Wednesday, May 1, 2013

မြန်မာတိုင်းရင်းသားများအား ဂရုစိုက်ပေးရန် တရုတ်အား တောင်းဆိုခဲ့

(ရွှေဟင်္သာသတင်းဌာန)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီသည် တရုတ်ပြည်ကို လာရောက်လည်ပတ်ရန် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပိုင်ခဲ့သော တိုင်းရင်းသားပါတီ တချို့ကို ဖိတ်ကြားခဲ့ရာ ပီးခဲ့သည့် ဧပီလ (၂၀) ရက်နေ့တွင် တရုတ်နိုင်ငံ ကူမငိးု့ကို သွားရောက် ခဲ့ပါသည်။ ခရီးစဉ်ကို မူလက (၁၀) ရက် အထိ ရာထား သော်လည်း () ရက်ခရီးစဉ်ဖြင့် အဆုံးသတ်ခဲ့ ပါသည်။

တရုတ်သံရုံးမှတဆင့်ဖိတ်ကြားထားသော တိုင်းရင်းသားပါတီများမှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဝင်ပါတီဖြစ်သည့် မွန် ဒေသလုံး ဆိုင်ရာ ဒီမိုက ရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ် ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ဖြစ်ပါသည်။ ၄င်း အပြင် အမျိုးသားဒီမိုကရေစီ အင်အားစုများနှင့်  တိုင်းရင်းသား စည်းလုံးညီညွန့်ရေး ပါတီ တို့ဖြစ်ပါသည်။


ကိုယ်စားလှယ်ထဲတွင်ရှမ်းတိုင်းရင်းသားများဒီမိုကရက်ပါတီ( SNLD) မှစိုင်းလှကျော်လည်းပါဝင်ပါသည်။ဤသို့ကြောင့် သူ၏ခရီးစဉ်မှ အတွေ့အကြုံကိုသိရှိရန်ရွှေဟင်္သာမှဆက်သွယ်မေးမြန်းထားပါသည်။

တရုတ်ဘက်ကိုသွားတဲ့ ခရီးစဉ်မှာကျနော်တို့ဖက်ကတော့အချက်ချက်တင်ပြထားပါတယ်။
1 - သဘာဝဓာတ်ငွေပိုက်လိုင်းနဲ့ပတ်သတ်တဲ့ကိစ္စ
သဘာဝဓာတ်ငွေ့ပိုက်လိုင်းက
သျှမ်းပြည်နယ်မှာဖြတ်တဲ့အခါမှာပိုက်လိုင်းသွယ်တန်းတဲ့နေရာမှာမီးလောင်တာတို့ဖြစ်နေတယ်ဒါကသူတို့စမ်းသပ်မှုလားတော့မပြောတတ်ဘူးဒါပေမယ့်ဒေသခံတိုင်းရင်းသားလူထုတွေကစိုးရိမ်မှုတွေရှိနေတယ်။ဒါကြောင့်အန္တရာယ်ရှိတဲ့ ကျေးရွာတွေကိုမတော်တဆဖြစ်မှုအတွက်သီးခြားပေါ်လစီတွေသတ်မှတ်ပေးဖို့တင်ပြတောင်းဆို ထားပါတယ်။
ပေါ်လစီချမှတ်တဲ့ အခါမှာလည်း သာမန်ပေါ်လစီမျိုး မဟုတ်ပဲနဲ့ ကျနော်တို့ဓာတ်ငွေ့ပိုက်လိုင်းဖြတ် သန်း တဲ့အန္တရာယ်စက်ကွင်းမှာရှိနေတဲ့ဒေသခံကျေးရွာက တိုင်းရင်းသားတွေရဲ့စိတ်လေးမှုစိုးရိမ်မှုတွေကိုအထူးသီးခြားအာမခံမှု ပေါ်လစီမျိုးချပေးဖို့တင်ပြထားတာ ဖြစ်ပါတယ်။
2 - ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုကြောင့်ဒေသခံတိုင်းရင်းသားများ ဆုံးရှုံးသွားတဲ့မြေ၊ လယ်တွေအတွက်လျော့ကြေးငွေ  မည်၍ မည်မျှပေးခဲ့သည်ကို သိချင်ကြောင်း တင်ပြ ထားပါတယ်။  တိုင်းရင်းသား တွေအနေနဲ့နောက်ထပ်ရဦးမှာလားမရတော့ဘူးလားဆိုတာလည်း ပွင့်ပွင့်လင်းလင်းသိချင်ပါတယ်။တိုင်းင်းသားတွေကမျော်လင့်နေသော်လည်း ရှင်းရှင်းလင်းလင်း မရှိဘဲ သံသယဖြစ်နေရတယ်လို့ တင်ပြခဲ့တယ်။ရရင်ရသလို ရသေးတဲ့အကြောင်း  မီဒီယာကတဆင့်တိုင်းင်းသား ဒေသခံတွေ သိရှိအောင်ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်ပေးပါလို့တင်ပြခဲ့ပါတယ်။
ဥပမာ- လယ်တဧကကိုသိန်း 50 ချပေးတယ် ဆိုရင်အဲဒါကို ဒေသခံ တိုင်းရင်းသားတွေကပွင့်ပွင့်လင်းလင်း သိချင်တယ်အခုကအဲဒီလိုမဟုတ်ပဲဘယ်လောက်ပေးထားလဲဆိုတာပွင့်ပွင့်လင်းလင်းမရှိဘူးလျော် ကြေးကိုတော့  အစိုးရကတဆင့်ပြီးတဆင့်ရတာဆိုတော့ ဒီလူကဒီလောက်ယူဟိုလူကဒီလောက်ယူဆိုပြီးပေးနေတယ်။ဒေသခံတွေကလည်းဘယ်လောက်ရသလဲဆောင်ရွက်ခအခွန်ခ ယူတယ်လို့ပြော ရင်တော့တမျိုးပေါ့အခုတော့အစိုးရကပေးသလောက်ပဲယူရတယ်ပေးတဲ့သူတွေကလည်းပွင့်လင်းမှုမရှိတော့ယူရတဲ့သူကလည်းစိတ်မချမ်းသာမှုတွေမကျေနပ်မှုတွေဖြစ်လာတယ်ဒီတော့ ဒီကိစ္စကိုပွင့်ပွင့်လင်းလင်းနဲ့အများသိအောင်မီဒီယာ ကတဆင့် ဖွင့်ချဖို့ တောင်းဆိုခဲ့ပါတယ်။
ဤအချက်အပေါ်တရုတ်ကွန်ပြူနစ်ပါတီသည်၊မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်မည့် တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးမထိခိုက်အောင် ဆောင်ရွက်ရန် သက်ဆိုင်ရာကုမ္ပဏီများကို သတိပေး ပြောကြားမည်ဟု တရုတ်ပြည်ကွန်မြူနစ်ပါတီ အကြီးအကဲများက မြန်မာနိုင်ငံရေးပါတီ ၅ ခုမှကိုယ်စားလှယ် များနှင့် တွေ့ဆုံစဉ် ကတိပေး ပြောကြားခဲ့ပါသည်။

3 -
ပြည်ထောင်စုအစိုးရအစီစဉ်နဲ့မူဆယ်ကနေမိုင် 20 ဝေးတဲ့နေရာတွင်သျှမ်းပြည်အထူးစီးပွားရေးဇုံတခုဖွင့်ဖို့စီစဉ်နေတယ်။ကျနော်တို့ကတရုတ်ကုမ္မဏီနဲ့နီးတဲ့အတွက်ကြောင့်တခြားကုမ္မဏီတွေထက်တယုတ်ကုမ္မဏီတွေကပိုပြီးတော့အဆင်ပြေလိမ်မယ် အနေထားမှာ ရှိတယ်။ကမ္ဘာ့စံချိန်စံညွန်းနဲ့မှီတဲ့ကုမ္မဏီတွေစက်ရုံတွေကိုလိုးလားသလိုဒေသသဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု အနည်းဆုံးဖြစ် တဲ့ထုတ်လုပ်မှု လုပ်ငန်းတွေကိုလာရောက်ယင်းနှီးမြုတ်နှံဖို့အတွက်တင်ပြခဲ့ပါတယ်။
ကျနော်တို့ကတော့ အဲတာတွေ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ စက်မှုဇုံကိစ္စကိုတော့စဉ်းစားပြီး အကြောင်းပြန်မယ်လို့ တရုတ်ဖက်က ပြောပါတယ်။ သဘောကရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ကလည်းသူတို့အုပ်ချုပ်ရေး အစိုးရအဖွဲ့တွေကိုညှိပြီးတော့တုန့်ပြန်မှုတစုံတရာရှိလာမယ်လို့မျှော်လင့်ပါတယ်။ပြန်လာတဲ့ အထိကတော့ ဘာမှ တုန့်ပြန်မှု မရှိသေးပေမဲ့  သူတို့က မှတ်တမ်း ယူထားပါတယ်။အစည်းဝေး ထိုင်ဦးမယ်လို့ပြောတယ်ဖြစ်တော့ဖြစ်နိုင်ချေ ရှိပါတယ်တဲ့။ကျနော်တို့ တင်ပြချက်ကလည်းဖြစ်သင့်ဖြစ် ထိုက်တဲ့အချက်တွေပါကျနော်တို့ဒေသတွင်မှမဟုတ်ပါဘူးရခိုင်ဘက်မှာလည်း ဒီလိုပဲကျေးရွာသားတွေရဲ့စိုးရိမ်နေတဲ့ပိုက်လိုင်းပေါက်ကွဲမှုဟာ အကြိမ်များလာနေသလို ပေါက်နှုန်းကလည်းဗုံးတစ်လုံးပေါက်ကွဲသလိုပါပဲ။ အဲဒီအတွက် လုံခြုံရေးကိစ္စတွေလည်း တင်ပြခဲ့ပါတယ်။
ခရီးစဉ်ကတော့ အောင်မြင်မှုရတယ်လို့သုံးသပ်ပါတယ်။တိုင်းရင်းသားပါတီ ချင်းချင်း သွားရတဲ့ခရီးစဉ်ကင်ကတခါမှမရှိခဲ့ဖူးဘူးင်တုန်းကတော့တင်ပြတာတော့ ရှိတယ်လွတ်တော်ကတဆင့်အစိုးရကတဆင့်အနေထားမျိုးနဲ့တိုင်းရင်းသားတွေကသွားရတယ်ဆိုတော့သူ့ရဲ့ စည်းကမ်းကန့်သတ်မှုတွေက ရှိနေတဲ့အတွက်တိုင်းရင်းသားတွေရဲ့အကြောင်းကိုပွင့်ပွင့်လင်းလင်း တင်ပြတာအခက်ခဲရှိခဲ့ပါတယ်။
အခုခရီးစဉ်မှာတော့တိုင်းရင်းသားပါတီချင်းချင်း ဆက်သွယ်တယ်ဆိုတော့ပြောချင်တာပြောလို့ရတယ်သူတို့သိသင့်သိထိုက်တာကိုကျနော်တို့ကပွင့်ပွင့်လင်းလင်း တင်ပြလို့ ရခဲ့တာပေါ့။

ငွေရေးကြေးရေး ကိစ္စမှာလည်းအစိုးရကိုယ်စားလှယ်အနေ နဲ့သွားမယ်လွတ်တော်ကနေ သွားမယ်ဆိုရင် တော့ကျနော်တို့အနေနဲ့ တရားဝင်ပွင့်ပွင့်လင်းလင်းပြောလို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူးပေါ့။
တိုင်းရင်းသားတွေကပါတီ ပါတယ်။  ရခိုင်သျှမ်းမွန်ဖြစ်တယ်။နိုင်ငံရေးပါတီကတော့NDF၊ တစညအားလုံး 5 ပါတီကကိုယ်စားလှယ်10 ဦး ဖြစ်ပြီးမီဒီယာကိုတော့အထူးဖိတ်ခေါ်ချက်အနေနဲ့ တစ်ဦးအပါဝင် 11 ဦးသွားကြပါတယ်။
အစိုးရရဲ့အစီစဉ်မဟုတ်ဘူးပါတီတွေရဲ့အစီစဉ်တွေဆိုတော့အကျိုးသက်ရောက်မှုပိုကောင်းပါတယ်။သူတို့ဘက်ကလည်းအကြံပြုတယ်တိုင်းရင်းသားရေးရာနဲ့ပတ်သတ်ပြီးဒီလိုပဲ ပွင့်ပွင့်လင်းလင်းပြောလို့ အဆင်ပြေတဲ့အခွင့်ရေး ရချင်တယ် ဆိုရင်တော့ဒီလိုပဲကျနော်တို့ကိုပွင့်ပွင့်လင်းလင်းဖိတ်ခေါ်ပါလို့လည်း မှာကြားခဲ့ပါတယ်။

လွတ်တော်အနေနဲ့ ပြီးခဲ့တဲ့လ ကလည်းသျှမ်းပြည်ကကိုယ်စားလှယ်နှစ်ယောက်ကို ခေါ်သွားခဲ့တယ်  အစိုးရကတော့တိုင်းရင်းသားတွေကိုခေါ်သွားခဲ့ပေမယ့်အဆောင်အယောင်အနေနဲ့ပဲသွားရတာပါဘာမှ ပြောခွင့် မရှိပါဘူးအကျိုးသက်ရောက်မှုလည်း မရှိဘူးပေါ့။မင်းဘယ်နေရာမှာအနေနဲ့သွားရမယ် ဆိုတာကိုအဖွဲ့ခေါင်းဆောင်းပြောစကားနားထောင်ပြီး ပြန်လာရတာပေါ့။အလည်ပဲ ဖြစ်တာပေါ့။
ရှေ့ဆက်လုပ်စရာကနောက်ပိုင်းကာလကျနော်တို့တိုင်းရင်းသားပါတီတွေကိုဆက်သွယ်ဖို့သူတို့စီစဉ်မှာပါတရုတ်ပြည်မှာကျန်တဲ့ တိုင်းရင်းသားတွေရှိတယ်။သျှမ်းဆိုယင်လည်းယုနန်မှာသူတို့ရဲ့တရားဝင်စားရင်းအရ တစ်သန်းနှစ်သိန်း 1200000 ကျော်  ရှိတယ်လို့ သိရတယ်။ဂျိမ်းဖောတို့ဝတို့ဟာခါးတို့သျှမ်းပြည်မှာရောတရုတ်ပြည်မှာရော ရှိတယ်သူတို့အခြေနေနဲ့အခွင့်ရေးကိုလေ့လာကြည့် တော့ဒီဘက်အခြေနေကတော့ကွာဟမှုရှိတယ်။သူတို့ကတရုတ်ပြည်မှာအခွင့်ရေးရတယ်၊စာပေယဉ်ကျေးမှုရော ကိုးကွယ်ခွင့်ရော လွတ်လပ်တယ်။ကျေးရွာအဆင့်ဆင်းရဲသားပ ပျောက်ရေး ဆိုလည်းတန်းဖိုးနည်း အိမ်ယာတွေစိုက်ပျိုးရေးကအစအစိုးရက စီစဉ်ပေးထားတာကောင်း တယ်။ကျနော်တို့တိုင်းရင်းသားဒေသမှာအဲဒီအခြေနေတွေရှိဖို့မပြောနဲ့စိတ်မကူးရဲသေးပါဘူးလေး။

တရုတ်တွေရဲ့ ပြောကြားချက်ကအထူးမရှိပါဘူးဒါပေမယ့်ကျနော်တို့အနေနဲ့ပြောရင်ကွဲပြားမှုနဲ့ဝေဖန် ချက်ဖြစ်ရင် မကောင်းဘူးပေါ့။သေချာတာကတရုတ်ဘက်ကတုန့်ပြန်မှုကသိပ်ပြီးကြာမယ်မထင်ဘူးဘာကြောင့်လဲဆိုတော့အခုကပိုက်လိုင်းကလုပ်နေတယ်ဆိုတဲ့အတွက်ကြောင့်ဖြစ်တယ်။ကျနော်တို့ရဲ့တင်ပြချက်ကိုတော့တရုတ်ဘက်ကငြင်းပယ်ရမယ့်အချက်မျိုးတော့မဟုတ်ဘူးလေ။
တရုတ်ပြည်ကွန်မြူနစ်ပါတီသည် မြန်မာ့ နိုင်ငံရေး ပါတီများကို လွန်ခဲ့သည့် လကဖိတ်ကြားခဲ့ပြီး တရုတ်ပြည်သို့ ပထမဦးဆုံးအကြိမ် သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါသည်။ မြန်မာအစိုးရကလည်း ဤခရီးစဉ် လုံခြုံ ချောမွေ့ စေရေးနှင့် လိုအပ်ချက်များ တင်ပြနိုင်ရန် အတွက် ဦးဆောင် စီစဉ်ပေးခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။