Monday, June 3, 2013

သမ္မတထံ တင်ပြ နိုင်ရန် RCSS ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် သမ္မတနှင့် ဆွေးနွေးသည့် အခါ တင်ပြချက်များ ရရှိရန်ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသော ရှမ်းအဖွဲ့ အစည်း များနှင့် တိုင်ပင် ဆွေးနွေး ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

 သမ္မတနဲ့ တွေ့ဖို့ ရက်ကိုတော့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က တရားဝင် ဖိတ်ခေါ်စာ ပို့လိုက်ပါပြီ၊ စာထဲ မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် အဖွဲ့ကို သမ္မတ နှင့် တွေ့ဆုံ ပေးမယ့် အကြောင်း ရေးထား ပါတယ်။ ကျနော်တို့ ကတော့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ နိုင်ငံရေး မဆွေးနွေး ခင်မှာ သမ္မတနဲ့ အရင် တွေ့ပြီးရင် ရန်ကုန်ကို အလည် အပတ် သွားဦးမယ်ဟု ပြောပါသည်။
 
RCSS နှင့် ရှမ်းအဖွဲ့ အစည်း များသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ၂ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ယင်းဆွေးနွေး ပွဲသို့ ထိုင်းနိုင်ငံ နယ်စပ် တလျှောက်ရှိ သျှမ်းပြည်နယ်နှင့် သက်ဆိုင်သော CBO အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီဝင်များ၊ ထိုင်းနယ်စပ်မှ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ကိုယ်စားလှယ်များ၊ မိုင်းလား (NDA) အဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း အဖွဲ့ အစည်း (၁၀) ဖွဲ့မှ ကိုစားလှယ် (၅၀) ခန့် တက်ရောက် ခဲ့ပါသည်။

ယင်းဆွေးနွေး ပွဲ၌ အဆိုပြု ထားသည် များမှာ
(၁) အပစ်အခတ် ရပ်စဲ ထားမှုကို ကြည့်ရှု့ စောင့်ကြပ်ရေး အဖွဲ့ ဖွဲ့စည်း ပေးရန်
(၂) မတရား အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ကို ပယ်ဖျက် ပေးရန်နှင့်
(၃) နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ရာတွင် နိုင်ငံတကာ အသိ သက်သေများ ပါဝင်ရန် တို့ ဖြစ်ပါသည်။
အစိုးရ တပ်များသည် RCSS နှင့် ဆက်သွယ် သူများကို  ပုဒ်မ ၁၇/၁ ဖြင့် အရေးယူမည် ဖြစ်ကြောင်း ခြိမ်းခြောက် နေခဲ့ပါ သည်။ RCSS သည် ရှမ်းလူထုနှင့် ဆက်ဆံ ရာတွင် ဤပုဒ်မက အနှောင့်အယှက် ဖြစ်နေ ပေသည်။ လူထု နှီးနှော ဖလှယ်ပွဲများ ကျင်းပခြင်း၊ ပြည်တွင်းရှိ ရှမ်းနိုင်ငံရေး ပါတီ များနှင့်  ရပ်မိ ရပ်ဖများ ဆက်ဆံရေး များကို ထိခိုက် နေစေ သည်ဟု ဆိုပါသည်။
ပုဒ်မ ၁၇/ ၁ နှင့် ပါတ်သက်ပြီး ၀န်ကြီး ဦးအောင်းမင်းသည် တစ်တိုင်း ပြည်လုံး အတိုင်းအတာနှင့် အပစ် အခတ် ရပ်စဲသည့် အခါမှ သာလျှင် မတရားအသင်း ပုဒ်မကို  ပယ်ဖျက် ပေးမည်ဟု ဆိုခဲ့ကြောင်း ပြီးခဲ့သည့် မေ လ ၁၃ ရက်နေ့၌ RCSS ကိုယ် စားလှယ်နှင့် MPC တွင် တွေ့ဆုံစဉ် ပြောကြား ခဲ့ပါသည်။

RCSS သည် အပစ်အခတ် ရပ်စဲစဉ် အစိုးရနှင့် သဘောတူ ထားသော အချက် များထဲမှ အကောင်အထည် မဖေါ်နိုင် သေးသော သဘော တူညီချက် များကို တင်ပြ နိုင်ရန် ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့တွင် ၀န်ကြီး ဦးအောင်မင်း တို့နှင့် ရန်ကုန် မြို့ရှိ ငြိမ်းချမ်းရေး စင်တာ (MPC) တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ RCSS သည်  အစိုးရနှင့် ပြည်နယ် အဆင့် အပါအ၀င် ပြည်ထောင်စု အဆင့်၌ () ကြိမ် ဆွေးနွေး ခဲ့ပြီး သဘော တူညီချက်ပေါင်း (၄၀) ကျော် သဘောတူ ထားခဲ့သော အဖွဲ့ ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။