Thursday, December 25, 2014

သျှမ်းပြည်တောင်ပိုင်း၌ အစိုးရတပ်မတော်စစ်ကြောင်း မိုင်းနင်းမိသုံးဦးဒဏ်ရာရ

(သျှမ်းသံတော်ဆင့်)

ဒီဇင်ဘာ ၂၂ ရက် ၂၀၁၄ နံနက် ၈ နာရီခွဲ သျှမ်းပြည်တောင် ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့ အခြေစိုက် ခမရ ၃၃၂ က မြို့တောင် ဘက် ၁၆ မိုင်ခန့် အကွာ ခိုင်းနောင်ငင်းဒေသ နောင်လုံ(မ်) ရွာနှင့် ကန့်ကန်ရွာ အကြားတွင် မိုင်းနင်းမိရာ သုံးဦးဒဏ်ရာရှိ သည်ဟု ဒေသတွင်း သတင်း ရပ်ကွက်ကဆိုပါသည်။

ဒီဇင်ဘာ လဆန်းပိုင်းမှ ယနေ့ထိ   မိုင်းပန်မြို့နယ်အတွင်း လမ်းဖေါက်လုပ်ရေး အကြောင်း ပြချက်ဖြင့် အစိုးရတပ်မတော် ခမရ ၃၃၂၊ ၅၂၀၊ ၅၇၅၊ ၅၇၇၊ ခလရ ၆၆ နှင့် ဆောက်လုပ်ရေး တပ်ရင်းအမှတ် ၉၂၁ တို့ အင်အားတိုးချ လှုပ်ရှားလျှက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်က သျှမ်းပြည် တပ်မ တော် RCSS/SSA နှင့် ထိပ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်းရေး ရရှိရေး ပအိုဝ်းတိုင်းရင်းသား ၂၀၀၀ ကျော် ဆန္ဒပြတောင်းဆို

(ဧရာဝတီ)

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း များ အောင်မြင်ပြီး ဆုံးသည် အထိ အစိုးရက ဆောင် ရွက်ပေးရေး ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) ဦးဆောင်မှုဖြင့် ပအိုဝ်း တိုင်းရင်းသား ၂၀၀၀ ကျော် က   ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး မြို့တွင် ယနေ့ ဆန္ဒပြ တောင်း ဆို ကြောင်း သတင်း ရရှိသည်။

ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ရရှိရေး၊ ပြုပြင်ပြောင်းလဲမှု အမြန်ဆောင်ရွက်ရေး၊ တိုင်းရင်း သားများ အခွင့်ရေးရရှိရေး ၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၊ တောင်းဆိုချက်များ အမြန်ရရှိရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန်  ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က ဦးဆောင် တောင်းဆိုခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားများ ဆန္ဒ ဖော်ထုတ် ရေး ကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းရွှေက ဧရာဝတီသို့ ပြောသည်။

Tuesday, December 23, 2014

တိုင်းရင်းသားလိုချင်တဲ့ ငြိမ်းချမ်းရေး၊ အစိုးရ မဖေါ်ဆောင်နိုင်

(RFA)

အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။


ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ပထမအကြိမ် ညီလာခံမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့ပါတယ်။

Saturday, December 20, 2014

ဘီအဲန်အိုင်မှ တိုင်းရင်းသားအယ်ဒီတာများ အရည်အသွေးမြှင့်တင်

(KIC)

တိုင်းရင်းသားသတင်းဌာန အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း(ဘီအဲန်အိုင်)မှ ဦးစီး၍ အယ်ဒီတာအဆင့်ရှိ သူနှင့် အကြီးတန်းသတင်းထောက်များအား အယ်ဒီတာစီမံခန့်ခွဲမှုသင်တန်းတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Fame ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂၃ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

ခြောက်ရက်ကြာ ပြုလုပ်မည့် ယင်းရက်တိုသင်တန်းကို တိုင်းရင်းသားသတင်းစာ၊ တိုင်းရင်းသားသတင်းသမားများ ဖွံ့ဖြိုးတိုး တက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် မြန်မာပြည်အခြေစိုက် United Nations Educational Scientific and Cultural Organization-UNESCO က ကူညီထောက်ပံ့ပေးသည်ဟု ဘီအဲန်အိုင် စီမံခန့် ခွဲရေး ညွှန်ကြားရေးမှူး ဦးဇင်လင်းက ပြောသည်။

အမေရိကန်တွင် ပထမဆုံး ရဲအရာရှိဖြစ်လာသည့် ကရင်တိုင်းရင်းသား

(DVB)

အမေရိကန် ပြည်ထောင် စု စိန်ပေါလ် ရဲတပ်ဖွဲ့ အကယ်ဒမီကနေ ဘွဲ့ရခဲ့တဲ့ စော လယ်ထူး ဟာ ပထမဆုံး ရဲအရာရှိဖြစ် လာ တဲ့ မြန်မာနိုင်ငံ ဖွား ကရင် တိုင်းရင်းသား ဖြစ်ပါ တယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ က ကျောင်းဆင်းခဲ့ တဲ့ လယ်ထူးဟာ သင်တန်း မပြီးသေး သလို အတွေ့အကြုံ ရှိတဲ့ ၀ါရင့် အရာရှိတွေနဲ့ သီတင်း ၁၆ ပတ်ကြာ ကွင်းဆင်းရမယ်လို့ ပြောပါတယ်။

စောလယ်ထူးဟာ ၃ နှစ်သား အရွယ်အထိ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သလို ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ ၁၅ နှစ်ကြာနေထိုင်ခဲ့တာဖြစ်ပါတယ်။

Thursday, December 18, 2014

မလွှဲတောင် ဓါးပြ တရားခံ နိုင်အလွန်နှင့် နိုင်အဆောင်း တို့ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ

(ရွှေဟင်္သာသတင်းဌာန)



တနင်္သာရီတိုင်း ရေဖြူ မြို့နယ် မလွှဲတောင် နယ်ခြား စစ်ဆေးရေး စခန်း အနီး၌ ရွှေဝယ် ရတနာ ခရီးသည် တင်ယာဉ်အား ဓါးပြ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဓါးပြ တိုက်ခဲ့သည့် နိုင်အလွန်နှင့် နိုင်အဆောင်း ဓါးပြ အဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှစ၍ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ၎င်းဓါးပြ အဖွဲ့နှင့် ရင်းနှီးသည့် သူတဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အတည်ပြု ပြောသည်။

“အခု တပ်မတော် ကလည်း လိုက်နေတယ်၊ KNU ကလည်း လိုက်နေတယ် ဆိုတော့ သူတို့ ရေဖြူဂွင်မှာ နေလို့ မရ တော့ဘူး၊ အဲဒါကြောင့် နယ်စပ်ကို ရှောင်ပြေး သွားတယ်၊ နယ်စပ်ရဲ့ ဘယ်နေ ရာလဲ ဆိုတာတော့ ကျနော် မေးတော့ သူတို့ မပြောပြဘူး” ဟု ၎င်း အလွန် အဆောင်း ဓါးပြ ညီအစ်ကိုနှင့် ရင်းနှီးသည့် သူငယ်ချင်း တဦးမှ ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်တို့ နှစ်ရက် ဆက်တိုက် တိုက်ပွဲငယ် ဖြစ်ပွားခဲ့

ရွှေဟင်္သာ သတင်းဌာန 
 
ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (ခေါ်) ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်တို့ အကြား ဒီဇင်ဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့ များတွင် နှစ်ရက် ဆက်တိုက် တိုက်ပွဲ ငယ်များ ဖြစ်ပွား ခဲ့ကြောင်း RCSS/SSA တာဝန်ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့သည်။

သျှမ်းပြည်တောင်ပိုင်း၌ အခြေခံမဲဆန္ဒရှင် စာရင်းစတင် ကောက်ယူ

(သျှမ်းသံတော်ဆင့်)

ဒီဇင်ဘာလ  ၂၂ ရက်နေ့မှစ၍ သျှမ်းပြည် တောင်ပိုင်း မြို့နယ်ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲ နှင့် ရပ်ကျေးရွေးကောက် ပွဲ ကော် မရှင် အဖွဲ့ခွဲတို့မှ အခြေခံမဲဆန္ဒရှင် စာရင်းများ စတင်ကောက် ယူ နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

သို့သော် ယင်းမဲစာရင်းများအား အတည်ပြုထုတ်ပြန်ကြေညာရန် မဟုတ်သေးကြောင်း ခရိုင်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးတင်ဦးကပြောသည်။

သီပေါရဲ ပစ်သတ်ခံရသည့်နောက် စစ်တပ်နှင့်အတူ ရွာသားများနေ့ရောညပါကင်းစောင့်ရ

(သျှမ်းသံတော်ဆင့်)

သီပေါမြို့နယ် ရဲကင်းတခု အား အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမား ဝင်ရောက် ပစ်ခတ်သည့်  နောက်ပိုင်း အဆိုပါရဲကင်း၌ စစ်တပ်မှ လာရောက် အစားထိုးကာ ၎င်းတို့နှင့်အတူ ရွာသားများ အား နေ့ရောညပါ ၂ ယောက်စီ အလှည့်ကျ ကင်းစောင့်ခိုင်းသည်ဟု ရွာသားများ ကပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ နမ့်လန်အသွားလမ်း ၉ မိုင်အလွန် လားရှိုးလမ်းခွဲ ခိုလုံရွာ နမ့်လန်းတံတားစောင့် ရဲကင်းတခုအား အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမားက ဝင်ရောက် ပစ်ခတ်ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့သည်။  ထိုနောက်ပိုင်း အဆိုပါ တံတား ကင်းစခန်း၌ တင့်ကားတပ်ရင်းအမှတ် ၅၀၀၃ နှင့် ခလရ ၁၄၇ ပူးပေါင်းတပ်တို့က ရဲတပ်ဖွဲ့အစား ဝင်ရောက်စခန်းချ နေထိုင်ရာ ၎င်းတို့နှင့်အတူ ခိုလုံရွာသား  နေ့ ၂ ဦး၊ ည ၂ ဦး ဆင့်ခေါ်ကင်းစောင့်ခိုင်းသည်ဟု အမည်မဖေါ် လိုသည့် သီပေါသားတဦးက ဤကဲ့သို့ ပြောသည်။

Wednesday, December 17, 2014

သျှမ်းမြောက်၌ အစိုးရစစ်တပ် နှင့် ပြည်ထောင်စုတပ်မတော် FUA တို့ တိုက်အပြင်းအထန်ဖြစ်ပွား

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း နှင့် မန်တုံမြို့နယ် အတွင်း ယခုလဆန်းအတွင်း အစိုးရ စစ်တပ်နှင့် ပြည်ထောင်စု တပ်မတော် တို့ တိုက်ပွဲ အပြင်း အထန်ပြန်လည်ဖြစ်ပွါး လာနေကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၁၀ ရက်ကတိုက်ပွဲနှစ်ကြိမ် ၁၃ ရက်က တကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၊ အစိုးရတပ်မှာ တပ်မ ၅၅ နှင့်တပ်မ ၁၁ တို့ဖြစ်ကြကြောင်း၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA  သတင်း ပြန်ကြားရေးဌာနမှူး မိုင်းအိုက်ကျော်ကဆိုသည်။

UNA ညီလာခံ၌ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း SNLD တင်ပြမည်

(သျှမ်းသံတော်ဆင့်)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA  ညီလာခံ၌ သျှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်  SNLD မှ ရေးဆွဲ ထားသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း တင်ပြသွားမည် ဖြစ်ကြောင်း SNLD ပြော ခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။

SNLD မှ ရေးဆွဲ နေသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းအား လ နှင့်ချီ၍ အချိန်ယူရေးဆွဲရကြောင်း   UNA  ညီလာခံ၌ တင်ပြ နိုင်ရန် အပြီးသတ် ရေးဆွဲ နေကြောင်း၊ တခြား အုပ်စု ရေးဆွဲ နေသော နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းနှင့် မတူဘဲ နိုင်ငံရေး ဆွေးနွေးမှု ၊ တတိုင်းပြည်လုံး အပစ်ရပ်နိုင်မှုများအား ပြိုင်တူ သွားရန် ရေးဆွဲ ထားကြောင်း မူကြမ်းရေးဆွဲရေးကော်မတီမှ စိုင်းထွန်းအေးက ပြောသည်။

Tuesday, December 16, 2014

သျှမ်းပြည်တောင်ပိုင်း၌ RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့နယ် တွင် ဒီဇင်ဘာ ၁၄ ရက်နံနက်ပိုင်း က အစိုးရ တပ်မတော် နှင့် သျှမ်းပြည် တပ်မတော် RCSS/ SSA တို့ တိုက်ပွဲဖြစ်ပွားသည်ဟု မိုင်းပန်မြို့ခံများက ပြောသည်။

မိုင်းပန်မြို့အခြေစိုက် တပ်ရင်း နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ လင်းခေးခရိုင် မိုင်းပန်မြို့ တောင်ဘက် ၁၀ မိုင်ခန့်ဝေးသည့် ဝမ့်ဟတ် ဒေသတွင် တိုက်ပွဲဖြစ်ပွားရာ အစိုးရ တပ်မတော်ဘက် တဦးသေ တဦးဒဏ်ရာရရှိသည်ဟု တပ်အသိုင်းအဝိုင်းကပြောသည်။

Monday, December 15, 2014

လယ်တောပြန်ရွာသားကို သျှမ်းသူပုန်ဟုဆိုကာ အစိုးရစစ်တပ် တလကြာဖမ်းဆီးစစ်ဆေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း လဲချား မြို့နယ် တတ်မောက်ကျေးရွာ မှ ရွာသား တဦး မြန်မာ အစိုးရ စစ်တပ် က သျှမ်း သူပုန်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

ဦးလုံးယန္န ပါခမ်းဆာတို့၏သား စိုင်းမြင့်ကျော်အား လယ်တောမှအပြန် စစ်ကြောင်းပြန် ခိုလမ်အခြေစိုက် ရလခတိုင်းမှ စစ်သားကဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

Saturday, December 13, 2014

မွန် - တနင်္သာရီရှိ ဓါးပြများကို အစိုးရ တပ်မတော် ရှင်းလင်းရေး လုပ်မည်ဟု KNU ပြော

မဇ္ဈိမသတင်းဌာန 
 
 မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အစပ်၌ လှုပ်ရှားနေသည့် ဓါးပြအဖွဲ့များအား မြန်မာ့ တပ်မတော်မှ လိုက်လံ ရှင်းလင်းမည်ဟု တနင်္သာရီတိုင်း နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား ပြောကြားခဲ့ကြောင်း KNU ထားဝယ် ဆက်ဆံရေးရုံးမှ စောခူးရယ် က မဇ္ဈိမကို ပြောသည်။

အလင်းရောင် မျှော်လင့်ချက်များနှင့် ကယားဒေသ

(ဧရာဝတီ)

“ကျမတို့ ဘဝမှာ မီးမမြင် ရရင်နေပါ။ နောင် လာမယ့် ကလေးတွေ ကိုတော့ မီးလင်း ထိန်နေ တာကို မြင်စေ ချင်တယ်”ဟု ကယား ပြည် နယ် လွိုင်ကော်မြို့ ဒီမော့ ဆိုမြို့နယ် ဒေါ ဆိုရှေ့ ကျေးရွာမှ အသက် ၆၀ ကျော် အရွယ် အမေ အို တဦးက ပြောသည်။

“သူများ မြို့လို တီဗီတွေ ကို ကြည့်စေချင်တယ်။ မီးလုံးတွေနဲ့ စာကျက်စေ ချင်တယ်” ဟုလည်း အမေအိုက ဆက်လက် ပြောဆို ပါသည်။

Friday, December 12, 2014

အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အစီရင်ခံစာသစ် ကရင်နီလူမှုကွန်ရက် ထုတ်ပြန်

(KIC)

မြန်မာ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တို့၏ ၂နှစ်ကျော် ကြာ အပစ်ခတ် ရပ်စဲရေး ကာလအတွင်း ကရင်နီ (ကယား)ပြည်နယ် ဖြစ် ပျက် ခဲ့သည့် အကြောင်းအရင်းများကို စုစည်း၍ ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) မှ “ဘယ်မှာလဲ စစ်မှန် သည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်”ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၅ရက်နေ့ က အစီရင်ခံ စာတစ်စောင် ထုတ်ပြန် လိုက်သည်။

ထားဝယ်-ရေးကားလမ်းတွင် ဓားပြပစ်ခတ်၍ KNLA အရာရှိတစ်ဦးနှင့် ယာဉ်မောင်းတပ်သားသေဆုံး

(KIC)

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ် -ရေး ကား လမ်းပေါ်တွင် ယမန်နေ့က အမည်မသိ လက်နက်ကိုင် ဓားပြတစ်စု၏ ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၄) လက်အောက်ခံ ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မတော် KNLA မှ ဗိုလ်ကြီးတစ်ဦးနှင့် ယာဉ်မောင်းသူ တပ်သား တစ်ဦးမှာ သေဆုံး သွားကြောင်း သိရ သည်။

Wednesday, December 10, 2014

နိုင်ငံရေး ပါတီများနှင့် KNU ဒီဇင်ဘာ ၂၂ ရက် တွေ့မည်

(Mizzima)

နိုနိုင်ငံရေး ပါတီများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့သည် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဟု ဆွေးနွေးရာတွင် ပါဝင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အတွင်းရေးမှူး (၂) ဦးနေမင်းကျော်က မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်တွင် တွေ့ဆုံမည်ဖြစ်ပြီး တွေ့ဆုံမည့် နေရာကိုမူ မသတ်မှတ်ရသေးဟု ၎င်းက ပြောသည်။

ကော်သူးလေတပ်မတော်(KAF)တံဆိပ် DKBA စတင် အသုံးပြုတော့မည်

(KIC)

ကော်သူးလေ တပ်မတော် (Kaw Thoo Lei Armed Forces-KAF) ရင်ဘတ် တံဆိပ် ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) အနေဖြင့် မကြာမီ ကာလ အတွင်း စတင် အသုံးပြုမည်ဟု DKBA စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူး ထွန်းထွန်းက ကေအိုင်စီသို့ ယနေ့ ပြောဆို လိုက်သည်။

ဗိုလ်မှူးထွန်းထွန်းက “ကျနော်တို့ ရင်ဘတ်တံဆိပ်နှစ်ခုမှ တစ်ခုကို အရင်တုန်းက (DKBA Army)နေရာမှာ (Kaw Thoo Lei Armed forces)ကို အစားထိုးမှာပဲ။ လောလောဆယ် ဘက်တံဆိပ် ဒီဇိုင်းနဲ့ နမူနာ မှာလိုက်တဲ့ဟာလောက်ပဲ ရှိသေးတယ်”ဟု ဆိုသည်။ 

Monday, December 8, 2014

ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ ဆုံးဖြတ်

(KIC)

ကရင် လက်နက်ကိုင် အချင်းချင်း ပြဿနာများ ထပ်မံဖြစ် ပွားပါက ငြိမ်း ချမ်းသောနည်းဖြင့် ဖြေရှင်း သွားကြရန် ဒီဇင်ဘာ ၅ရက် နေ့တွင် ကော့ ကရိတ်မြို့နယ်၊ နန်းရွှေမှုံရွာ၌ ပြုလုပ်ခဲ့သော ကရင်လက်နက် ကိုင် အဖွဲ့များ ညီညွတ်ရေးကော်မတီ၏ (၅)ကြိမ် မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြ သည်။

Saturday, December 6, 2014

SSPP/SSA ၏ တိုက်ပွဲကျ အာဇာနည်များအား အောင့်မေ့ကာ သမိုင်းဟောပြောပွဲပြုလုပ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ ခေါင်းဆောင် စဝ်အုန်းပေါင် ရှေ့တန်းစစ်မျက်နှာ၌ ကျဆုံး သည့် နေ့ကို အစွဲပြုပြီး ဒီဇင် ဘာ ၅ ရက်နေ့ ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ သျှမ်းပြည်နယ် အလံတော် လျှော့၍ တပ်ထု တခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုခဲ့သည်ဟု ဗဟိုကော်မတီဝင် ဗိုလ်မှူး စိုင်းဟတ်တိုင်း က ပြောသည်။