Thursday, September 4, 2014

CNA လက်ခံသည်ဟု စွပ်စွဲပြီး အစိုးရစစ်တပ် က ရွာသားသုံးဦးအား နှိပ်စက်

ချင်း အမျိုးသား တပ်မတော်(CNA) ကို လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည် နယ် ၊ မောင်းတောမြို့နယ် ရသေ့ တောင်အခြေစိုက် ခမရ ၃၄၄ မှ တပ်ရင်းမှူးနှင့် အဖွဲ့သည် ပလက်ဝမြို့ နယ် အိန္ဒိယ – မြန်မာနယ်စပ်ရှိ ကုန်ပြင်ရွာသား U KyawKyaw, U Maungsein နှင့် ကာကီရွာ သား U Sane Aung တို့အား ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ယာ ထဲတွင် ဖမ်းဆီးနှိပ်စက်ပြီး ယနေ့ထိ ချုပ်နှောင်ထားသည်ဟု သိရသည်။

” U Kyawkyaw, U Maungsein နဲ့ U Sane Aung တို့ တောင်ယာထဲမှာ ရှိနေစဉ် ဖမ်းဆီး နှိပ် စက်ကြတယ်၊ CNA တွေကို ယာသီးနှံတွေ ပေးတယ်၊ ရွာထဲမှာ CNA အခြေချတယ်ဆိုပြီးတော့ အမျိုးမျိုး မေးမြန်နှိပ်စက်ပြီး ယာတဲမှာ ချုပ် နှောင်ထားကြတယ်၊ ရွာသားတွေက ချင်းထုံးစံအရ ၀က် တကောင် သတ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာလည်း ခွင့်မပြုဘူး” ဟု အမည်မဖော်လိုသူ ရွာသား တဦးက ခိုနုမ်းသုန်ကို ပြောသည်။

အစိုးရစစ်တပ်သည် ဒေသခံများထံ စားနပ်ရိက္ခများကို အတင်းအဓမ္မ တောင်းပြီး တောင်ယာထဲမှာ စခန်းချကာ ပလက် ၀မြို့နယ်၊ ရှင်းလက်ဝရွာသို့ ဈေးဝယ်နေသည့် မီဇိုရမ်ဖက်မှ ဒေသခံများ၊ ခရီး သွားပြည်သူများထံ CNA နဲ့ပါတ် သက်ပြီး စစ်ဆေးမေးမြန်းမှု များပြုလုပ်နေကြောင်း ထပ်မံသိရ သည်။

” အဲဒီကိစ္စ ကို ခရီးသွားပြည်သူတွေထံကနေ တဆင့်ကြားရတယ်၊ ကျတော်တို့အနေနဲ့ ပြည်တွင်း သွားချင်ယင် နီးစပ်ရာ အစိုးရတပ်စခန်းကို သတင်းပို့ပြီး အရပ်ဝတ်နဲ့ ၀င်ထွက်တာတော့ရှိတယ်၊ ဒီကိစ္စ အထက်ကို တင်ပြထား တယ်၊ ဘယ်လို ကိုင်တွယ်မလဲပေါ့၊ ဘာမှ မဆိုင်တဲ့ ပြည်သူကို ယခု လို နှိပ်စက်တာ မလုပ်သင့်ဘူး ” ဟု CNA တပ်မှူး ဗိုလ် ကြီး Linglaw က ပြောသည်။

CNF နှင့် CNA အဖွဲ့ ဝင်များသည် နိုင်ငံတစ်ဝှမ်းလုံးတွင် လက်နက်ကိုင်ဆောင်၍ ခရီးသွားလာခြင်း မှအပ လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုရန် ချင်းပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် CNF တို့  ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့က သဘောတူထားကြသည။်

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် ကွမ်းချောင်းဝအုပ်စု၊ ကွမ်းချောင်းဝကျေးရွာသားများ သည် ပြီးခဲ့တဲ့ ဇူလိုင် လ ၂၀ ရက်နေ့က ရွာခင်းပွဲတော်ကို ကျင်းပနေစဉ် ပလက်ဝမြို့ပေါ်အခြေစိုက် ခလရ (၂၃၂) မှ စစ်ကြောင်းမှူး ဗိုလ်ကြီး သန့်ဇင်ကျော်နှင့် အဖွဲ့သည် ည ၇း၃၀ နာရီတွင် ရွာတွင်း သို့ ရုတ်တရက်ဝင်ရောက်ပြီး အုပ်စု ဥက္ကဌ ဦး ကံကြီး အောင်အား ကိုယ်ထိလက်ရောက် နှိပ်စက် ခဲ့ကြသည်။

အစိုးရစစ်တပ်၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူတွေအနေဖြင့် လက်ရှိ အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးအကြား ပဏာမ ငြိမ်းချမ်းရေးရယူမှုအပေါ် ယုံကြည်မှု ကင်းမဲ့လာကြောင်း၊ ယင်းကိစ္စကို တာဝန်ရှိများမှ ချက်ချင်းဖြေ ရှင်းမှုပြလုပ် သင့်ကြောင်း ပြောဆို မှုများလည်းရှိနေသည်။

Khonumthung News Group.
http://www.khonumthungburmese.org/?p=4200

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။