Thursday, May 15, 2014

နယ်ခြားစောင့်တပ်များ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးဟု KHRG ထုတ်ပြန်

(ဧရာဝတီ)

မြန် မာပြည် အရှေ့တောင် ပိုင်းရှိ ပြည်တွင်း စစ် ဖြစ်ပွား ခဲ့သည့် နယ်မြေများ တွင် လူ့အခွင့် အရေး ဆိုင်ရာ သုတေ သနများ ပြုလုပ်ခဲ့ရာ တွင် ဒေသခံများ ထံမှ အများဆုံး ရရှိသော အချက် အလက်များအရ နယ်ခြားစောင့် တပ်ဖွဲ့ များ (BGFs) ၏ လူ့အခွင့် အရေး ချိုးဖောက် မှု ပြဿနာသည် အများ ဆုံး ဖြစ်ကြောင်း သိရသည်။

“BGFs တွေ ဟာ အပစ် အခတ် ရပ်စဲရေး မတိုင်ခင် ကာလ အတိုင်း ချိုးဖောက် မှုတွေ ရှိနေဆဲ ဆို တာ တွေ့ရပါတယ်”ဟု ကွင်းဆင်း လေ့ လာရေး လုပ်ငန်း အစီအစဉ်များ ၏ ညွှန်ကြားရေးမှူး စောအဲလ်ဘတ်က ဆိုသည်။

ချင်း နိုင်ငံရေးသမိုင်း (၁)

ခိုနူမ်းထုန် သတင်းဌာန 
 
လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများ သည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး  ( Tibeto-Chinese Family/  Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု  (Tibeto-Burman Sub-Family ) အနက်  Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ်စုဝင်များဖြစ်ကြပါသည်။

Tuesday, May 13, 2014

SNLD ပါတီဝင်အား ၁၇/၁ ဖြင့် အရေးမည့်ကိစ္စ ရပ်တန့်ပေးဖို့ သမ္မတထံတောင်းဆို

(သျှမ်းသံတော်ဆင့်)

SNLD ၏ ကျိုင်းတုံမြို့နယ် ကျေးရွာပါတီ ရုံးခွဲ ဥက္ကဌ အား အစိုးရတပ်မတော်မှ ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ပြီး ပုဒ်မ ၁၇/၁ ဖြင့် အရေးယူမည့်ကိစ္စ ရပ်တန်းကရပ်ကာ ကျိုင်းတုံမြို့၌ ဖြစ်ပွားခဲ့ သောပြဿနာအား နိုင်ငံတော်သမ္မတကိုယ်တိုင်ဖြေရှင်းပေးဖို့ SNLD က တောင်းဆို လိုက်သည်။
သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့်လည်း ပုဒ်မ ၁၇/၁ ဖြင့် SNLD ပါတီဝင် တဦးအား မတရားအသင်းအဖွဲ့ဆက်သွယ်မှုဖြင့် တရားစွဲမည့်လုပ် ရပ်အား ရပ်တန်း ကရပ်ရန်၊ ဖြစ်ပွားခဲ့သောပြဿနာများအား သမ္မတကြီးကိုယ်တိုင် အမြန်ဆုံး အရေးယူဆောင် ရွက်ပေးရန် တောင်းဆိုလိုက်သည်။

Saturday, May 10, 2014

“တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်”

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် မကြာခဏ ဆိုသလို တွေ့ဆုံခွင့်ရရှိခဲ့သော ကရင် အမျိုး သား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖော သည် ဧပြီလ ၂၆ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ တွင် ‘၀’  ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP) ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေ သ ၄ ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေး ကော်မတီ (NDAA) အပါအ၀င် တိုင်းရင်း သား အဖွဲ့အစည်းများ ကို တွေ့ဆုံခဲ့ သည်။ ယင်းနောက် မေလ တွင် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် သည် ဧရာဝတီ တိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းနှင့် ရန်ကုန်မြို့တို့သို့ ရောက်ရှိ လာပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့၊ လူမှုရေးအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင် တချို့၊ ကရင် ပြည်သူ လူထုနှင့်တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။  ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေး ပျက်ပြား နိုင်သည်ဟု တိုင်းရင်းသား များက ပြောဆိုနေချိန် KNU ခေါင်းဆောင်များ၏ ခရီးစဉ်များကြောင့် အနာဂတ် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍတွင် KNU မည်သို့ မည်ပုံ ဆက်လက်ပါဝင်လာမည်ကို  တိုင်းရင်းသားများနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်း က စိတ်ဝင်တစား စောင့်ကြည့် နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က  KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ရန်ကုန် ရောက်ရှိ နေချိန် သွားရောက် တွေ့ဆုံ မေးမြန်းထားသည်။

RCSS/SSA ရုံးစစ်ဆေးခံရမှု အစိုးရ စစ်တပ်မှ လက်တုန့် ပြန်ခြင်း ဟုဆို

သျှမ်းသံတော်ဆင့်သတင်း 
 
အစိုးရတပ်သည် သျှမ်းပြည် အရှေ့ပိုင်းမိုင်းတုံ မြို့နယ် ဖိုင်ခယ် ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်မှ ပျောက်ဆုံးသွားခြင်းကို RCSS/SSA ၏ လက်ချက်ဟု  ပြောဆို စွပ်စွဲကာ လက်တုန့် ပြန်သည့် အနေဖြင့် SNLD ၏ ကျေးရွာ (ရုံးခွဲ) ဥက္ကဌအား ဖမ်းဆီး ရိုက်နှက်ခြင်း၊ RCSS/SSA ဆက်ဆံရေး ရုံးအား ရှောင်တခင် စစ်ဆေး ရခြင်း ဖြစ်သည်ဟု စစ် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောပါသည်။

၂၀၁၄ မေလ ၄ ရက်က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းတုံ - ပုံပါကျင် လမ်းမ ပေါ်ရှိ ဖိုင်ခယ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်  နေအိမ်မှ ပျောက်ဆုံးသွားခြင်းသည် သျှမ်းပြည်တပ်မတော် လက်ချက်ဖြစ် သည်ဟုဆိုကာ UPWC မှ ဦးအောင်မင်းတို့အပါအဝင် စစ်ထောက်လှမ်းရေးများက သျှမ်းပြည်တပ်မတော် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။

ဖမ်းဆီး ထားသည့် SNLD ပါတီဝင် ကျိုင်းတုံ တရားရုံး၌ ရမန်ယူ

သျှမ်းသံတော်ဆင့်  
 
သျှမ်းပြည် တပ်မတော်အား ဆက်သွယ် ထောက်ပံ့ သည်ဟု စွပ်စွဲကာ အစိုးရတပ် ခလရ ၂၄၅ မှ ဖမ်းဆီး ထားသည့် ကျိုင်းတုံ မြို့နယ် ပိန်းတောဝ့် ကျေးရွာအုပ်စု နမ့်လင်းမိုင် ရွာနေ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဝင် စိုင်းအိုက်ဂျဲန်ကို မေလ ၉ ရက်နေ့ ကျိုင်းတုံ တရားရုံး၌ ရမန် ယူရကြောင်း ကြားသိ ရပါသည်။

Friday, May 9, 2014

RCSS ရုံး ဝင်ရောက်စစ်ဆေးမှု ဖြေရှင်းချက် ပေးရန် အစိုးရထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် တောင်းဆို

သျှမ်းသံတော်ဆင့် 
 
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှိ သျှမ်းပြည် တပ်မတော် RCSS/SSA ကိုယ်စားလှယ် ဆက်ဆံရေး ရုံးအား  တြိဂံ စစ်တိုင်းရုံးမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှု အား ဖြေရှင်းချက် ပေးရန် သျှမ်းပြည်တပ် မတော် ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ်က တောင်းဆို လိုက်ပါသည်။

၂၀၁၄ မေ ၆ ရက်နေ့က ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံအား စရဖ ရုံး၌ ၂ နာရီ ကျော် ကြာ ထိန်းသိမ်းထားပြီး ကိုယ်စားလှယ်ရုံးအားလည်း စဖရမှူးကိုယ်တိုင် ဦးစီးသည့် စစ်အင်အား ၂၀ ကျော်က ရှောင်တခင် ဝိုင်းရံစစ်ဆေးမှု ပြုရသည့်အကြောင်းရင်း ဖြေရှင်းချက်ပေးရန် ပြည်ထောင် စုငြိမ်း ချမ်းရေးဖေါ်ဆောင်ရေးဖေါ်ဆောင် ရေးကော်မတီထံ RCSS/SSA ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ်က  မေလ ၈ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုး တောင်းဆိုခြင်းဖြစ်သည်။

Thursday, May 8, 2014

‘ဝ’ ဒေသ ခရိုင်းမီးယားလို ဖြစ်မလာနိုင်ကြောင်း UWSP ပြော

(Irrawaddy)

ယူကရိန်းနိုင်ငံထဲက ခွဲထွက်ပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းသွားတဲ့ ခရိုင်းမီးယားဒေသလို အဖြစ်မျိုး မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ‘ဝ’ ဒေသမှာ ဖြစ်လာစရာ အကြောင်းမရှိကြောင်း ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေးပါတီ (UWSP) ရဲ့ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ခရိုင်းမီးယားဒေသ ရုရားနိုင်ငံနဲ့ ပူးပေါင်းသွားပြီးတဲ့နောက် မြန်မာနိုင်ငံထဲမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ် တည်ထောင်ရေး တောင်းဆိုနေတဲ့ ‘ဝ’ ဒေသဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အဆင်မပြေဖြစ်ရင် ခရိုင်းမီးယား ပုံစံမျိုး တရုတ်နိုင်ငံနဲ့ ပူးပေါင်းသွားနိုင်ဖွယ် ရှိမလားလို့ ဝေဖန် ပြောဆိုနေကြတာကို UWSP ဗဟို ဌာနချုပ်ရုံး အတွင်းရေးမှူး ဦးအောင်မြင့်က တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွါး


၇ ရက် ဧပြီလ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကွမ်းလုံမြို့နယ်၊ လားရှိုး-သိန္နီ- ကွမ်းလုံ ကားလမ်းမပေါ် အေးရှားဝေါ ဂိတ်အနီး ကွမ်းလုံမြို့နှင့် (၁၇)မိုင်အကွာယနေ့ ဧပြီ ၇ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော် တပ်ရင်း(၃၃၅) နှင့် မြန်မာ့ တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်း တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့ တပ်မတော်ဘက်မှ အနည်းဆုံး (၃)ဦး ကျဆုံးပြီး ဒဏ်ရာ အများ အပြားရရှိခဲ့သည်။

Wednesday, May 7, 2014

တိုင်းရင်းသားများလိုအပ်ချက် SNLD နှင့် KNU ​တွေ့ဆုံဆွေးနွေး

(သျှမ်းသံတော်ဆင့်)

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ရန်ကုန်မြို့၌ အလွှတ် သဘောတွေ့ဆုံကြကာ တိုင်းရင်းသားအရေးရှေ့ဆက်  လက်တွဲ ဆောင်ရွက်သွား မည့်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။  

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်သော တွဲဖက်အတွင်း ရေးမှူးအပါအဝင် ဗဟိုကော်မတီဝင် ၁၁ ဦးသည်  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်အား ၂၀၁၄ မေလ ၆ ရက် နံနက် ၁၀ နာရီက ၁၁ နာရီခွဲအထိ  ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ SNLD ဗဟိုဌာနချုပ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။


ဦးအောင်မင်းနှင့် KNU ဒု-ဥက္ကဋ္ဌတို့ တွေ့ဆုံ

(Mizzima)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းတို့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် မေလ ၆ရက် ညနေက တွေ့ဆုံခဲ့သည်။

Tuesday, May 6, 2014

ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှု တိုင်းရင်းသားတွေ ဘာကြောင့် ချန်ခဲ့သလဲ

(Irrawaddy)

မြန်မာ့နိုင်ငံရေး မှာ သြဇာ အင်အားကြီးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းတို့ က အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု ဗဟိုကော်မတီ တရပ်ကို ဖွဲ့စည်း လိုက်ပြီး လွှတ်တော် ပြင်ပ လူထု လှုပ်ရှားမှုတွေ စတင် လုပ်ဆောင်နေပြီဖြစ်ပေ မယ့် တိုင်းရင်း သား နိုင်ငံရေး အင်အား စု တွေ၊ ပြည်တွင်းနိုင်ငံရေး ပါတီတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို လှုပ်ရှားမှာ ပါဝင် ဖို့ တရားဝင် ကမ်း လှမ်း ဖိတ်ကြား တာမျိုး မရှိသေးတဲ့ အတွက် ဝေဖန်မှုတွေ ထွက်ပေါ် လာပါတယ်။

Saturday, May 3, 2014

RCSS/SSA တပ်မှ ပစ်ခတ်၍ “ဝ” တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခြင်းမှာ အောက်ခြေ ပြဿနာဟု “ဝ” သဘောထား

(Mizzima)

“ဝ” တပ်ဖွဲ့မှ စစ်သည်တစ်ဦး သေဆုံးသည်အထိ ရှမ်းပြည်တောင်ပိုင်း တပ်မတော်(RCSS/SSA)မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို အောက်ခြေအဆင့် ပြဿနာဟုသာ သထောထားသည်ဟု  “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

“ဒါကတော့ မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ ကိစ္စ၊ အောက်ခြေအဆင့် ပြသနာပါ၊ ဒီကိစ္စ ဆက်ပြီး မကြီးထွားသွားအောင် မပြန့်ပွား သွားအောင် နှစ်ဖက်လည်း ကိုယ့်တပ်၊ ကိုယ့်အဖွဲ့ကို ထိန်းချုပ်နိုင်အောင် လုပ်ဖို့လိုတယ်၊ ဘာပဲပြောပြော တိုင်းရင်းသား ညီအစ်ကို အဖွဲ့အစည်းတွေပဲ” ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

စည်းလုံးရေးအတွက် ယုံကြည်မှုက အဓိက - သျှမ်းခေါင်းဆောင်များဆို

(သျှမ်းသံတော်ဆင့်)

တဖွဲ့နှင့်တဖွဲ့ စည်းလုံးညီညွတ်ရေးတည်ဆောက်ရာတွင် ယုံကြည်မှုသည် အဓိကဖြစ်ကြောင်း သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ၏ ၆ လပတ်အစည်းအဝေး၌ သျှမ်းခေါင်းဆောင်များက ပြောဆိုကြသည်။
သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့၊ လူမှုအသင်းအဖွဲ့များနှင့် ဖွဲ့စည်းထူထောင်ထား သည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ Committee for Shan State Unity (CSSU)၏ ၆ လ ပတ် အစည်းအဝေးကို မေလ ၁ ရက်နှင့် ၂ ရက်တို့တွင် ထိုင်း−မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်ခဲ့ရာ အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ  ၇၀ ကျော် တက်ရောက်ခဲ့သည်။


Thursday, May 1, 2014

ပဋိပက္ခများ ငြိမ်းချမ်းစွာ ဖြေရှင်းရေး “ဝ”နဲ့ KNU ဆွေးနွေး

(ဧရာဝတီ)
ဝ ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) နဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) တို့ ဧပြီ ၂၆ ရက် က ပန်ဆန်းမြို့ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားများ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခများကို နိုင်ငံရေးနည်းနဲ့ အပြန် အလှန်ဆွေးနွေးခြင်း၊ တန်းတူညီတူ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားကြဖို့ သဘော တူညီခဲ့ကြတယ်လို့ သိရပါတယ်။