“တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပူးပေါင်းကြိုးစားမှုနဲ့ လွတ်လပ်ရေးရယူခဲ့တာ ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသားရပိုင်ခွင့်များ ကနေ့တိုင် မရရှိသေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေရပိုင်ခွင့်ဆိုတဲ့အချက် ကို အစိုးရကနေ အလေးအနက်ထားပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်း တောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်းပြည်နယ်၊
Thursday, January 31, 2013
ကချင်တိုက်ပွဲ အမြန်ဆုံးရပ်တန့်နိုင်ရေး သျှမ်း နှင့် ကယား ပူးပေါင်းတောင်းဆို
“တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပူးပေါင်းကြိုးစားမှုနဲ့ လွတ်လပ်ရေးရယူခဲ့တာ ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသားရပိုင်ခွင့်များ ကနေ့တိုင် မရရှိသေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေရပိုင်ခွင့်ဆိုတဲ့အချက် ကို အစိုးရကနေ အလေးအနက်ထားပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်း တောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်းပြည်နယ်၊
Saturday, January 26, 2013
ဝပြည်တပ်မတော်က ကချင်ကိုကူညီဖို.ခြေလှမ်းစနိုင်သလား?
(တိုင်းရင်းသားအသံ)
ကချင်အရေးကိုဝတပ်မတော်ကစိတ်ဝင်းစားသလား?
`“ရန်သူကကိုယ့်အိမ်ထဲရောက်မလာခင် ကြိုတင်ကာကွယ်တာဟာ အကောင်း ဆုံးနည်းလမ်း`“ ဆိုသည့်စကားအတိုင်း 9/11နောက်ပိုင်း အမေရိကန်အစိုးရကအကြမ်းဖက်သမားတွေကိုကာကွယ်ခဲ့သည်၊
ဝပြည်တပ်မတော်ရဲ.လှုပ်ရှားမှုဟာစိတ်ဝင်စားစရာကောင်းတယ်၊ ဗမာ စစ်တပ်တွေရဲ. စစ်ရေးလှုပ်ရှားမှုအားလုံးကို သတိနဲ. စောင့်ကြည့်နေခဲ့ တာကြာလှပါပြီ၊ ဗမာစစ်တပ်နှင့် ဝတပ်မတော်တို. ပေါင်းပြီး သျှမ်းပြည် တပ်မတော်တောင်ပိုင်းကိုတိုက်ခဲ့ဖူးတယ်၊ သို.သော်၊

Friday, January 25, 2013
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့စည်းလုံးမှုမရှိဟု မြန်မာစစ်တပ်အရာရှိပြော
သျှမ်းသံတော်ဆင့်
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား
စည်းလုံးညီညွတ်မှုမရှိဟု မြန်မာ့တပ်မတော်မှ အရာရှိတဦးက ဆိုကြောင်း
သျှမ်းပြည်တပ်မတော် RCSS/SSA ၏ နှစ်ပတ်လည်အစည်းအဝေးအတွင်း အစီရင်ခံစာ တရပ်တွင်ဖော်ပြထားသည်။
မြောက်ပိုင်းသျှမ်းတပ်ဖွဲ့နှင့် တိုက်ခိုက် နေသည့်ကာလက
မြန်မာ့ တပ်မတော်က အရာရှိတဦးက အများယုံကြည်ကိုးကွယ် သည့် သျှမ်းဆရာတော်ကို လျှောက်တင်ရာ
တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအ ကြား စည်းလုံးညီညွတ်မှု အားနည်းမှုကိုထောက်ပြခဲ့သည်ဟုဆိုသည်။
၂၀၁၁ မတ်လ ၁၃ ရက်မှ ဩဂတ်စ်လအထိ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွါးစဉ်က ဆရာတော်အား ထိုသို့ လျှောက်တင်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါသည်။
၂၀၁၁ မတ်လ ၁၃ ရက်မှ ဩဂတ်စ်လအထိ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွါးစဉ်က ဆရာတော်အား ထိုသို့ လျှောက်တင်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါသည်။
သျှမ်း/တောင် ပင်လုံမြို့နယ်၌ တပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်
သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း
ပင်လုံမြို့နယ်အတွင်း၌ ယခုတပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွါး
ခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
“ ၁၉ ရက်နေ့မှာနဲ့ ၂၁-၂၂ ရက်နေ့တွေမှာ ၃ ကြိမ်ဖြစ်ပွါးတယ်။
တောင်ပိုင်းသျှမ်းတပ်ဖွဲ့နဲ့ မြန်မာ့ တပ် မ တော်ပေါ့။ ဆနိန်းရွာဘက် ကပေါ့။ အခုလဆန်းပိုင်းက
သျှမ်းတပ်ဖွဲ့က စစ်သား ၂ ယောက်ဆိုင်ကယ် စီး တာကို မြန်မာစစ်တပ်ကတွေ့တော့ လိုက်ပစ်တယ်
။ သျှမ်းစစ်သား ၂ ယောက်ကလဲ ဆိုင်ကယ် ပစ်ပြီး ထွက်ပြေးတယ်။ သူတို့ဆိုင်ကယ် ဗမာစစ်သားသိမ်းသွားတယ်။
အဲဒီကစပြီးတော့ သျှမ်းတပ်က ပြန်စောင့်ရင်းနဲ့ အခုလို တိုက်ပွဲဖြစ်သွားတာ” ဟု ပင်လုံရောက်
ဆနိန်းဒေသခံကပြောသည်။
Thursday, January 24, 2013
မူကွဲလွဲမှု မဖြစ်စေဖို့ UNFC ကိုယ်စားလှယ်အဖွဲ့ KNU နှင့် သွားရောက်ဆွေးနွေး
(Mizzima)
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီမှ
(UNFC) မှ ချမှတ် ထားသည့် မူနှင့် ကရင်အမျိုးသား အစည်း အရုံး (ကေအဲန်ယူ) ၏ (၁၅) ကြိမ်မြောက်
ကွန်ဂရက်မှ ချမှတ်ထားသည့် မူအကြား ကွဲလွဲမှု မရှိစေရန် ပြီးခဲ့သည့် ဇန်နဝါရီ (၂၁) ရက်နေ့တွင်
UNFC ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ မဲဆောက် မြို့သို့သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း
အဖွဲ့တွင်ပါဝင်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။
ယခုလို သွားရောက်ဆွေးနွေးခြင်းမှာ တပ်ပေါင်းစုမူဝါဒ ရေးရာပိုင်း၌ တစ်ပေါင်း တစ်စည်းတည်း ဖြစ်စေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်သည် ဟုလည်း ဆိုပါသည်။
“ပဏာမ အနေနဲ့ UNFC မှာ ဆက်လက် လက်တွဲ ဆောင်ရွက်ဖို့၊ UNFC နဲ့လည်း မကင်းကွာဖို့ပေါ့ အဲဒါ ပြောတယ်၊ ပေါ်လစီပိုင်းကတော့ နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ UNFC နဲ့ တစ်ပေါင်း တစ်စည်းတည်း အတူတကွ ပါဝင်ဖို့ ဖိတ်ခေါ် ရင်းပေါ့ အဲဒါတွေ ဆွေးနွေး ကြတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ မဇ္ဈိမအား ပြောသည်။
ကေအဲန်ယူမှ အပစ် အခတ် ရပ်စဲရေး ခိုင်မာအောင် ဆက်လက် လုပ် ဆောင် နိုင်ရန် တစ်ဖွဲ့ချင်း အနေနှင့် အစိုးရအား

Wednesday, January 23, 2013
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတရပ် ကျင်းပမည်
(ဧရာဝတီ)
ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသား အားလုံးတွေ့ဆုံပြီး ငြိမ်းချမ်းရေး ယုံကြည်ချက် တည်ဆောက်ရန် အတွက် ညီလာခံ တရပ် ထပ်မံလုပ်ဆောင်မည်ဟု သိရသည်။
ညီလာခံ ကျင်းပရန် အတွက် ကော်မတီဖွဲ့ နေကြပြီဖြစ်ပြီး ရှမ်းပြည်နယ်ရှိ ပါတီများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများကို တွေ့ဆုံပြီး ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုကို လာမည့် ဖေဖော်ဝါရီ လတွင် ကျင်းပနိုင်ရန် ကြိုးစားနေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဧရာဝတီသို့ပြောသည်။

RCSS က ကိုယ်ပိုင်ပြဌာန်းခွင့်မူကို ကျင့်သုံးမည်
“ပြုပြင်ပြောင်းလဲထားတဲ့ RCSS ရဲ့ အခြေခံ ဥပဒေမူကြမ်းမှာ ထူးခြားတာ ၂ ခု တွေ့ရတယ်။ လွတ်လပ် ရေးမူအစား ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတယ်။ နောက် အရင်က RCSS အဖွဲ့ဝင်တွေဆိုရင် စစ်မှုထမ်း ဖြစ်ရမယ်လေ။ အခုတော့ RCSS မှာ အရပ်သားတွေ ပါဝင်လာနိုင်အောင် ထည့်ပေးထားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။
Tuesday, January 22, 2013
အပစ်ရပ်စာချုပ် ဘယ်တော့မှ စဖျက်မည် မဟုတ်ဟု RCSS ဥက္ကဌပြော
“ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတိုင်း မြန်မာ့တပ်မတော်က နယ်ကျွံလို့ ဖြစ်တာ။ ကျနော်တို့ကတော့ အပစ်ရပ်စာချုပ်ကို ဘယ်တော့မှ စတင်ဖေါက် ဖျက်မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးတည်တံ့ဖို့ အစိုးရတပ်နဲ့ ပိုမိုတွေ့ဆုံရ မယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောသည်။
Friday, January 18, 2013
ငြိမ်းချမ်းရေး ဖြစ်စဉ် စောင့်ကြည့်လေ့လာနိုင်ဖို့
အစိုးရနဲ့ KNPP အကြားအပစ်ခတ် ရပ်စဲရေး သဘောတူညီမှုအပေါ် လူထုဘက်က အပြည့်အ၀မယုံကြည်သေး တဲ့အတွက် လူမှုအခြေပြု အဖွဲ့အစည်းတို့ အနေဖြင့် လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ဖို့ ခက်ခဲကြောင်း ကရင်နီလူငယ်အစည်းအရုံး (KNYO) အဖွဲ့ကပြောပါ တယ်။
Thursday, January 17, 2013
KNU ခေါင်းဆောင် အပြောင်းအလဲကြောင့် မြေမြှုပ်မိုင်း ရှင်းလင်းရေး နှောင့်နှေး
(Mizzima)
ကေအဲန်ယူ ခေါင်းဆောင် အပြောင်းအလဲများကြောင့် ပဲခူးတိုင်းအတွင်း
မြေမြှုပ် မိုင်းများ ပြန်လည် တူးဖော် ရှင်းလင်း
ရေးအတွက် နှောင့်နှေး ခဲ့ရကြောင်း NPA မိုင်း ရှင်းလင်းရေး လုပ်ငန်းများ တာဝန်ခံ မန်နေဂျာ မစ္စတာ Aksel Steen-Nilsen မှ ပြောသည်။
“အခု တက်လာတဲ့ သူတို့ ခေါင်းဆောင်သစ်တွေနဲ့ကျွန်တော်တို့ အကြား ဆက်လက် ဆွေးနွေးသွားဖို့ ရှိအုံးမယ် ဆိုပေမယ့် အချိန်တော့ မသတ်မှတ်ကြရ သေးပါဘူး” ဟု မစ္စတာ Aksel Steen-Nilsen မှ မဇ္ဈိမအား ပြောသည်။

Monday, January 14, 2013
ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်ပြည်ထောင်စု
By
https://www.facebook.com/aung.naingmoe.58
မိုးသီး
ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ် ဆိုတာကို အားလုံး နားလည် အောင်ပြောရမယ်ဆိုရင် ဆော့ဝဲနဲ့ကွန်ပြူတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ က ဆော့ဝဲ ဖြစ်တယ်။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်က ကွန်ပြူတာဖြစ်တယ်။ ဆော့ဝဲနဲ့ ကွန်ပြူတာ ပေါင်းစပ်မှာသာ ကွန်ပြူတာတခုအလုပ်လုပ် လာ တာဖြ စ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုဟာ ကွန်ပြူတာတလုံးဆိုရင် ရိုးရိုးကွန်ပြူတာမဟုတ်
အဲပ်လ်ကွန်ပြူတာ ( Apple Computer) တလုံး လို
ဖြစ်ပါတယ်။ ကောင်းတယ်။ လုံခြုံတယ်။ ပြည်နယ်တွေကွဲမထွက်သွား ဘူး။ လူလူခြင်းခွဲခြားဆက်ဆံလို
့မရဘူး။ တခြားကွန်ပြူတာတွေလို အပြင် ကဗိုင်းယပ်စ်တွေ တိုက်ခိုက်လို့ မရဘူး။
ဆော့ဝဲပဲရှိပြီး ကွန်ပြူတာကမကောင်းရင် အလုပ်လုပ်လို့ မရဘူး။
ဒီမိုကရေစီတော့ရှိတယ်။ ပြည်ထောင်စုစနစ်ကိုမလုပ်နိင် ရင်
မအောင် မြင်နိုင်ဘူးပေါ့။
ဖယ်ဒရယ်မလိုပါဘူးလို့ ပြောခြင်း၊ ကျနော်တို့  လူတွေက ဖယ်ဒရယ် ဆိုတာ ခွဲထွက်ရေးလို့ ပဲသိတယ်။ ဖယ်ဒရယ်ကိုမပြောကြပါနဲ့ကွာ ဆို တာကတော့
ကျနော်တို့ ရှင်းပြရမှာပေါ့။ ကွန်ပြူတာတလုံးလိုတယ်ဆိုတာကိုရှင်းပြရမှာပေါ့။
ဒါက တပြည်လုံးနိမ့်ကျသွားတဲ့ ပညာရေးစနစ်ကြောင့်ဖြစ်နေတာပဲ။
တယောက်က ကျနော်ကို ဆွေးနွေးတယ်။ တောင်ကြီးကိုသွားဖို့ ဗီဇာ မလျောက်နိင်ဘူးတဲ့။ အမေရိကန် ကိုရောက်လာတဲ့ မြန်မာ ဒုက္ခသည် မိသားစုဟာ နယူးယောက်မှာနေတယ်။ ကားလီဖိုးနီးယား ကို သွား လှည်ဖို့ အပြီးပြောင်းသွားဖို့  သူဟာ ဘယ်သူဆီမှာ မှ ဗီဇာလျောက် စရာမလိုတဲ့အပြင် ဟိုရောက်ရင် အဲ့စရင်းတောင် တိုင်စရာမလိုဘူးဆိုတာ သူသိထားပုံမရဘူး။
မိုးသီး
ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ် ဆိုတာကို အားလုံး နားလည် အောင်ပြောရမယ်ဆိုရင် ဆော့ဝဲနဲ့ကွန်ပြူတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ က ဆော့ဝဲ ဖြစ်တယ်။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်က ကွန်ပြူတာဖြစ်တယ်။ ဆော့ဝဲနဲ့ ကွန်ပြူတာ ပေါင်းစပ်မှာသာ ကွန်ပြူတာတခုအလုပ်လုပ် လာ တာဖြ
ဆော့ဝဲပဲရှိပြီး ကွန်ပြူတာကမကောင်းရင် အလုပ်လုပ်လို့ မရဘူး။
ဒီမိုကရေစီတော့ရှိတယ်။ ပြည်ထောင်စုစနစ်ကိုမလုပ်နိင်
ဖယ်ဒရယ်မလိုပါဘူးလို့ ပြောခြင်း၊ ကျနော်တို့  လူတွေက ဖယ်ဒရယ် ဆိုတာ ခွဲထွက်ရေးလို့ ပဲသိတယ်။ ဖယ်ဒရယ်ကိုမပြောကြပါနဲ့ကွာ ဆို
ဒါက တပြည်လုံးနိမ့်ကျသွားတဲ့ ပညာရေးစနစ်ကြောင့်ဖြစ်နေတာပဲ။
တယောက်က ကျနော်ကို ဆွေးနွေးတယ်။ တောင်ကြီးကိုသွားဖို့ ဗီဇာ မလျောက်နိင်ဘူးတဲ့။ အမေရိကန် ကိုရောက်လာတဲ့ မြန်မာ ဒုက္ခသည် မိသားစုဟာ နယူးယောက်မှာနေတယ်။ ကားလီဖိုးနီးယား ကို သွား လှည်ဖို့ အပြီးပြောင်းသွားဖို့  သူဟာ ဘယ်သူဆီမှာ မှ ဗီဇာလျောက် စရာမလိုတဲ့အပြင် ဟိုရောက်ရင် အဲ့စရင်းတောင် တိုင်စရာမလိုဘူးဆိုတာ သူသိထားပုံမရဘူး။
Sunday, January 13, 2013
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တပ်ရင်းအခြေစိုက်ရာများသို့နယ်လှည့်
(ခိုနန်းထုန်သတင်းဌာန)
ယခုလ
ဇန္န၀ါရီ (၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် အနောက်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး သည် လက်အောက်ခံ တပ်ရင်းတည်ရှိရာစခန်းများသို့
နယ်လှည့်ကြောင်း သိရသည်။
တိုင်းမှူးဟာ
ချင်းပြည်နယ်၊ ပလက်ဝမြို့ အခြေစိုက် အမှတ် (၂၈၉) ခြေလျင်တပ်ရင်းသို့ ဇန္န၀ါရီလ (၉)
ရက်နေ့ ညနေ (၄) နာရီမှာ ရောက်ရှိခြင်းဖြစ်သည်။
Friday, January 11, 2013
သမ္မတနှင့် တွေ့ဆုံခဲ့သည့်အပေါ် KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
ဤခရီးစဉ်နှင့်ပတ်သက်၍ ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းကို ဇန္န၀ါရီလ (၈) ရက်နေ့က တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
KIC။ ကေအဲန်ယူအနေနဲ့ မြန်မာအစိုးရကို သွားရောက်တွေ့ဆုံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများ အသိပေးချင်ပါသလဲ။
ဖြေ – ကျနော်တို့ခရီးစဉ်ကတော့ သမ္မတကြီးရဲ့ ဖိတ်ကြားချက်အပေါ်မှာပဲ ကျနော်တို့ သွားရောက်တွေ့ဆုံ တာဖြစ်တယ်။ တပြိုင်နက်တည်းမှာ သမ္မတကြီးကော၊ ဒုသမ္မတကော နောက်ပြီး ကာကွယ်ရေးဦးစီးချုပ်ပါ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ မသွားခင်က ကျနော်တို့ စဉ်းစားတာကတော့ ကေအဲန်ယူနဲ့ အစိုးရကြားမှာရှိတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို ပိုမိုပြီး တော့ ခိုင်မှာအောင်လုပ်ဖို့ရယ်။ ဒုတိယအချက်ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့
ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့ များနှင့် KNU လက်တွဲပူးပေါင်းသွားမည်
“ငြိမ်းချမ်းရေးရရှိဖို့အတွက် အဓိကတော့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှသာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရမယ်။
အဲဒီဖြေရှင်းတဲ့နေရာမှာလည်း တိုင်းရင်းသား တစုတည်းနဲ့ ဖြေရှင်းလို့လည်း မရဘူး”ဟု ပဒိုမန်းမန်းမန်းက ကေအိုင်စီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ KNU သည် နေပြည်တော်သို့သွား၍ ယခုလ ဇန်န၀ါရီလ ၅ ရက်နေ့က သမ္မတနှင့် အလွတ်သဘော ဆွေးနွေးခဲ့ရာတွင် ကချင်ပြည်နယ်စစ်ပွဲအရေးကိစ္စကိုလည်း ပြောဆိုခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအပါအ၀င် ပြည်သူလူထုအားလုံး ၀ိုင်းဝန်းကူညီ ဆောင်ရွက် သွားရန်လိုကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆိုသည်။
ရန်ကုန်တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူး ပွဲတော် KNU ကို မဖိတ်ကြား
ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ အတွင်းရေးမှူး စောလှထွန်းက “ကျနော်တို့ နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီအနေနဲ့ KNU ကို ဖိတ်ကြားထားတာ မရှိပါဘူး။ ဘာဖြစ်လဲဆိုရင် ဒီပွဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း မျိုးကို ဖိတ်ကြားတဲ့အစီအစဉ် မရှိပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ မူ ၅ချက် ချမှတ် ထားရာတွင် အရေးကြီးဆုံးတစ်ချက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်ခြင်း၊ လူတန်းစားအရ အမြတ်ထုတ်ခြင်း၊ နိုင်ငံရေးအ ရ အမြတ်ထုတ်ခြင်း၊ စီးပွားရေးအရ အမြတ်ထုတ်ခြင်းနှင့် ဘာသာရေးအရ အမြတ်ထုတ်ခြင်း အလျဉ်းမရှိစေရ ဆိုသည့်အချက် ကြောင့် KNU အား မဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)