(သျှမ်းသံတော်ဆင့်)
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ညီလာခံ၌ သျှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ရေးဆွဲ ထားသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း တင်ပြသွားမည် ဖြစ်ကြောင်း SNLD ပြော ခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။
SNLD မှ ရေးဆွဲ နေသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းအား လ နှင့်ချီ၍ အချိန်ယူရေးဆွဲရကြောင်း UNA ညီလာခံ၌ တင်ပြ နိုင်ရန် အပြီးသတ် ရေးဆွဲ နေကြောင်း၊ တခြား အုပ်စု ရေးဆွဲ နေသော နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းနှင့် မတူဘဲ နိုင်ငံရေး ဆွေးနွေးမှု ၊ တတိုင်းပြည်လုံး အပစ်ရပ်နိုင်မှုများအား ပြိုင်တူ သွားရန် ရေးဆွဲ ထားကြောင်း မူကြမ်းရေးဆွဲရေးကော်မတီမှ စိုင်းထွန်းအေးက ပြောသည်။