Thursday, June 20, 2013

KNPP နှင့် အစိုးရ သဘောတူညီမှု တချို့ရ၊ တပ်ပိုင်းဆိုင်ရာ ဆက်ဆွေးနွေးမည်

(Mizzima)

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း
ကော်မတီတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပထမနေ့တွင် သဘောတူညီမှု တချို့ ရရှိသော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆက်လက် ဆွေးနွေးသွားနေဆဲဟု နှစ်ဖက် ကိုယ်စားလှယ်များကပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကုပ်ကဲမှု စစ်ဌာနချုပ် တပ်နယ်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီကျော်ထိ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Wednesday, June 19, 2013

တောင်ကြီးရှိ ဌာနဆိုင်ရာများ၊ အပစ်ရပ်တပ်ဖွဲ့များ RCSS ခေါင်းဆောင်နှင့် ယနေ့ညတွေ့မည်



တောင်ကြီးရောက် တောင်ပိုင်း သျှမ်းပြည်တပ်မတော် RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် တောင်ကြီးရှိ ဌာနဆိုင်ရာများ၊ အပစ်ရပ်တပ်ဖွဲ့များအား ယနေ့ သျှမ်းစာပေယဉ်ကျေးမှု ကော် မတီရုံး၌ တွေ့ဆုံကြမည်ဖြစ် ကြောင်း ကြားသိရပါသည်။

“ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့တော့ ထွေထွေထူးထူး တော့မရှိပါဘူး။ ညနေကြရင်တော့ တောင်ကြီးမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေး ပါတီကလူကြီးပိုင်းတွေ၊ အပစ်ရပ်တပ်ဖွဲ့တွေနဲ့အတူ သျှမ်းစာပေယဉ်ကျေးမှု အသင်းရုံးမှာ ညစာအတူစားကြ မယ်” - ဟု RCSS  ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

အားနည်းချက်ကို ပြုပြင်ပြီး အားသာချက် ဖြစ်လာအောင် DKBA ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကြီးမှူးသော ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲကြီးသည် အောင်မြင်မှု များစွာဖြင့် ပြီးဆုံး သွားသည်ဟု ပြောခွင့် ရသူ ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။  

ဤဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား အရေးနှင့် စုစည်း ညီညွတ်ရေး အတွက် လိုအပ်ချက်၏ ဆုံရပ်အဖြစ် တစိတ် တဒေသ အကျိုးရှိသည်ဟု ယုံကြည်ကြကြောင်း ဆိုပါသည်။ ဤသို့ကြောင့် နောက်နောင် ကျင်းပသည့် အခါ ယခုထက် ပိုမိုကောင်းမွန်ပြီး ထိရောက်သော အစီအစဉ်များ ဖြစ်လာရန် လိုအပ်လှသဖြင့် ကျင်းပ ပြီးစီးသွားသည့် ဆွေးနွေးပွဲ၏ အားနည်းချက် နားသာချက်များကို အမြင်ဖလှယ်ရန် လိုအပ်လာပါသည်။ 

ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်

(KIC)

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ် ငေါ့ငါးကျေးရွာအထက်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA)တပ်ရင်း (၁၁၂) နှင့် မြန်မာအစိုးရ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခ လက်အောက်ခံတပ်ရင်း (ခလရ-၁၄၅) တို့အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

ယင်းဒေသရှိ TNLA အခြေစိုက်ရာ ပြောက်ကျားတပ်စခန်းကို ယနေ့ နေ့လည် ၁၁နာရီခွဲအချိန်တွင် အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

Tuesday, June 18, 2013

အခြေခံ ဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး

(ဧရာဝတီ)

ယခင် စစ်အစိုးရက ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့ မနက်ပိုင်းက ပြုလုပ်သော တွေ့ဆုံပွဲသို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် UNA အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်တို့မှ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးအေးသာအောင်၊ ဦးကျန်ရှင်းထျန် ၊ ဦးနိုင်ငွေသိန်း၊ ဦးစောဟယ်ရီ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

SNDP ၏ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ရုတ်တရက်ကွယ်လွန်



သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ၏ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းထွန်းလွင် ယနေ့ မနက် ရုတ်တရက် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ရုတ်တရက်ကြီးဖြစ်သွားတဲ့အခါကျတော့ ကျနော်တို့ ကျားဖြူပါတီအနေနဲ့ တကယ်ဘဲ ဝမ်းနည်းပြီး ယူကြုံးမရဖြစ် ခဲ့ပါ တယ်။ ဆရာဝန်တွေကတော့ အစာအိမ်သွေးကြောပေါက်တာလို့ ပြောပါတယ်။ ကျနော်တို့ပါတီထဲက သက်ကြီးသမား တယောက်ဆုံးရှုံးတာ နှမြောတတ ဖြစ်မိပါတယ်။ ပါတီ အဖွဲ့အစည်းတိုးတက်ဖို့ ဝါရင့်၊ သက်ကြီးတွေက အရမ်းကိုအရေးပါ ပါတယ်” ဟု လားရှိုးမြို့နယ် ကျားဖြူပါတီ၏ အမျိုးသားလွှတ်တော်အမတ် စိုင်းစံမင်းကပြောပါသည်။

RCSS အဖွဲ့ မန္တလေးမြို့ သာရေးနာရေး သျှမ်းအသင်း နှင့် တွေ့ဆုံ



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ သျှမ်းပြည်မြောက်ပိုင်းခရီးစဉ်အပြီး ယနေ့မနက်ပိုင်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် မန္တလေးရှိ သျှမ်းလူမှုအသင်းအဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ ဒီနေ့ မန္တလေးမှာရှိတဲ့ သျှမ်းသာရေးနာရေးအသင်းနဲ့တွေ့တယ်။  ကျနော်တို့ကို လာ ရောက်ကြိုဆိုတဲ့ သျှမ်းလူထု ၃၀၀ ကျော်နဲ့တွေ့တယ်။ ကျနော်တို့ အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်အကြောင်း၊  ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေ၊ အစိုးရနဲ့ ဆွေးနွေးထားဆဲ မဖြေရှင်း နိုင်သေးတဲ့အချက်အလက်တွေ၊ သျှမ်းပြည်လူထုအားလုံးနဲ့လက်တွဲပြီး ငြိမ်းချမ်းရေးလုပ်ငန်း အကောင် အထည်ဖော်ဖို့ စတာတွေကို ကျနော်တို့ ဥက္ကဌကြီးက ရှင်းလင်းပြခဲ့တယ်” ဟု ပြောခွင့်ရ ဗိုလ်မှူး လောင်ဝ်ဆိုင် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

မူးရစ်ဆေးဝါး တိုက်ဖျက်ရေး၌ အစိုးရဖက်မှ အဆင်သင့်မဖြစ်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် မူးရစ်ဆေးဝါး တိုက်ဖျက်ရန် အဆင်သင့် ဖြစ်သော်လည်း အစိုးရဖက်မှ အကောင်အထည် ဖေါ်ရန် အဆင်သင့် မရှိသေးသဖြင့် ပြည်သူများနှင့် ဆက်လက် တိုင်ပင်သွားတော့မည် ဖြစ်ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်က ဆိုပါသည်။ 

“ သဘော တူထားတာကြာပြီး၊ လက်တွေ့ မလုပ်နိုင်သေးလို့ အစိုးရ မူးရစ်ဗဟိုကို သွားညှိတယ်။ မူးယစ်ဗဟိုကတော့ ရှမ်းပြည်နယ် မူးရစ်ဌာနကို မေးကြည့်ပေါ့လို့ ဆိုတယ်။ ရှမ်းပြည်နယ်က မူးရစ်ဌာနကို မေးကြည့်တော့လည်း အထက်အမိန့် မရသေးလို့ ပြောပါတယ်။ ဒီတော့ သူတို့ဖက်က အကောင်အထည်ဖေါ်မယ့် လက္ခဏာ မတွေ့ရပါဘူး” ဟုဆိုပါ သည်။

စစ်မှန်သောဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ဒေါ်စုနှင့် RCSS ခေါင်းဆောင် သဘောထားချင်းတူညီ



မြန်မာနိုင်ငံသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မဟုတ်မချင်း ငြိမ်းချမ်းမှု ရမည်မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့  သဘောထား ချင်းတူညီစွာ ဆွေးနွေးခဲ့ကြကြောင်း RCSS ကပြောသည်။  

“ သျှမ်းပြည်တွင်းမှာဖြစ်နေတဲ့ပြဿနာအရပ်ရပ်ကို လွှတ်တော်ထဲမှာ ကူညီတင်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော် တို့ကို ပြောပါတယ်။  ဖက်ဒရယ်အကြောင်းဆွေနွေးရာမှာ သူမက စစ်မှန်တဲ့  ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ လွှတ်တော်ထဲ မှာနေပြီး ကြိုးစာနေပါ တယ်တဲ့။ ကျနော်တို့ခံယူထားသလိုပါဘဲ  သူမကလဲ -  မြန်မာနိုင်ငံမှာ စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စု မဖြစ်ပေါ်လာရင် ငြိမ်းချမ်းမှာမဟုတ်ဘူးလို့  ကျနော်တို့ကိုဆွေးနွေးပါတယ် ” ဟု RCSS/SSA ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။

သမ္မတနှင့်ဆွေးနွေးရေးခရီးစဉ်မပြီးဆုံးသေးခင် RCSS ၏ လူအား မြန်မာစစ်တပ် ဖမ်းဆီး



သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရေးခရီးစဉ်မဆုံးသေးခင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၌ လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်၏လူ  ၃ ဦး အား မြန်မာစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“ အဲဒီလူ ၃ ယောက်က ရွာထဲမှာ လည်ပတ်ပြီး ညဉ့်နက်မှအိမ်ပြန်ကြတာ။ သီပေါနဲ့ တာတေ ကြား ခမရ ၅၀၄ တပ်ရှေ့မှာ အဖမ်းခံရတာ။ မြန်မာစစ်တပ်က အဲဒီလူ ၃ ယောက်ကို သူပုန်တွေလို့ပြောတာကို ဟို ၃ ယောက်က ကျနော်တို့ သူပုန် မဟုတ်ပါဘူး။ RCSS လူပါလို့ပြောတော့ ပါးချခံရတယ်ဆိုဘဲ” ဟု သီပေါဒေသခံဦးလုံးမောင်ကသျှမ်းသံတော်ဆင့်အား ပြောပြ သည်။

Monday, June 17, 2013

KNPP နှင့် အစိုးရ ပြည်ထောင်စု အဆင့် ဒုတိယအကြိမ် ဆွေးနွေးမည်

(Mizzima)

ကယားပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းတခု ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ ဒုတိယ အကြိမ်အဖြစ် ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး မည်ဟု KNPP မှ အတွင်းရေးမှုး (၂) ဆရာ ရွှေမျိုးသန့် က ပြောသည်။

“ကျနော်တို့ လွိုင်ကော်မှာပဲ ဆွေးနွေးပွဲ လုပ်မှာပါ။ အစိုးရဘက်က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့နဲ့ပါ” ဟု မဇ္ဈိမကို ပြောသည်။

DKBA ၏ကော်သူမွဲခီး (ဆုံဆည်းမြိုင်) ထုတ်ပြန်ကြေညာချက်

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကြီးမှူးသော ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲကြီးတွင် ဆုံးဖြတ်ချက် ၈ ချက်ဖြင့် အစည်းအဝေးကို ယနေ့နေ့ လည်ပိုင်းတွင် ကျင်းပ ပြီးစီးသွားခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။

“ အဖွဲ့အစည်းအရ ပြောရရင် အဖွဲ့အစည်းပေါင်း ၃၀ ထဲက ကိုယ်စားလှယ်ပေါင်း ၈၄ ဦး တက်ရောက် ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေလည်း တက်ရောက် လိုပေမယ့် ဖိတ်ကြားမှုတွေ အားနည်း ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေ ကြတော့ အရာရှိငယ်တွေဘဲ လွှတ်တယ်။ ဒါပေမဲ့ ချုပ်လိုက်ရင်တော့ ထင်တာထက်ကို ပိုမို ထိရောက်စေခဲ့ပါတယ်ဟုဆိုပါ သည်။

ရခိုင်နှစ်ပါတီ ပူးပေါင်းရေး လက်မှတ်ရေးထိုး

(ရွှေဟင်္သာသတင်းဌာန)

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့က ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နှစ်ပါတီ ပေါင်းစည်းရေး အတွက် လက်မှတ် ရေးထိုးခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှက ဆိုပါသည်။ 

ရခိုင် လူထုရဲ့ ဆန္ဒကြောင့် နှစ်ပါတီ ပေါင်းစည်းရေးတွေ ဖြစ်လာခဲ့တာပါ။ဒီလို ဖြစ်လာအောင် ၂ ရက် အချိန်ယူ ဆွေးနွေးကြပြီးတော့ သဘော တူညီချက်တွေထဲက နှစ်ပါတီ ပေါင်းစည်းရေး အချက်ကို ဒီကနေ့ စတင် အကောင်အထည် ဖော်လိုက်တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချိန်မှာ သွေးနီးကြတာ ဖြစ်ပါတယ်ဟု ဆိုပါသည်။

တအာင်း (ပလောင်) ဒေသ၌ အစိုးရ ဆက်လက် စစ်ဆင်

(ရွှေဟင်္သာသတင်းဌာန)

တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်တို့ ပူးပေါင်းပြီး စစ်ဆင်နေသော အစိုးရ တပ်များအား စုပေါင်း တိုက်ခိုက် ခဲ့ကြသည်ဟု TNLA တပ်မှူး တစ်ဦးမှ ဆိုပါသည်။ 

ဒေသ တူနေမှတော့ ပူးပေါင်းပြီး ပြန်တိုက်ကြတာပေါ့။ စစ်မဟာမိတ်လည်း ဖြစ်ကြတယ်လေ။ အစိုးရ ဖက်ကလည်း ဆက်တိုက် စစ်ဆင်နေမှတော့ အပစ်အခတ် ရပ်စဲရေးကို ထည့်တွက်လို့ မရဘူးဖြစ်နေတယ်။ ကျနော်တို့ ဆိုရင် တစ်ချိန်လုံး ဖိတိုက်နေခဲ့တယ်။ လူထုတွေကို အကြောင်းမဲ့ သတ်ဖြတ်မှုတွေ ပိုပိုဖြစ်လာနေတယ်။ ဒီတော့ မထူးတော့ပါဘူး ဂတိတည်တဲ့ အစိုးရမျိုးလည်း မဟုတ်ခဲ့ဘူးလေဟု ဆိုပါသည်။

အစိုးရတပ်နှင့် TNLA တို့ စစ်ရေးတင်းမာ

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆမ်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

TNLA တပ်ရင်း (၂၅၆) ထိန်းချုပ် နယ်မြေအတွင်း အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသည့် နောင်ချို အခြေစိုက် ခလရ (၁၁၄) တပ်ရင်းတို့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နန့်ဆမ်မြို့နယ် ပန်အလောက်ရွာနှင့် မန်လုံ ကျေးရွာ အကြားတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအောင်ကိုက ပြောသည်။