Wednesday, March 13, 2013

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ခိုင်မာသော အပစ်အခတ် ရပ်စဲရေးအဆင့်သို့ မရောက်ရှိသေး

(Eleven Media Group)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး အဆင့်သို့ မရောက်ရှိသေးကြောင်းUNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“အခု UNFC အဖွဲ့ဝင်တွေ အပစ်အခတ်ရပ်စဲရေး ယူထားတယ်ဆိုပေမဲ့ အပစ်အခတ်ရပ်စဲရေး အားလုံးဟာ ပဏာမ အပစ်အခတ် ရပ်စဲရေးလို့ပဲ သတ်မှတ်ထားတယ်။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေးဆိုတာ မရောက်ဘူး။ KNU ဖြစ်စေ၊ ကရင်နီ ဖြစ်စေ အားလုံးကတော့ ပဏာမ အပစ်အခတ်ရပ်စဲရေး အဆင့်မှာ ရထားပြီ။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး မရသေးဘူး။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရပြီးတဲ့ နောက်မှာ နိုင်ငံရေးအရ အဖြေရှာဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်သွားမယ်”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းသို့ ၀င်ရောက်ဆွေးနွေးရန် အခက်အခဲ ရှိနေ

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းသို့ ၀င်ရောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အခက်အခဲ ရှိနေကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“ပြည်တွင်းမှာ လုပ်ဖို့က UNFC ပဲ ဖြစ်ဖြစ်၊ KIO ပဲ ဖြစ်ဖြစ်ပေါ့လေ။ condition က နှစ်ခုလောက် ရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး အဆင့်က လုံခြုံစိတ်ချပြီးတော့ ခိုင်မာတဲ့ အဆင့် စိတ်ချရတဲ့ အဆင့် ဖြစ်စေချင်တယ်။ အပစ်အခတ်ရပ်စဲရေး ပဏာမလောက်နဲ့ စိတ်ပူနေရတယ်။ တစ်ချို့ အောက်ခြေမှာ

Tuesday, March 12, 2013

သျှမ်း - ကယား ညီလာခံ UWSP/UWSA တက်မည်


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လာမည့်အပတ်အတွင်းကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ သျှမ်း -ကယားညီလာခံအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ကိုယ်စားလှယ်တက် ရောက်မည်ဟု စုံစမ်းသိရှိရပါသည်။
“လားရှိုးမှာ ကျင်းပမယ့် သျှမ်း - ကယား ဆွေးနွေးပွဲအတွက် ကျနော်တို့ ၂၅ ဖွဲ့ဖိတ်ထားတယ်။ အခု ပထမဦးဆုံး တက်မယ့်သူနာမည် စာရင်းတင်လာတာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် က၊ နှစ်ယောက်လာတယ်မယ်။ တက်မယ့်သူတွေ တော်တော်များများ စာရင်းရောက်နေပါပြီ” ဟု သျှမ်း - ကယား ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

မတ်ခ်ျလ ၂၀ မှ ၂၂ အထိ သုံးရက်ကြာကျင်းပမည့် သျှမ်းပြည်နယ်- ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည် ဆောက်ခြင်းဆွေးနွေးပွဲအတွက် ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ/ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA  ၏ ပြင်ပဆက်ဆံရေး ဒုဌာနမှူး ဦးရှောက်ဆမ်ခွန်း နှင့် ပန်ဝိုင်မှ စော်ဘွားမျိုးနွယ် တာ့ယီ့ပလစ်တို့အား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထား သည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းကလည်း ပြောပါသည်။

Thursday, March 7, 2013

မြို့ပိုင်း၌အနည်းအကျဉ်းလုပ်ခွင့်ပေး တောပိုင်း၌ ဦးသူပစ်


သျှမ်းသံတော်ဆင့်
 
အစိုးရ နှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင် များ သည် လက်နက်မပါဘဲ မြို့ပိုင်း၌လွတ်လွတ် လပ် လပ်သွားလာ နိုင်သော် လည်း တောတွင်းပိုင်း၌မူ  ဦးသူပစ်ခတ်တိုက်ခိုက်မှုစနစ်မှာ အပစ်မရပ် ခင်ကာလ ကဲ့သို့ ရှိနေသေးကြောင်း RCSS ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါ သည်။

“အပစ်ရပ်တာ တနှစ်ကျော်ရှိပြီဖြစ်ပေမယ့် သဘောတူညီချက်အတိုင်း ဘာမှ အကောင်အထည်မဖေါ်နိုင်သေးဘူး၊ မြို့ပေါ် ကိုယ် စား လှယ် ရုံးစိုက်ခွင့်၊ စီးပွားရေးအနည်းအကျဉ်းလုပ်ခွင့်က လွဲလို့ သဘော တူညီချက်ကို ဘာမှ အကောင်အထည် မဖေါ် နိုင် သေးဘူး။ တောပိုင်းမှာ တွေ့ရင်လဲ ဦးသူပစ်ပဲ” - ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

Wednesday, March 6, 2013

စစ်မှန်တဲ့ပြည်ထောင်စုရဖို့ ၂၀၀၈ ကိုမပြင်လို့မရ


သျှမ်းသံတော်ဆင့်
 
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့  ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေ ဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။    ။ လာမယ့် ၂၀ ရက်နေ့ကစပြီး သျှမ်း-ကယား ယုံကြည်မှုအတွက် တည်ဆောက်ခြင်းဆွေးနွေးပွဲအတွက်  လုပ်မယ် လို့ကြားသိရပါတယ်။ ဆရာတို့အနေနဲ့ ဘယ်လိုရည်ရွယ်ချက်ကြောင့် အဲဒီ ခရီးစဉ်မှာပါဝင်ရ သလဲ။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်


သျှမ်းသံတော်ဆင့်
 
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။ အဲဒီထဲမှာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်နေဆဲဖြစ်တဲ့ ကရင် နီအမျိုးသားတိုးတက်ရေးပါတီ KNPP လဲပါတယ်လို့ဆိုပါတယ်။ အခုလို အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် အလုပ်များ နေချိန်မှာ ဒီ သျှမ်း-ကယား ဆွေးနွေးရေးအပေါ် ဘယ်လို သဘောထားသလဲ ဆိုတာသိရ အောင် KNPP ရဲ့အတွင်းရေးမှူး ၁ ခူးဦးရယ် ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။    ။ သျှမ်း- ကယားငြိမ်းချမ်းရေးအတွက် လားရှိုးမှာ ပူးပေါင်းလုပ် ဆောင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့အနေနဲ့ အသေးစိပ်ဘယ်လိုစီစဉ်ပြီးလုပ်ကြမယ် လို့တော့ မကြားသိရသေးပါဘူး။ ပြောတာကတော့ သျှမ်း- ကယားမှာရှိတဲ့ နိုင်ငံရေးပါတီ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးခေါ်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတဲ့ ကိစ္စတွေကိုဆွေးနွေးမယ်လို့တော့ ယေဘုယျ အားဖြင့်သိထားပါတယ်။ ဘယ်လို ရည်ရွယ် ချက်တွေကြီးကြီးမားမားထားပြီး လုပ်နေကြလဲ ဆိုတာတော့ ကျနော်တို့မသိရသေးဘူး။  ကျနော်တို့ကိုဖိတ်တယ်လို့ တော့ကြား တာပါဘဲ။ ကျနော်တို့လွယ်ကော်မှာရှိတဲ့ ဆက်ဆံရေး ရုံးကတဆင့်ပေါ့နော်။ ကျနော်တို့ဘက်ကလဲ တက်ရောက်မယ် မတက် ရောက်သေးပါဘူးလို့မသိရသေးပါဘူး ကျနော်တို့မဆုံးဖြတ်ရ သေးဘူး လေ။

သထုံခရိုင် ဆက်ဆံရေးရုံးဖွင့်ပွဲ သွားသည့် KNU ခေါင်းဆောင်များ အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမည်


(ကေအိုင်စီ)
မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာ၌ မတ်လ ၅ရက်နေ့တွင် ဖွင့်လှစ်မည့် ကရင်အမျိုးသား အစည်းအရုံး-KNU ၏ သထုံခရိုင်/ တပ်မဟာ(၁) ဆက်ဆံရေးရုံးဖွင့်ပွဲတွင် KNU နှင့် မြန်မာအစိုးရတို့ အလွတ်သဘောဖြင့် နိုင်ငံရေးဆွေးနွေးမည် ဟု ယနေ့(မတ်လ ၄ရက် နေ့)ထုတ် KNU ကြေညာချက်အရ သိရသည်။

အလွတ်သဘောဆွေးနွေးပွဲတွင် နှစ်ဘက်အကြား မည်သည့်အကြောင်း အရာများ ဆွေးနွေးကြမည်ကို အတိအကျ မသိရ သေးသော်လည်း KNU က ၎င်းတို့ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်အတိုင်း ပြောဆိုသွားမည်ဟု KNU ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ တာဝန်ခံ ပဒိုစောလှထွန်းက ကေအိုင်စီသို့ ပြောသည်။

Tuesday, March 5, 2013

ရှမ်းပြည်နယ်လူမျိုးစုကြား ယုံကြည်မှုရရှိရန် SNLD ကြိုးပမ်း


မတ်လ (၅) ရက်နေ့၊ ရွှေဟသာင်္သတင်း ဌာန

ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ကမကထပြုလုပ် ကျင်းပသော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လူမျိုးစုများ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲ တရပ်ကို လာမည့် မတ်လ၂၀ ရက် နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၌ ကျင်းပရန် ရှိကြောင်း SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့် လွင် က ဆိုပါသည်။

“အဓိက ကတော့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ယခင်က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင် တာမှာ ရှမ်းတိုင်းရင်းသားတွေ သက်သက်ပါတဲ့ ဆွေးနွေးပွဲကို ကျင်းပ ခဲ့ဘူးပါတယ်။  အဲဒါကို အကြောင်းပြုပြီး အစိုးရဘက် က ကျနော်တို့ အပေါ် ယုံကြည်လာတဲ့ အတွက် အခု ဒီဆွေးနွေးပွဲကို ဆက်လုပ်သွားဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။”ဟု ဆိုပါသည်။

ဖက်ဒရယ် ပြည်ထောင်စု သဘောတရားဆိုတာ ဘာလဲ

(မိုးမခ)

ဦးမျိုး (ဥပဒေ)
မတ်လ ၃၊ ၂၀၁၃
ဖက်ဒရယ်ဆိုတာ သဘောတူညီသည့် စာချု့ပ် လို့အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား ‘foedus’ မှဆင်းသက် လာပြီး သဘောတူညီမှု “covenant” လို့ အဓိပ္ပါယ် ထွက်ပါတယ်။ နှစ်ဦး နှစ်ဖက် သဘောတူညီမှုနဲ့ အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို အခြေခံလို့ နိုင်ငံတခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြတာပဲ ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တဦးတဖွဲ့ချင်း အသိအမှတ်ပြုခြင်းနဲ့ ခွဲခြားလို့ မရဘဲ တစည်းတလုံးတည်း တန်းတူရည်တူ ဖြစ်မှုဟာ တပြိုင် နက်တည်း တည်ရှိနေပါတယ်။(Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်နေကြသူအားလုံးက ငါတို့ အတူ တကွ ပူးပေါင်းနေထိုင်ကြစို့ ပါလို့ အားလုံးက မိမိတို့ရဲ့ ဆန္ဒသဘော ထားကို အလိုအလျှောက် ဖော်ထုတ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနဲ့ကိုယ် (voluntarily) ပါဝင်ဆောင်ရွက် သဘောတူညီကြရပါတယ်။ ဒီဥပဒေရေးရာ ၀ိညာဉ်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ သဘောထား (concept) ကျမှ လက်တွေ့လုပ်လို့ ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို


04.03.2013 (VOA)
မြန်မာနိုင်ငံမှာ နောက်တကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားဒေသ တွေမှာ လူမျိုးစုနိုင်ငံရေး ပါတီတွေသာ အဓိကထား ယှဉ်ပြိုင်တာမျိုး လိုလားတဲ့အကြောင်း တိုင်းရင်းသား မဟာမိတ်ပါတီ တွေက ပြောဆိုလိုက်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး ပါတီကြီးတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူမျိုးစုဒေသတွေ အ တွက် ၀င်ရောက် ယှဉ်ပြိုင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်တာပါ။ ဒါပေမဲ့လည်း ဒီတိုက်တွန်းချက်ဟာ ဒီမိုကရေစီ အခြေခံတွေကို ဆန့်ကျင် ရာ ကျနေတယ်လို့ အဓိကနိုင်ငံရေးပါတီ ကြီးတခုဖြစ်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက် နိုင်ဖို့ အ တွက်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် တိုင်းရင်းသား ဒေသ တွေက မဲဆန္ဒနယ်တွေမှာ အင်အားကြီး ပါတီတွေ ၀င်ရောက် ယှဉ်ပြိုင် တာကို ရှောင်ရှားကြဖို့ လူမျိုးစုပါတီတွေက ကြေညာချက်တစောင် ထုတ် ပြန် လိုက်တာ ဖြစ်ပါတယ်။

သျှမ်း၊မြောက် နမ့်ခမ်းမြို့တွင် SSPP/ SSA စီးပွားရေးရုံးဖွင့်လှစ်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်တိုက်မရပ်ကွက်၌ သျှမ်း ပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/ SSA ၏ စီးပွား ရေးရုံး ကို ယနေ့ ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

“ဒီနေ့မနက် ၈ နာရီခွဲမှာ SSPP/ SSA ဒု-အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းထူး ကိုယ်တိုင် ရုံးဖွင့်ပွဲဆိုင်းဘုတ်  ဖွင့်ပေးတယ်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံပြည်သူ နှစ်ရာကျော် တက်ရောက်တယ်၊ ဆိုင်းဘုတ် ဖွင့်ပေးပြီးတော့ စဝ်စိုင်းထူးက မိန့်ခွန်း ပြောကြားတယ်၊ အဲဒီနောက်မှာတော့ သံဃာတော် တွေကို ပင့်ဖိတ် ပရိတ်ရွတ်ပြီးပူဇော်ကြတယ်” ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်သော ဒေသခံ လုံးစိုင်းပီးက ပြောသည်။

Saturday, March 2, 2013

SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့



တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် ပြည်ပသို့ခရီးမထွက်မှီ သမ္မတက ညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်နေသော်လည်း သျှမ်းပြည်တိုးတက်ရေး ပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA  သတင်းရပ်ကွက်ကဆိုသည်။

“ကျနော်တို့နယ်ထဲဝင်လာပြီး ကျနော်တို့ကိုတိုက်ခိုက်နေတဲ့ ခလရ ၃၂၂ နဲ့ ၃၃ တပ်တွေ တပ်ဆုတ် သွားပြီလို့သတင်းတွေ ထွက်နေပေမယ့် လုံးဝလျော့သွားတာမရှိပါဘူး။ အရင်ကထက် တဆ တောင်ပို များလာသေးတယ်။ အခုထပ်ရောက်လာတဲ့ အထဲမှာ ထူးခြားတာက ပွိုင့် ၅ လက်နက်တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီး၊ ၇၅ မမ တပ်ဆင်ထားတဲ့ တင့်ကား နှစ်စီးပါတယ်” ဟု ရှေ့တန်းရောက် SSPP/SSA အရာရှိတဦးက ပြောသည်။

Friday, March 1, 2013

ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်


ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နားလည် မှုရယူသွားရန် လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းသွားမည် ဟု ဖားအံခရိုင်၊ လေးဝါးနေရာ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၆ရက်နေ့အထိ ကျင်းပ သည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအ ဝေးတွင် ကရင်အမျိုးသား အစည်းအရုံး-KNU က ချမှတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်မြောက်ညီလာခံအပြီး ပြုလုပ်သော ၎င်းပထမအကြိမ် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေး၌ ရှေ့ဆက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များထဲတွင် ကရင်တမျိုးသားလုံးစည်းလုံးညီညွတ်မှု ပိုမိုခိုင် မာစေရေးအတွက် ရည်ရွယ်၍ ထိုသို့ ကော်မ တီတရပ် ဖွဲ့သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ကေအိုင်စီသို့ ပြောသည်။

RCSS/SSA နှင့် တိုက်ပွဲဖြစ်သည့် ဒေသသို့ အစိုးရတပ် အင်အားထပ်ဖြည့်



ယခင်အပတ်က သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအတွင်း သျှမ်း ပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာ့တပ်မ တော်တို့ တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း စစ်ရေးငြိမ်သက်မှုမရှိဘဲ ယမန့်က အစိုးရတပ် အင်အားထပ်ဖြည့် နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ၃ ရက်အကြာ ယမန်နေ့ကမူ တပ်အပြောင်းအလဲ ဟုဆိုကာ နမ့်စန်မြို့နယ်မှ တက်လာသည့် စစ်ဖိုးဝီးကား အစီး ၄၀ ခန့် မှာတိုက်ပွဲဖြစ်ပွားရာ နေရာဘက်တို့ သွားနေသောကြောင့် ဒေသခံလူ ထုက စစ်ရေးပြန်လည် တင်းမာလာမည်ကို စိုးရိမ်နေကြောင်း ရပ်ရွာ အကြီးအကဲများကပြောသည်။

တိုက်ပွဲများ ပြန်ဖြစ်ရခြင်းကို ရှမ်း (မြောက်၊ တောင်) တပ်ဖွဲ့များ သမ္မတထံ စာပို့


(မဇ္ဈိမ)။   ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့နှင့် အစိုးရတပ်များ အကြား ဖေဖော်ဝါရီ လလယ်ပိုင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း များ အပေါ် ထိုနှစ်ဖွဲ့စလုံးမှ သမ္မတ ဦးသိန်းစိန် ထံသို့ လိပ်မူ၍ စာရေး အကြောင်းကြားခဲ့ကြကြောင်း ရှမ်းပြည်တပ်မတော် အရာရှိကြီးများက ပြောသည်။

တန့်ယန်း မြို့နယ်တွင်းရှိ SSPP/SSA ၏ လွယ်လန်း တပ်စခန်း ဆုတ်ပေး ရန် အစိုးရတပ်ဘက်မှ ပြောကြားလာခြင်းနှင့်အတူ တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလာပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း၌ SSPP/SSA ဘက်မှ ၎င်းကိစ္စကို သမ္မတထံ စာရေး တင်ပြခဲ့ပြီး သမ္မတ မှလည်း အကြောင်းပြန်ခဲ့ကြောင်း SSPP/SSA မှ တပ်ပေါင်းစုရေးရာ ဒု-တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖ က မဇ္ဈိမကို ပြောသည်။