Sunday, May 5, 2013

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ညီလာခံ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

၁၂ ကြိမ်မြောက် ကျင်းပမည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) ညီလာခံကို မေလရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် ခရိုင်ရှိ KNPP ဌာနချုပ်  ညာမို စခန်းတွင်ကျင်းပ သွားမည်ဟု အတွင်းရေးမှူး () ဖြစ်သူ ဦးအောင်စန်းမြင့်က ပြောပါသည်။

ဒီညီလာခံက ကျနော်တို့အတွက် အများကီး အရေးကီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပါတီတွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေကို ပြန်လည် ရွေးချယ်မှာ ဖြစ်တယ်။ ပီးတော့ ပါတီ စည်းကမ်း တွေနဲ့ မူတွေကိုလည်း ပြန်လည်ပီး ရေးဆွဲရ တယ်လေ။ အပစ်အခတ် ရပ်စဲချိန်လည်း ဖြစ်တော့ ရှေ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ အရေးကြီး နေသလို လူငယ်နဲအမျိုး သမီး အဖွဲ့ဝင် တွေလည်း ပါဝင် စေချင်တယ်။ ဒါတွေက ပါတီရဲ့ အသက် သွေးကြောတွေ ဖြစ်တဲ့ လုပ် ငန်းစဉ် တွေပါ။ ဒါကြောင့် အရေးကြီး တယ်လို့ ပြောရတာ ဖြစ်ပါတယ်ဟု ဆိုပါသည်။


KNPP ပါတီတွင် ပါတီဝင် စုစုပေါင်း ၈၀၀ ခန့်ရှိပီး မည်မျှ တက်ရောက် လာကြမည်ကို အတိအကျ မပြောနိုင် သေးသော်လည်း ရရှိ ထားသည့် စာရင်းမှာ (၂၀၀) ကျော် နေပီး ဖြစ်သည်ဟု ဆိုပါသည်။ ညီလာခံကို () နှစ် တစ်ကြိမ် ကျင်းပ ခဲ့ပီး ယခုနှစ် ညီလာခံ ကျဆုံး သွားသော ပါတီ ဥက္ကဌ နေရာအား အစားထိုး ရွေးချယ် ပေးရမည် ဖြစ်ပါသည်။ 

ပါတီ ဥက္ကဌဟောင်း ထဲဘူးဖဲ သည် လူကြီး ရောဂါဖြင့် (၂၀၁၁) ခုနှစ် ဇန္နာဝါရီလ (၂၇) ရက်နေ့တွင် လည်ချောင်း ကင်ဆာဖြင့် အသက် (၇၄) နှစ် အရွယ်တွင် ကွယ်လွန် သွားပါသည်။ ထိုကဲ့သို့ ကွယ်လွန် သွားသော်လည်း ၄င်း၏ ရာထူး နေရာအား လစ်လပ် ထားပီး ဒုဥက္ကဌ အေဘွယ်ဒွီးမှ ဆက်လက် ဦးဆောင် နေခဲ့ပါသည်။

ထိုအထဲတွင် အပစ်အခတ် ရပ်စဲရေး ကိစ္စလည်း အရေးတစ်ကြီး ဆွေးနွေး စရာ ဖြစ်ပါသည်။ KNPP သည် ၁၉၉၄ ခုနှစ် တုန်းကလည်း အစိုးရနှင့် ပထမ အကြိမ် အပစ်အခတ် ရပ်စဲ ခဲ့ဘူးပြီး လပိုင်း မျှသာ တာရှည်ခံ ခဲ့ပါသည်။ ဤသို့ကြောင့် ယခု လက်ရှိ အပစ်အခတ် ရပ်စဲ ထားသည့် ကိစ္စအပေါ် မည်သို့ ဆက်လက် သဘော ထားရမည် ဆိုသည် ကိုလည်း ရှေ့လုပ်ငန်း အနေဖြင့် ဆုံးဖြတ် ရလိမ့်မည် ဖြစ်ပါသည်။ 

ညီလာခံ ပီးဆုံး၍ (၁၀) ရက် အတွင်းတွင် ညီလာခံမှ ရွေးချယ် ထားသော ခေါင်းဆောင် အသစ်ဖြင့် ဗဟို ကော်မတီ သစ်ကို ထပ်ဖွဲ့ ရမည် ဖြစ်ပြီး KNPP အစိုးရ အသစ် ကိုပါ အသစ် ထပ်မံ ဖွဲ့စည်း ပေးရမည် ဖြစ်သည်။ ထို့နည်းတူ တပ်ပိုင်း ဆိုင်ရာ ကိစ္စနှင့် ရှေ့ လုပ်ငန်းစဉ် များကိုလည်း ပထမ ဦးဆုံး ကျင်းပသည့် ဗဟို ကော်မတီ အစည်းဝေးတွင် ဆွေးနွေး ကြမည်ဖြစ် သည်။ 

လက်ရှိ ဗဟို အလုပ် အမှုဆောင် များမှာ အေဘယ်ဒွီ (ဒုဥက္ကဌ) ခွန်ဦးရယ် (အတွင်းရေးမှူး ၁) ဦးအောင်စန်းမြင့် (အတွင်းရေးမှူး ၂) ၊ ဗိုလ်ချုပ် ဘီထူး (ဗဟို အလုပ်မှုဆောင်) ဆရာ ရှာရယ် ( ဗဟိုအလုပ်မှုဆောင်)၊ ထဲဘူး (ဗဟို အလုပ်မှုဆောင်) တို့ ဖြစ်ကြပါသည်။ 

 KNPP သည် အစိုးရ ငိမ်းချမ်းရေး အဖွဲ့နှင့် ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် အပစ်ခတ် ရပ်စဲ ခဲပါသည်။ knpp ပါတီသည် စတင် ဖွဲ့စည်း ခဲ့သည့် ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေမှ ညီလာခံ ကျင်းပ လာခဲ့ရာ ယခု ၁၂ ကြိမ် မြောက်ခဲ့ ပါပီး။ KNPP သည် ကရင်နီ အမျိုးသား လွတ်မြေက်ရေး တိုက်ပွဲကို ဆင်နွှဲနေသည့် တခု တည်းသော တပ်ဦး ပါတီ ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။