Tuesday, June 4, 2013

DKBA ၏ နှလုံးသား တိုက်ပွဲမှ နိုင်ငံရေး ဆွေးနွေးပွဲ စင်မြင့်သို့

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) သည် လူတန်းစား ပေါင်းစုံ ပါဝင်သော အစည်းအဝေး တရပ်ကို ကျင်းပ လိုကြောင်း ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ဤသို့ကြောင့် DKBA သည် မည်သည့် ရည်ရွယ်ချက်နှင့် မည်သို့သော လုပ်ငန်းစဉ်များ ရှိနေသည်ကို အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင် ရွက်နေသူ ဗိုလ်မှူး ထွန်းထွန်းနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ 
အစိုးရသည် လက်ရှိတွင် ပြုပြင်ပြောင်းလဲနေသည်ဟု ပြောနေသော်လည်း လက်တွေ့တွင် သိသာ ထင်ရှားခြင်း မရှိသေး ဟု DKBA က ခံယူပါသည်။ ထို့အပြင် ဒီမိုကရေစီရေး လှုပ်ရှားသူများသည်လည်း အကြောင်း အမျိုးမျိုးကြောင့် ကွဲပြဲမှု များပြား လာနေသည့် အပြင် စည်းလုံး ညီညွတ်မှုများ အားနည်း လာနေပြီး ရေရှည်၌ မှေးမှိန်ပျောက်သွားမည့် အနေအထားတွင် တည်ရှိနေကြောင်း အကဲခတ်ထားပါသည်။

အစိုးရနှင့်နိုင်ငံရေးဆွေးနွေးပွဲကို ကေအဲန်ယူဦးဆောင်ရန် ကရင်လက်နက်ကိုင်များဆုံးဖြတ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးသည့်အခါ အပစ်ရပ်ထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး KNU မှ ဦးဆောင်ရန် မေလ ၃၁ နေ့က ပြုလုပ်ခဲ့သော ကရင်လက်နက်ကိုင်တပ်ဖွဲ့များ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ကေအဲန်ယူ အထွေထွေအတွင်းရေးမှုး ဗဒိုစောကွယ်ထူးဝင်းက ပြောသည်။

သူက “အစိုးရနဲ့နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါ ကျနော်တို့ ကေအဲန်ယူ ဦးဆောင်ပေးဖို့ ပြောတာပါ။ ဆွေးနွေးပွဲ မပြုလုပ်ခင် ဆွေးနွေးမယ့်အချက်တွေကို ကျနော်တို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြံပြုချက်တွေကိုလည်း ယူဖို့လိုအပ်ပါတယ်”ဟု ဆိုသည်။

ကရင်ပြည်နယ် ဌာနဆိုင်ရာ သတင်းများ ရယူခွင့် မကြာ ခဏ ပိတ်ပင်တားဆီးခံရ

(KIC)

ကရင်ပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာများ ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ အစည်းအဝေးများ၌ သတင်းသမားများ သတင်း သွားရောက်ယူရာတွင် ဌာနဆိုင်ရာများက ပိတ်ပင်တားဆီးမှုများ မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်ဟု ပြည်နယ် အတွင်းရှိ သတင်းထောက်များက ပြော ဆိုနေကြသည်။


ဖားအံမြို့ရှိ ပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခမ်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို ဇွန်လ ၁ရက်တွင် ကရင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန(က-ည-န)က ဦးစီးပြုလုပ်ခဲ့ရာ သတင်းထောက် များက သွားရောက်သတင်းယူနေစဉ် ပိတ်ပင်ခံရခြင်း ဖြစ်သည်။

ဇိုမီးအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အချိုးကျကိုယ်စားပြု- PR စနစ်ကို လက်မခံ

(KIC)

ဇိုမီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု (Propotional Representation-PR) စနစ် ကျင့်သုံးမည်ကို လက်မခံနိုင်ကြောင်း ၎င်းပါတီ ၏ ဥက္ကဌ ပူကျင်ရှင်းထန်က ကေအိုင်စီ သို့ ပြောကြားသည်။



“ကျနော်တို့ ပီအာရ်စနစ်ကို လက်မခံဘူး။ ဒီခေတ်မှာ ဒီအခြေခံဥပဒေအောက်မှာ ပီအာရ်စနစ်က ဘယ်နည်းနဲ့မှ မအောင်မြင်နိုင် ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပီအာရ်စနစ်က အမျိုးမျိုးရှိပြီး ဒီလောက်ရှုတ်ယှက်ခတ်နေတဲ့ စနစ်ကို ပြည်သူတွေ နားလည်ဖို့ ခက်တယ်။ မဲတစ်ခါပေးဖို့တောင် မလွယ်၊ ဒီဥစ္စာတော်တော်လေးခက်မယ်။”ဟု ပူကျင်ရှင်းထန်က ပြောသည်။

Monday, June 3, 2013

သမ္မတနဲ့ တွေ့ဆုံရေး ရှမ်းခေါင်းဆောင်တွေ ထိုင်းမှာဆွေးနွေး

(RFA)

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရင် ဆွေးနွေးအကြံပြုနိုင်ဖို့အတွက် RCSS ရှမ်းပြည်တပ်မတော်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေဟာ ထိုင်း၊ မြန်မာနယ်စပ်မှာ ဇွန်လ ၁ ရက်ကနေ ၂ ရက်နေ့အထိ  နှစ်ရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က RFA ကို အခုလို ပြောပါတယ်။

တိုင်းရင်းသားဖြစ်ရေးမှသည် မွတ်ဆလင်ပြည်နယ်ထူထောင်ရေးနှင့် စိန်ခေါ်မှုများ

(မိုးမခ)

“ စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့်တွေ့ ဆုံပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့်ပူးပေါင်းခွင့်ပြုရန်တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ရရှိအောင်လုပ်ပေးရန်ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင် ဆန်း အိန္ဒိယသို့ အသွားတွင် မွတ်ဆလင်ခေါင်းဆောင် မစ္စတာဂျင်းနားနှင့်တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်နှင့်မောင်တော ဒေသမှ မွတ်ဆလင်များက

ကရင်နီ စစ်ဘေးရှောင်များအား အစိုးရ အသိအမှတ်မပြု ၀မ်းရေးအခက်ကြုံ

ကန္တာရ၀တီတိုင်း(မ်) 
 
ကယားပြည်နယ် ရှားတောမြို့နယ် စုစည်းကျေးရွာတွေမှာ နေနေရတဲ့ ဒေသခံတွေဟာ အစိုးရကနေ တရားဝင် အသိအမှတ် မပြုတဲ့အတွက် စားဝတ်နေရေးအခက်အခဲများကြုံနေရပြီး ရွာဟောင်းပြန်  လုပ်ကိုင် စားသောက် လိုကြကြောင်း ပြောပါတယ်။

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အကြား အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ကာလအတော အတွင်း စုစည်းကျေးရွာမှရွာသားများ ရပ်ရွာဟောင်းမှာ ပြန်လည်နေထိုင်ကြပေမဲ့ အာဏာပိုင်တွေက တရားဝင်အသိအမှတ် မပြုနိုင်သေးတဲ့အချိန်မှာ ဒေသခံတို့က ယခုလိုပြောဆိုလာတာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်များကို နုတ်ထွက်ခိုင်းသည့်ကိစ္စ ပအိုဝ်းပြည်သူ့စစ် ငြင်းဆို

(DVB)

တောင်ကြီးမြို့ မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးကို ပအိုဝ်းပြည်သူ့စစ်က လက်နက်နဲ့ဝိုင်းပြီး ပါတီဝင် ၅၀ ကျော်ကို ဖိအားပေး နုတ်ထွက်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပအိုဝ်းပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာက ငြင်းဆိုလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်တွေကို နုတ်ထွက်ခိုင်းတယ်ဆိုတာ မဟုတ်ဘဲ သူတို့သဘောနဲ့ သူတို့ နုတ်ထွက်တာလို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီးခွန်လာက ပြောပါတယ်။

ရဲများ၏ စွပ်စွဲ ချက်ကို ကော်မီရှင် ဖွဲ့ပြီး ရင်ဆိုင်

(ရွှေဟင်္သာသတင်းဌာန)

သင်္ကြန်၌ဖြစ်ပွား ခဲ့သော ရဲနှင့် ပဋိပက္ခတွင် အဖမ်းခံ ရသည့် မွန်လူငယ်များ ပြန်လည် လွတ်မြောက် ရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးကို စုံစမ်း နိုင်ရန် အတွက် ရဟန်းတော်များ၊ မွန်နိုင်ငံရေး ပါတီများနှင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မီတီ များက (၁၅) ဦးပါ ကော်မရှင် တစ်ရပ် ဖွဲ့စည်း လိုက်သည်ဟု ရဟန်းတော် တစ်ပါးက ဆိုပါသည်။ 

ဒီကော်မရှင် ကတော့ အဖမ်းခံရတဲ့ ကလေးတွေ ကွင်းလုံးကျွှတ် အမှုက လွတ်အောင် ကူညီလုပ်ဆောင်ဖို့နဲ့ အမျိုးသား အလံကို ဆုတ်ဖြဲတဲ့ ကိစ္စ ပြီးတော့ ခြေနဲ့ နင်းတဲ့ ကိစ္စ ယုတ်ညံ့စွာ စွပ်စွဲပြောဆိုတဲ့ ဒု-ရဲအုပ်မြင့်နိုင်ကို တရား ဥပဒေရှေ့မှောက်မှာ အပြည့်အဝ အရေးယူဆောင်ရွက်ဖို့ အဓိက တာဝန်ရှိပါတယ်ဟု ကော်မရှင် အဖွဲ့ဝင် ဖြစ်သည့် နိုင်ရာဇာမှ ဆိုပါသည်။

သမ္မတထံ တင်ပြ နိုင်ရန် RCSS ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် သမ္မတနှင့် ဆွေးနွေးသည့် အခါ တင်ပြချက်များ ရရှိရန်ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသော ရှမ်းအဖွဲ့ အစည်း များနှင့် တိုင်ပင် ဆွေးနွေး ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

 သမ္မတနဲ့ တွေ့ဖို့ ရက်ကိုတော့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က တရားဝင် ဖိတ်ခေါ်စာ ပို့လိုက်ပါပြီ၊ စာထဲ မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် အဖွဲ့ကို သမ္မတ နှင့် တွေ့ဆုံ ပေးမယ့် အကြောင်း ရေးထား ပါတယ်။ ကျနော်တို့ ကတော့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ နိုင်ငံရေး မဆွေးနွေး ခင်မှာ သမ္မတနဲ့ အရင် တွေ့ပြီးရင် ရန်ကုန်ကို အလည် အပတ် သွားဦးမယ်ဟု ပြောပါသည်။

ကားလိုင်စင် လက်ဆောင်ကိစ္စ အစိုးရနဲ့ CNF ဝေဖန်ခံနေရ

(ဧရာဝတီ)

အစိုးရက ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်ဆောင်အဖြစ် ကားလိုင်စင်တွေ ချပေးတာကို တိုင်းရင်းသား အဖွဲ့တွေကလည်း လက်ခံခဲ့ကြတဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင် လုပ်ရာမှာ အခွန်လျှော့ပေါ့ခွင့်၊ အခမဲ့ လုပ်ခွင့်တွေပါတဲ့ စာအိတ်တွေကို တဖွဲ့ချင်းစီ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ ချင်းအမျိုးသား တပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ပြောပါတယ်။

ဦးသိန်းစိန်နှင့်တွေ့လျင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်မှဆွေးနွေးမည့်အချက်များ သျှမ်းလူထု စုပေါင်းအကြံထုတ်



သမ္မတကြီး ဦးသိန်းစိန်အား ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်မှ တွေ့ဆုံပါက တင်ပြဆွေးနွေးမည့် အချက်များ ရရှိရန် သျှမ်းပြည်တွင်းနိုင်ငံရေးပါတီ နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ၊ လူမှုအဖွဲ့အစည်းများပါဝင်သော ဆွေးနွေး ပွဲတရပ်ကို ထိုင်းနယ်စပ်တွင် ၂ ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျွန် ၁ ရက်နေ့မှ ၂ ရက်နေ့ အထိ ကျင်းပ ခဲ့ခြင်းဖြစ်သည်။ သျှမ်းအဖွဲ့အစည်း ၁၀ ခုကျော်မှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့သည်။

Sunday, June 2, 2013

လူသားချင်းဆိုင်ရာ ကူညီထောက် ပံ့မှုများ လျှော့ ကျလာသည့်အပေါ် ကရင်အဖွဲ့ အစည်းမှ စိုးရိမ်

(KIC)

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ခိုင်မာသော အပစ်အခတ်ရပ်စဲရေး ရရှိရန် ဆွေးနွေးမှုအဆင့်၌သာရှိနေပြီး နိုင်ငံရေး အရ ဆွေးနွေးမှုများ မရှိသေးသဖြင့် ကရင်ဒေသများ အတွင်း နယ်စပ်ဒေသဖြတ်ကျော်၍ လူသားချင်းစာနာထောက်ထား မှု အကူအညီပေးခြင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ သိသာစွာ လျှော့ကျသွားသည်ကို တွေ့ရ၍ လွန်စွာမှ စိုးရိမ်ကြောင်း ကရင်အ ဖွဲ့အစည်းများက ပြောကြားလိုက်သည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် KNU တပ်မဟာ(၇)နယ်မြေ၌ ၉ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှော ဖလှယ်ပွဲကို ၂၀၁၃ခုနှစ်၊ မေလ ၂၇ရက်နေ့မှ ၃၁ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ထိုနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း (၄၀)ဖွဲ့မှ ကိုယ်စားလှယ်များက ထိုသို့ တညီတညွှတ်တည်း သဘောထားရှိကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်း တိုင်းရင်းသား ပါတီများ၏ ဖက်ဒရယ် ညီလာခံ

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား ပါတီ များဖြင့် စုဖွဲ့ထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NPF) မဟာမိတ် အဖွဲ့သည် လာမည့် ဇွန်လလယ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဖက်ဒရယ် ယူနီယံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် ရှိသည်ဟု ကျားဖြူ ပါတီ ဒုဥက္ကဌ  စိုင်းဆောင်ဆီက ဆိုပါသည်။
“ကျင်းပမှာက ဇွန်လ ၁၁၊ ၁၂ နှစ်ရက် တည်းပါ။  အဓိက ကတော့ ဖက်ဒရယ် ယူနီယံနဲ့ ပါတ်သက်တဲ့ ကော်မီတီ သစ် တစ်ခု ဖွဲ့စည်းဖို့ပါ။  တကယ်လို့ PR ရွေးကောက်ပွဲ စနစ်နဲ့ လုပ်လာမယ် ဆိုရင် အင်အားပြိုင်နိုင်အောင် စုစည်းမှု တစ်ရပ် အနေနဲ့ တည်ဆောက်တာ ဖြစ်တယ်” ဟုဆိုပါသည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် DKBA စီစဉ်

(KIC)

လက်ရှိ နိုင်ငံရေးအခြေအနေမှ သိသာမြင်သာသည့် တိုးတက်မှုရရှိရန် ရည်ရွယ်ပြီး ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို လာမည့် ဇွန်လ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ရန် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)မှ စီစဉ်နေကြောင်း သိရသည်။


လက်ရှိ ပြုလုပ်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ထင်ထားသမျှ တိုးတက်မှုများ မတွေ့ရှိရသေးသဖြင့် အဖွဲ့အစည်း ပေါင်းစုံမှ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် ယခုအစည်းအဝေးကို စီစဉ်ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်ဟု (DKBA) ပြောခွင့်ရသူ ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးထွန်းထွန်းက ပြောသည်။