်သွားမည်

ခိုနူမ်းထုန် သတင်းဌာန

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ဖွဲ့စည်းထားသည့် လက်ရှိ Ethnic National Council  ဥက္ကဌ နှင့် CNF ရဲ့ အဓိပတိကောင်စီဝင် ၉၀ ရွေးကောက်ပွဲကာလ UNLD အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆလိုင်း လျန်မှုန်ဆာခေါင်း မြန်မာပြည်သွားမည်ဟု သတင်း ရရှိသည်။
“ အဓိက သွားမှာက Myanmar Egress and Peace Research Institute Oslo ကနေ ကမကထပြုပြီး ၁၃ – ၁၄ အောက်တိုဘာမှာ ကျင်းပမည့် The Seminar on Will Democracy Bring Peace to Myanmar ကို တက်ရောက်ဖို့ သွားမယ် ” ဟု ပြောသည်။

အဆိုပါ Seminar တွင် The 2008 Constitution and Ethni Issues: To What Extend did It Satisfy the Aspiration of various Ethnic Groups? ဆိုတဲ့ ၄င်း၏ စာတမ်းကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဒေါက်တာသည် Civil Society Forum က ပြုလုပ်မည့် သင်တန်းမှာ Resource Person အနေနဲ့ ပါဝင်မှာ ဖြစ်ပြီး အောက်တိုဘာ လကုန်မှာ ဇာတိမြေ ဟားခါးကို သွားပြီး တဆက် တည်း CNF Public Consultation မှာ ပါဝင်မည် ဟု ဆက်ဆိုသည်။

Martin Luther King Award ပိုင်ရှင် ဆလိုင်းလျန်မှုန်ဆာခေါင်းသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာပြည်ခရီးစဉ်တွင် ၉၀ နိုင်ငံရေးပါတီများ ၂၀၁၀ နိုင်ငံရေးပါတီအသီးသီးနှင့် ဆုံတွေ့ဘွယ်ရှိ သည်ဟု နီးစပ်သူ တဦးက ပြောသည်။

ခေါင်းဆောင်ကြီး လျန်မှုန်းဆာခေါင်းအား ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မီတီ (ရန်ကုန်) မှ ဦးဆောင်ပြီး ရန်ကုန်ရှိ ချင်း ပြည်သူများက မင်္ဂလာဒုံလေဆိပ်တွင် သွားရောက်ကြိုဆိုကြမည်ဟု ရန်ကုန်က လာတဲ့ သတင်းများ အရ သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။