Sunday, May 5, 2013

တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းသည့် စာရင်း ပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံသို့ SSPP/SSA ပေးပို့မည်

(Eleven Media Group)

တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းသည့် စာရင်းပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံသို့ ပေးပို့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းဇင်ထွန်းက ပြောသည်။

အဆိုပါ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် စာရင်းပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံ ပေးပို့ရန် လာရောက်တိုင်တန်းထားသည့် ဖြစ်စဉ်များနှင့် အခြားဖြစ်စဉ်များကိုလည်း မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး ရရှိလာသော အချက်အလက်များကို စုဆောင်းပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ညီလာခံ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

၁၂ ကြိမ်မြောက် ကျင်းပမည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) ညီလာခံကို မေလရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် ခရိုင်ရှိ KNPP ဌာနချုပ်  ညာမို စခန်းတွင်ကျင်းပ သွားမည်ဟု အတွင်းရေးမှူး () ဖြစ်သူ ဦးအောင်စန်းမြင့်က ပြောပါသည်။

ဒီညီလာခံက ကျနော်တို့အတွက် အများကီး အရေးကီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပါတီတွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေကို ပြန်လည် ရွေးချယ်မှာ ဖြစ်တယ်။ ပီးတော့ ပါတီ စည်းကမ်း တွေနဲ့ မူတွေကိုလည်း ပြန်လည်ပီး ရေးဆွဲရ တယ်လေ။ အပစ်အခတ် ရပ်စဲချိန်လည်း ဖြစ်တော့ ရှေ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ အရေးကြီး နေသလို လူငယ်နဲအမျိုး သမီး အဖွဲ့ဝင် တွေလည်း ပါဝင် စေချင်တယ်။ ဒါတွေက ပါတီရဲ့ အသက် သွေးကြောတွေ ဖြစ်တဲ့ လုပ် ငန်းစဉ် တွေပါ။ ဒါကြောင့် အရေးကြီး တယ်လို့ ပြောရတာ ဖြစ်ပါတယ်ဟု ဆိုပါသည်။

Saturday, May 4, 2013

အစိုးရထိုးစစ် ကရင်ပြည်နယ်ဘက် အလှည့်ကျပြန်ပြီလား

(ဧရာဝတီ)

 ကလို့ထူးဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ  မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က အကြောင်းကြားထားသည်။

ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏ ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်။  


ယနေ့မြန်မာနယ်စပ်တနေရာတွင်တွေ့ရသည့်  DKBA မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးရှာထူးဝေါ် တို့နှင့် KNU/KNLAငြိမ်းကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ) 

ရွှေလီမြစ်ဝှမ်း၌ လူမျိုးရေးပြဿနာဖြစ်ပွားအောင် အစိုးရစစ်တပ်လုပ်ဆောင်နေဟု RCSS/SSA တပ်မှူးပြော

သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်ရှိ ရွှေလီမြစ် တဘက်ကမ်းတွင် ဓါတ်ပုံလှည့် ရောင်းနေသော အရပ်သား လေးဦး အား RCSS/SSA မှ တိုက်ခိုက်ကာ ဖမ်းဆီးထားသည်ဟု စွပ်စွဲသည့် ကိစ္စမှာ လူမျိုးရေးပြဿနာ ဖြစ်ပွားလာအောင် အစိုးရတပ်ကလှုံ့ဆော်နေခြင်းဖြစ် ကြောင်း ဒေသ အတွင်းတပ်မှူးတဦးက ပြောပါသည်။

 “ကျနော်တို့ကို ဒီနေရာက နေ ဖယ်ထုတ်ချင်နေတာလေ။  သာမာန်အရပ်သား ပစ္စည်းရောင်းစားတဲ့လူကို ကျနော် တို့က ဖမ်းထားတယ်လို့ သူတို့စွပ်စွဲတယ်။ ပြန်လွှတ်ပေးဖို့တောင်းလာတယ်။   ကျနော်တို့က မဖမ်းရတာ ဘယ်က လူနဲ့ပြန်ပေးရ မလဲ။ ဒီအချက်ကို ဘမ်းပြပြီးဒေသတွင်းက ဗမာလူမျိုးတွေ ကနေ အထင်လွဲအောင်၊ ကျနော်တို့ကို တပ်စခန်းကနေ ဖယ်ခွါအောင် လုပ်ဆောင်နေတာဖြစ်တယ်” - စစ်ဒေသမှူး က ပြောပါသည်။

Friday, May 3, 2013

RCSS တပ်ဖွဲ့ နယ်မြေ ထဲသို့ အစိုးရ တပ်ဖွဲ့များ တိတ်တဆိတ် ကျူးကျော်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်ဖွဲ့ များသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နယ်မြေ ထဲသို့ ကြိုတင် အကြောင်း ကြားခြင်း မရှိဘဲ တိတ်တဆိတ် ၀င်လာသည့် အတွက် မေလ (၁) ရက်နေ့ တွင် တနာရီ ထန့်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု RCSS မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောက်ဆိုင်က ဆိုပါသည်။

“ အစိုးရ နယ်မြေခံ တပ်တွေ ပေါ့ဗျာ၊ သူတို့က တောထဲ ၀င်လာတယ်။ ကျနော်တို့ နယ်မြေခံတပ်နဲ့ တစ်နာရီလောက်ကို တိုက်ပွဲ ဖြစ်ခဲ့တာပေါ့။ သူတို့က နယ်မြေ ရှင်းလင်းရေး ဆိုပြီး အကြောင်း မကြားဘဲနဲ့ အခုလိုမျိုးသာ ဆက်သွား နေမယ် ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ် နေဦးမှာဘဲ”ဟု ဆိုပါသည်။ 

SSPP တပ်ဖွဲ့များအား အစိုးရ ဆက်လက် စစ်ဆင်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်ဖွဲ့များသည် ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်တွင် ရှိသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်မဟာ (၃၈) ၏ လွယ်စေး စခန်းအား ယမာန်နေ့ ညနေပိုင်းတွင် ညနက်သည် အထိ ၀င်ရောက် တိုက်ခိုက် ခဲ့သည်ဟု SSPP နိုင်ငံ ခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။

“၀င်ရောက် တိုက်တဲ့ပုံက ဒီလိုဗျ၊ အစိုးရ တပ်တွေက သူတို့ ပြည်သူ့စစ် အဖွဲ့တွေကို အရင် လွှတ်ပြီး လာတိုက်ခိုင်းတယ်။ သူတို့ ကတော့ အဲဒီ ပြည်သူ့စစ် တွေရဲ့ နောက်ကနေ ထပ်ချပ် မကွာ လိုက်လာတဲ့ နည်းကို သုံးတယ်ဗျ။ အဲဒီတော့ ပထမ ရင်ဆိုင်ခဲ့ ရတာက ဗိုလ်မိုး ပြည်သူ့စစ် အဖွဲ့၊ လောင်းလ ပြည်သူ့စစ် အဖွဲ့နဲ့ လားဟူ ပြည်သူ့စစ် အဖွဲ့တွေနဲ့ အရင် တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲ ကတော့ ည (၇) နာရီကနေ တညလုံး နီးပါး ဖြစ်ခဲ့တာပေါ့”ဟု ဆိုပါသည်။ 

ပြည်သူ့စစ်နှင့်ပူးပေါင်းသည့် မြန်မာစစ်တပ် လွယ်စေးတောင် SSPP တပ်စခန်းအား ညလုံးပေါက်တိုက်ခိုက်



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော်၏ လွယ်စေးတပ်စခန်းအား  အစိုးရတပ်က ယမန်နေ့ညမှ ယနေ့မနက်ပိုင်းအထိ အပြင်းအထန်တိုက်ခိုက်နေကြောင်း SSPP သတင်းရပ်ကွက်ကဆိုပါသည်။

“ မနေ့ည ၇ နာရီကျော်ကျော်က ကျနော်တို့စခန်းကိုစတိုက်တယ်။ ညလုံးပေါက်ပစ်တယ်။ ဒီမနက် ၅ နာရီမှာလဲ ကျနော်တို့ စခန်းဆီ ရှေ့တိုးချဉ်းကပ်လာတယ်။ အခု ၉ နာရီ ၁၀ နာရီအထိ တိုက်နေရသေးတယ်။ အသေအပျောက် သတင်းတော့ မရသေးဘူး” ဟု SSPP/SSA ဌာနချုပ် ပြန်ကြားရေးအရာရှိတဦးကပြောသည်။

အစိုးရ တပ်ဖွဲ့၏ ရာဇသံကို DKBA ပယ်ချ

(ရွှေဟင်္သာသတင်းဌာန)

မေလ () ရက်နေ့ကို နောက်ဆုံး ထားပြီး ကရင်ပြည်နယ် လှိုင်းဘွဲ မို့နယ် မိုင်ကြီးငူ ဒေသရှိ မယ်ပနှင့် မဲကဆော်ရှိ ဒီမို ကရေစီ ကရင် အကျိုးပြု တပ်မတော် DKBA စခန်းများကို ပြောင်းရွှေ့ ပေးရန် အစိုးရ စစ်ဗျူဟာမှ ရာဇသံ ပေးခဲ့သည်ဟု ပြောခွင့် ရသူ DKBA ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

ဒီအမိန့်က အရှေ့တောင်တိုင်း တိုင်းမှူးကနေ တဆင့် တပ်မ (၂၂) မှူးကို ညွှန်ကြား ခဲ့တယ်။ အဲဒီကတဆင့် ကျနော်တို့ ဆုံစည်းမြိုင် အနားမှာ ရှိတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းက တဆင့် ကျနော်တို့ကို အကြောင်းကြား ခဲ့တယ်။ ရာဇသံ ရက်ကလည်း မနေ့က မေလ () ရက်နေ့ကမှ အသိပေး တာပါ။ ထွက်ပေးရမှာက မေလ () ရက်နေ့ ဆိုတော့ ဒါက မဖြစ်နိုင်တဲ့ ကိစ္စလေ။ ဒါကြောင့် လက်မခံနိုင်ဘူး။ဟု ဆိုပါသည်။

Thursday, May 2, 2013

ကိုယ့်အားကိုယ်ကိုးမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ ထပ်မံပေါ်ပေါက်- ထိရောက်အောင်မြင်မှုရှိ



အုပ်စုဥက္ကဌမှဦးဆောင်၍ ဒေသတွင်း ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်၌ ထပ်မံပေါ်ပေါက်လာရာ တိုက်ဖျက်မှုမှာ ထိရောက်အောင်မြင်မှုရှိသည်ကိုတွေ့ ရကြောင်း သျှမ်းပြည် မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။


“ နောင်လျန်အုပ်စု ဥက္ကဌ စိုင်းအောင်စိုးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ လူကြီးမိဘတွေနဲ့လက်တွဲပြီး မူးယစ်ဆေးတိုက်ဖျက် ရေးလုပ်နေတယ်။ ဆေးသုံးသူ ဆေးရောင်းသူတွေကိုဖမ်းမိရင် ကျောက်တူးခိုင်းတယ်။ လမ်းပြင်ခိုင်းတယ်။ ထိရောက် အောင်မြင်မှု တွေ့ရပါတယ်။ အဲတာ ကျနော် တို့လို မိဘတွေအနေနဲ့ သိပ်ကျေးဇူးတင်မိတယ်။ တကယ့်ကိုအကျိုးရှိတဲ့ အလုပ်ဖြစ်တယ်။ အုပ်စုဥက္ကဌကိုလဲ ဆက်လုပ်သွား ဖို့အားပေးတယ်။ ကျနော်တို့ဘက်ကလဲ တတပ်တအား ပါဝင်လက် တွဲကူညီသွားမယ်” ဟု သားသည် ဖခင်တဦးဖြစ်သော ဦးလုံးဖစ် ကပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ ကျင့်ဝတ်ကိစ္စများ ဆွေးနွေးမည်

(ဧရာဝတီ)

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများ (Code of Conduct) ကိစ္စကို  မေလဆန်းပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

နေရာနှင့် နေ့ရက်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း မေလဆန်းပိုင်းတွင် ဆွေးနွေးမည်ဟု စီစဉ်ထားကြောင်း Myanmar Peace Center မှ ဒေါက်တာ မင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။

ချင်းအမျိုးသား ညီလာခံကျင်းပရန် ချင်းပါတီ ၅ ခု ဆွေးနွေးကြမည်

(ဧရာဝတီ)

ချင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ချင်းနိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပါတီများပါဝင်သော အမျိုးသားညီလာခံ တရပ် ကျင်းပရန်အတွက် ချင်းပါတီ ၅ ခုက မေ ၃ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် အကြိုညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဇိုမီးချင်းပါတီ)၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်းအမျိုးသားပါတီ စသည့် ပါတီ ၅ ခုသည် ရန်ကုန် တော်ဝင်နှင်းဆီခန်းမတွင် တွေ့ဆုံကြမည် ဖြစ်သည်။

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် WGEC ပြင်ဆင်

(ရွှေဟင်္သားသတင်းဌာန)

တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ် အဖွဲ့WGEC ( Working Group for Ethnic Co-ordinating) သည် အစိုးရနှင့် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးသည့် အခါ တင်ပြရမည့် အချက်များကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် (3) ရက်တာ ဆွေးနွေး ခဲ့ကြသည်ဟု ပြောခွင့်ရသူ ခွန်ဥက္ကာက ဆိုပါသည်။

အစည်းအဝေး ကိုတော့ဧပြီလ၃၀ရက်နေ့ကနေမေလရက်နေ့ထိဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အဓိက ကတော့အစိုးရနဲ့ နိုင်ငံရေး အရဆွေးနွေးတဲ့ အခါတိုင်းရင်းသား အားလုံး အတွက် ကိုယ်စားပြုနိုင်မယ့်နိုင်ငံရေးFrame  Work အခြေခံ မူဘောင်တွေကိုချမှတ်ဖိုနဲ့ အတည်ပြုအကောင်ထည် ဖော်နိုင်ဖို့  ရည်ရွယ်တဲ့ အစည်းအဝေးပါ။ဟုဆိုပါ သည်။

Wednesday, May 1, 2013

စစ်ပြေးဒုက္ခသည်များအတွက် ကူညီရေးအဖွဲ့မှ တဲအိမ်များဆောက်လုပ်ပေး



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ဖြစ်နေသော တိုက်ပွဲကြောင့် မြို့တက်ခိုလှုံနေရသော  စစ်ပြေးဒုက္ခသည် များအတွက် တည်းခိုစရာနေအိမ်ပြုလုပ်ပေးရန်  ဒုက္ခသည်များကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါသည်။

 “ ရပ်ကွက် ၅ (ဝမ့်ဝိန်းရပ်ကွက် - ယခင် မိုင်းကောင်(ဝ်) ကားဂိတ်ဟောင်း) ထဲမှာ လုပ်ပေးမယ်။ တန်းလျားသဘောပေါ့နော်။ ချက်စားဖို့ နေရာနဲ့ အိမ်သာက စုပေါင်းပေါ့။   မိသားစု  ၇၀ စာအတွက် ကူညီဖို့ လျာထားတယ်။ ဒီ ၇၀ ထဲမှာ အမျိုးရှိတဲ့ နေရာမှာသွားခိုလှုံနေတဲ့လူတွေလဲပါတယ်လေ။ သူတို့ကိုကျတော့ လုံးချင်းတဲအိမ်ကလေးဖြစ်မြောက်အောင် ထောက်ပံ့ ပေးတယ်။ အဲတာ ကော်မတီကကူညီထားတာ တဲ ၄ လုံးရှိပါပြီ။ အဲတာကျတော့ အိမ်သာ မီးဖိုချောင်ပါတယ်။  ကုန်ကျ စရိတ်က ၄ သိန်းရှိတယ်။” စစ်ပြေးဒုက္ခသည်များအား အကူအညီပေးနေသော လူငယ်စိုင်းခေးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

မြန်မာတိုင်းရင်းသားများအား ဂရုစိုက်ပေးရန် တရုတ်အား တောင်းဆိုခဲ့

(ရွှေဟင်္သာသတင်းဌာန)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီသည် တရုတ်ပြည်ကို လာရောက်လည်ပတ်ရန် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပိုင်ခဲ့သော တိုင်းရင်းသားပါတီ တချို့ကို ဖိတ်ကြားခဲ့ရာ ပီးခဲ့သည့် ဧပီလ (၂၀) ရက်နေ့တွင် တရုတ်နိုင်ငံ ကူမငိးု့ကို သွားရောက် ခဲ့ပါသည်။ ခရီးစဉ်ကို မူလက (၁၀) ရက် အထိ ရာထား သော်လည်း () ရက်ခရီးစဉ်ဖြင့် အဆုံးသတ်ခဲ့ ပါသည်။

တရုတ်သံရုံးမှတဆင့်ဖိတ်ကြားထားသော တိုင်းရင်းသားပါတီများမှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဝင်ပါတီဖြစ်သည့် မွန် ဒေသလုံး ဆိုင်ရာ ဒီမိုက ရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ် ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ဖြစ်ပါသည်။ ၄င်း အပြင် အမျိုးသားဒီမိုကရေစီ အင်အားစုများနှင့်  တိုင်းရင်းသား စည်းလုံးညီညွန့်ရေး ပါတီ တို့ဖြစ်ပါသည်။

ပါတီ ညီလာခံ ကျင်းပရန် PNLO ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) သည် () နှစ် တကြိမ် ပုံမှန် ကျင်းပသော ပါတီ ညီလာခံ အတွက် ပြင်ဆင်ရန် ဗဟို ကော်မီတီ အစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင် နယ်စပ် တနေရာတွင် ကျင်းပ နေကြောင်း ပြောခွင့် ရသူ PNLO ဥက္ကဌ ခွန်ဥက္ကာက ဆိုပါသည်။

ဗဟို ကော်မီတီ ၀င်က (၁၅) ဦး ရှိတဲ့ အထဲက (၁၂) ဦး တက်ပါတယ်။ အစည်းအဝေးကို () ရက် ကျင်းပမယ်။ အဓိကက တော့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူထားတဲ့ အတွက် ရှေ့ဆက် ဘာတွေ ဆက်လုပ်သွားမလဲ ဆိုတာကို ဒီပုံ မှန်ညီလာခံမှာ တင်ပြနိုင်ဖို့ ဗဟို ကော်မီတီက ပြင်ဆင် သွားဖို့ပါဘဲဟု ဆိုပါသည်။