Wednesday, February 13, 2013

အပစ်ရပ်ပြီးနောက် ကရင်ပြည်နယ် တွင်း လမ်းတံတားတည်ဆောက်မှု များပြားလာ


ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
 ကရင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြား အပစ်ခပ်ရပ်စဲရေး လက်မှတ်ရေးထိုး ကြပြီးနောက် ပိုင်း ပြည်နယ်အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတား တည်ဆောက်မှုကို ပိုမိုလုပ်ဆောင် လာ ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်ကို ကေအိုင်စီမှ ယမန်နေ့က ဆက် သွယ်မေးမြန်းရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ(PSO) စောခေါင်ဖါထော့က “ဘားအံ – လှိုင်းဘွဲလမ်းမှာ တံတား (၄)စင်း၊ လှိုင်းဘွဲ – ပိုင်ကျုံမြို့နယ်ခွဲသွားတဲ့လမ်းမှာ တံတား (၄)စင်း၊ သံလွင်မြစ် အနောက်ဘက်ကမ်းမှာရှိနေတဲ့ ၀ဘိုးတော – ကမမောင်းသွားတဲ့ လမ်းမှာ တံတား(၇)စင်းကို လက်ရှိ ဆောက်လုပ်နေပါတယ်။”ဟု ပြောသည်။

ဘိန်း တိုက်ဖျက်ရေး အစီစဉ်ကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့


ရွှေဟသာင်္သတင်းဌာန ဖေဖော်ဝါရီလ (၁၂) ရက်နေ့

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း (ပလောင်) ပြည်လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ က ယမာန်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှုးတာဘုန်းကျော်က ဆိုပါသည်။

“မနေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့ ပန်းဆေးကျော်မြင့်ကုန်း အောက်မှာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျနော် တို့တပ်ဖွဲ့က ဘိန်းခင်းတွေ လိုက်ဖျက်နေတာ နမ့်ခမ်းမြို့အတက်မှာ အစိုးရ တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။” ဟု ဆို ပါသည်။

Tuesday, February 12, 2013

ဖက်ဒရယ်မူ၊ ရှစ်ပြည်နယ် ၂၀၀၈ ဖွဲ့စည်းပုံများနှင့် ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း


ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ပြည်ထောင်စု ပေါင်းစည်းရေး ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည်မှာ ၆၆ နှစ် တိုင်ခဲ့ပါပြီ။ ပင်လုံစာချုပ် လက်မှတ်ေ ရးထိုးပြီးနောက် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့သော်လည်း တိုင်းရင်းသား နယ်မြေများတွင် သေနတ်သံများ မစဲသေးပါ။ ငြိမ်းချမ်း သာယာဝပြော စည်ပင်သည့် ပြည်ထောင်စုကြီး မတည်ဆောက်နိုင်သေးပါ။ ကမ်္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးကို ဆက်လက် ဆင်နွှဲနေသည့် မြန်မာနိုင်ငံ၏ အနေအထား၊ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ ရနံ့သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်ကို အောက်တွင် ဖော်ပြ အပ်ပါသည်။

Monday, February 11, 2013

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အမြင်များ


ဧရာဝတီ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံစာချုပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာကို အလေးအမြတ် ပြုပြီး ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်လာခဲ့တာ ယခုဆိုရင် ၆၆ နှစ်တိုင်ခဲ့ ပါပြီ။ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ ယခုနှစ် ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး နယ်ပယ် အသီးသီးက ဆက်သွယ်မေးမြန်းလို့ရသမျှ တိုင်း ရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားပြုသူများရဲ့ အမြင်ကို ဧရာဝတီ သတင်း ထောက် လင်းသန့်က စုစည်းထားပါတယ်။

ဒေါက်တာ တူးဂျာ
(တသီးပုဂ္ဂလ ကချင်နိုင်ငံရေးသမား)

“ပြည်ထောင်စု စစ်စစ် မတည်ဆောက်နိုင်သေးတဲ့ အချိန်ကာလတွေမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် လုပ်ပေမယ့် သူ့ရဲ့ အနှစ်သာရ အပြည့် အ၀ကို ပြည်သူတွေအနေနဲ့ မခံစားရဘူး။ ပြည်တွင်းစစ် ယမ်းငွေ့အနံ့တွေ က ထောင်းထောင်းထ ပျံ့လွင့်နေတဲ့ အချိန်ကာလမှာ မြို့ပေါ်က လူတွေ လောက်ပဲ ပြည်ထောင်စုနေ့ ကျင်းပတဲ့ နေရာတွေကို တက်နိုင်ပြီး ပါဝင် ဆင်နွှဲနိုင်တာ။ စစ်ဖြစ်ပွားနေတဲ့ တောဒေသတွေက လူတွေက ပြည် ထောင် စုနေ့တောင် ပါဝင်ဆင်နွှဲခွင့် မရဘူး။

KNU ခေါင်းဆောင်များနှင့် ဧရာဝတီတိုင်း ကရင်လူထု တွေ့ဆုံ

(ဧရာဝတီ)


ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် ဧရာဝတီ တိုင်းရှိ ကရင်လူထုတို့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်း ပန်းတနော်မြို့ အားကစားကွင်းတွင် တွေ့ဆုံကြကြောင်း သတင်းရရှိသည်။

ပန်းတနော်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကျင်းပသည့် အစိုးရနှင့် KNU အကြား ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ထောက်ခံ ပွဲတွင် တွေ့ဆုံခြင်းဖြစ်ပြီး၊ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲ၊ ၀ါးခယ်မ၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များမှ ကရင်လူထု ၁ သောင်းနီးပါး တက် ရောက်သကဲ့သို့ KNU ဗဟိုကော်မတီမှလည်း ဖဒိုမန်းငြိမ်းမောင်၊ ဦးမန်း မန်း၊ ဖဒို သမိန်ထွန်းတို့ တက် ရောက်ကြသည်ဟု သိရသည်။

ဖဒိုမန်းငြိမ်းမောင်က “ကျနော်က ပန်းတနော်သားတယောက်ပါ။ ပထမ ဆုံးအကြိမ် ဧရာဝတီတိုင်းက ကိုယ့်အမျိုးတွေ၊ ညီအစ်ကို မောင်နှမတွေ ပြန်တွေ့ကြတဲ့ပွဲလေ။ ငြိမ်းချမ်းရေးကို ထောက်ခံကြတာတွေ့တော့ အရမ်းဝမ်းသာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော


သျှမ်းသံတော်ဆင့်

ဒုတိယပင်လုံညီလာခံကို စိတ်ဝင်စားမှုသိပ်မရှိ ပထမပင်လုံကိုသာ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောပါသည်။
“ ၁၉၄၇ ပထမပင်လုံညီလာခံကြောင့် သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ရပိုင်ခွင့်တချို့ ဆုံးရှုံးရတယ်ဆိုပေမယ့် ကျနော် ကတော့  ပထမပင်လုံကို ဘဲ ဆက်လက်စွဲကိုင်ပြီးကြိုးစားသွားမယ်။ ဒုတိယပင်လုံ ညီလာခံဆိုတာ အခန့်မသင့်ရင် ကျန်တဲ့ရပိုင်ခွင့်တွေတောင်ထပ်မံဆုံးရှုံးသွားနိုင်ပါတယ် ” ဟု မကြာသေးခင်က ကျင်းပသော အစည်းအဝေး   တခု၌ပြောကြား ကြောင်း ဆိုပါသည်။

ယခင်က မလေးရှားနိုင်ငံအား Federated Malay States  ဟုခေါ်ဆိုသ ကဲ့ သို့ ထိုစဉ်က သျှမ်းပြည်နယ်ကိုလည်း Federated  Shan States ဟု အမည်တွင်ခဲ့သည်။  ထို့ကြောင့် မလေးရှားနိုင်ငံကဲ့သို့ အင်္ဂလိပ်လက် အောက်ဆက်လက်နေ သွားပါက ယခုပင်လျင် လွတ်လပ်သော နိုင်ငံတခု ဖြစ်နေပြီဟူသည်မှာ သျှမ်းခေါင်းဆောင်အချို့၏ယုံကြည်ချက်ဖြစ်သည်။

Friday, February 8, 2013

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွဲကြရန် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

(ဧရာဝတီ)


သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံးကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

အစိုးရက လက်နက်ကိုင် အဖွဲ့အစည်းတိုင်းနှင့် ပါတီတိုင်းအား နိုင်ငံရေး ဆွေးနွေးရန် ကြိုဆို ကမ်းလှမ်းလာပြီ ဖြစ်သဖြင့် နိုင်ငံရေး ပြဿနာများအား ဝိုင်းဝန်းဖြေရှင်းကာ တိုင်းပြည်တိုးတက်ရေးအတွက် စည်းလုံးညီညွှတ်စွာဖြင့် လုပ်ဆောင်ကြရန် အချိန်အခါကောင်းဖြစ်ကြောင်း ရှမ်းပြည်တပ်မတော် (SSA) တောင်းပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

သျှမ်းအမျိုးသားနေ့၌ ကျေးလက်အမျိုးသမီးတဦးအား မြန်မာစစ်သား မုဒိန်းကျင့်


သျှမ်းသံတော်ဆင့်

၆၆ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ အခါသမယ၌ သျှမ်းပြည်အလယ်ပိုင်း  ကျေးသီးမြို့နယ် ကျေးလက် အမျိုးသမီး တဦးအား  မြန်မာစစ်သားတဦး  ဓါးပြတိုက် မုဒိန်းကျင့်ကြောင်း စုံစမ်းသိရှိရသည်။
“ မနေ့က ည သန်းခေါင်လောက်မှာ ကျေးသီးအခြေစိုက် ခလရ ၁၃၁ က တပ်သား မောင်ဦး။ ကျေးသီးမြို့ မိုင်းနင်အုပ်စု နောင်ယုမ်းရွာက အမျိုးသမီးတယောက်ရဲ့ အိမ်ထဲကိုဝင်သွားပြီး ဓါးပြတိုက် တယ်။ ဒါတွင်မကဘဲ ဓါးနဲ့ထောက်ပြီး မုဒိန်းကျင့်တယ်။ အမျိုးသမီးက ကလေး ၂ ယောက်မိခင်” ဟု ကျေးသီးမြို့ သျှမ်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်ခဲ့သည့် မိုင်းနောင်ဒေသခံ စိုင်းလ ကပြောသည်။

ဖေဖော်ဝါရီ ၇ ရက်ညသန်းခေါင်အချိန်တွင် ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ မှ တပ်သားမောင်ဦး (အသက် ၃၀ ခန့် ) က မိုင်းနင်အုပ်စု နောင်ယုမ်းရွာ နေ အမည်မဖော်လိုသူ သျှမ်းအမျိုးသမီးတဦး (အသက် ၂၆ ) အိမ်အား တံခါးခေါက်အကူအညီတောင်းရာ အဆိုပါအမျိုးသမီးက

SSA ဌာနချုပ်တွင် ရှမ်းပြည်အမျိုးသားနေ့ စည်ကားစွာ ကျင်းပ

(ဧရာဝတီ)


ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်မှာ ဖေဖော်ဝါရီလ ၇ က ကျင်းပတဲ့ (၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနားဟာ အရင်နှစ်တွေက လုပ်ခဲ့တဲ့ပွဲတွေထက်စာရင် အစည်ကားဆုံးဖြစ်တယ်လို့ ရှမ်းတပ်မှူးတွေနဲ့ တက်ရောက်လာတယ် ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒေသအရပ်ရပ်ကလာတဲ့ လူထု ဧည့်ပရိသတ်တွေလည်း ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြသလို ဌာနချုပ်ကလည်း စစ်ရေးပြ အခမ်းအနားတွေကို အရင်နှစ်တွေကထက် အဆပေါင်းများစွာတိုးပြီး အင်အား ၅ ထောင်ကျော်အထိ အသုံးပြုခဲ့တဲ့အတွက် ဌာနချုပ်ရဲ့ စစ်ရေးပြကွင်းကြီးတခုလုံး ကြက်ပျံမကျ စည်းကားနေပါတယ်။

Thursday, February 7, 2013

“ရှမ်းပြည်နယ်နေ့” အခမ်းအနားကို အနှစ် ၂၀ ကျော်အတွင်း တရားဝင် ကျင်းပခွင့်ရရှိ

(ဧရာဝတီ)


ယနေ့ကျရောက်သည့် ၆၆ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို မြန်မာပြည်အနှံ့ တရားဝင် ကျင်းပခွင့် ပြုလိုက်သည်ဟု သိရသည်။

ယခင်က “ရှမ်းပြည်နယ်နေ့ အခမ်းအနား” ဟု သုံးစွဲခွင့် မပြုခဲ့ဘဲ “ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ပဒေသာကပွဲ အခမ်းအနားနှင့် အစားအစာ ဈေးရောင်းပွဲတော်နေ့” ဟူ၍သာ ရန်ကုန်ရှိ ၉ မိုင် ရှမ်းကျောင်းတွင် ကျင်းပခဲ့ရကြောင်း၊ အနှစ် ၂၀ တွင် ပထမဆုံး အဖြစ် ယခုနှစ်တွင် တရားဝင် ကျင်းပခွင့် ပြုခြင်းဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

နမ့်ဆန်မြို့နယ်တွင် ကားလမ်း တိုးချဲ့ဖောက်လုပ်မှုကြောင့် ပလောင်လူထုနေအိမ်များ ဖျက်ဆီးခံရ


ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ဒေသ ဖွံ့ဖြိုးရေးအတွက် အောင်ဇမ္မူ သီဟ ကုမ္ပဏီနှင့် ရွှေဖူးကြော် ကုမ္ပဏီတို့မှ နွေရာသီ ကားလမ်းတိုးချဲ့မွမ်းမံမှုကြောင့် ပလောင် (တအာင်း) ဒေသခံ လူထုများ၏ အိမ်နှင့် စိုက်ပျိုးခင်းအချို့ ဖျက်ဆီးခံ ရမှုများရှိသည်ဟု သိရှိရသည်။

နမ့်ဆန်ဒေသဖွံ့ဖြိုးရေးဟူ၍ မြန်မာအစိုးရမှ ၎င်းဒေသရှိ တအာင်းအမျိုး သားပါတီအား ဇန်န၀ါရီလ အတွင်းက ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁ထောင် ချပေးကာ ထိုမှတဆင့် တအာင်းအမျိုးသားပါတီသည် နွေရာသီ ကားလမ်းတိုးချဲ့ ဖောက်လုပ်ပေးရန် အောင်ဇမ္မူသီဟကုပဏီနှင့် ရွှေဖူး ကြော်ကုပဏီတို့ကို ကျပ်ငွေ သိန်း ၉၅၀ ပေးကာ လုပ်ငန်းစတင်ပြီး နောက် နေအိမ်များ ထိုသို့ ဖျက်ဆီးခံရခြင်းဖြစ်သည်။

Wednesday, February 6, 2013

UWSA ဆောက်မည့် ရေကာတာ စီမံကိန်းအပေါ် ထိုင်းနိုင်ငံစိုးရိမ်မှုရှိ


သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း  မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကုတ်ကျောက်မီးသွေးတူးဖော်ရေးနှင့် တောင်ပိုင်း ဝ ဌာနချုပ် ဝမ့်ဟုန့်အနီး လွယ်ပုံတောင်း တွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ရေကာတာ တည်ဆောက်မည့်အပေါ် ထိုင်းလူမှုအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုရှိနေကြောင်း ဆိုပါသည်။


“ ရေကာတာကြီးဆောက်လိုက်မယ်ဆိုရင် နမ့်ကုတ်ချောင်းဟာ မကြာခင် မဲခေါင်မြစ်လိုမျိုးဖြစ်သွား မှာကို မြင်ယောင် နေမိတယ်။ နွေဆိုရင်လဲ လှေအသွားအလာ မရလောက်အောင် ရေခန်းတယ်။ တရုတ်နိုင်ငံဘက်က ရေကာတာ ဆောက်ပြီး ကတည်းက ဒီနေ့အထိ အဲဒီမြစ်တလျှောက်နေထိုင်တဲ့လူထုက အခက်အခဲတွေကြုံနေရတာလေ” ရွှေတြိဂံ ဒေသနေ ထိုင်းကုန်သည်တဦးကပြောသည်။

Friday, February 1, 2013

သျှမ်းမြောက် နမ့်ခမ်းဘက်မှ သစ်များ တရုတ်နိုင်ငံက နေ့စဉ်လာရောက်သယ်ယူနေ


သျှမ်းသံတော်ဆင့်

မြန်မာပြည်ဘက် သျှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ သစ်များကို တရုတ်နိုင်ငံမှ သစ်ကုန်သည် များက နေ့စဉ် ကားဖြင့် လာရောက်သယ်ယူနေကြောင်း သတင်းရရှိသည်။

“တရုတ်သစ်တင်ကားတွေက နေ့တိုင်း ညသန်းခေါင်အချိန်တွေမှာ   တရုတ်ပြည် ဂျယ်ကောင် ဘက် ကနေ နမ့်ခမ်းမြို့ဖြတ်ပြီး မန့်ဝိန်းဘက်ဆင်းသွားတာ တနေ့ အစီး ၃၀လောက်ရှိတယ်၊ ကားတွေက ၁၂ ဘီး ကား တွေ ချည်းပဲ၊ သစ်တင်ပြီးရင်တော့ ကချင် မန့်ဝိန်းကြီးဘက်ကနေ နောင်တောင်းမြို့မှာရှိတဲ့ သစ်ဂိုဒေါင်မှာ သွားစုထားတာတွေ့ရတယ်  ” ဟု နမ့်ခမ်းဒေသခံ ဈေးပတ် လိုက်ရောင်းနေသော ဈေးသည် တစ်ဦး ပြော သည်။

အစိုးရဝန်ထမ်းများ အခွန်ကောက်ခံမှုဖြင့် ခရီးသွားလာမှုကို ဟန့်တားနေ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆို


သျှမ်းသံတော်ဆင့်
 
မြို့အဝင်အထွက်ဂိတ်၊ လမ်းတံတားဂိတ်များ၌ အစိုးရဝန်ထမ်းများက အခွန်များ ပိုမိုကောက်ခံနေမှုဖြင့် ပြည်သူများ၏ ခရီးသွားလာမှုကို တားဆီးဟန့်တားနေသကဲ့သို့ဖြစ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ဆိုပါသည်။
ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် နိုင်ငံရေး အခြေအနေ တိုးတက် ပြောင်းလဲလာသည်ဟုဆိုကာ ပြည်သူများ ခရီးသွားလာမှု ယခင်က ထက်ပိုမို များပြားလာသည်နှင့်အမျှ အစိုးရ၏ ဌာနဆိုင်ရာ ဝန်ထမ်းများ လည်း အခွင့်ကောင်းယူကာ အခွန်စောင့်ကြပ်ကောက်ခံလာကြောင်း၊ စောင့်ကြပ်ကောက်ခံ မှုမှာလည်း ၂၀၁၂ အတွင်း ပိုမိုများပြားလာကြောင်း ဂျန္နဝါရီလ ၃၀ ရက်နေ့ထုတ် SHRF ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင်ရှိ BP1 နှင့် ပုံပါကျင် နယ်စပ် ဂိတ်၌ ယခင်နှစ်များက ခရီးသွား တစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ခံရာမှ ၂၀၁၂ အောက်တိုဘာလမှစ၍ ဘတ် ၅၀၀ တိုးမြှင့်ကောက်ခံ လာ ကြောင်း၊ လင်းခေးမြို့

UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်


သျှမ်းသံတော်ဆင့်
 
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပန အခမ်းအနား အား မြို့တော်ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။

အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို ယနေ့ ၃၀ ရက်နေ့၌ ကျင်းပခဲ့သည်ဟုဆိုပါသည်။