Saturday, February 28, 2015

ဝ ၊ မိုင်းလား နှင့် RCSS တို့အား တနေ့ တိုက်ခိုက်ရမည်ဟု တြိဂံတိုင်းမှူးပြော

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် တြိဂံ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ထွန်းဦးက ဝ၊ မိုင်းလားနှင့် RCSS/SSA တပ်ဖွဲ့တို့ အကြောင်းပြောဆိုခဲ့ပြီး ၎င်းတို့အဖွဲ့များအား တနေ့တချိန်ချိန်တွင် တိုက်ခိုက်ချေမှုန်းပစ်ရမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ကျိုင်းတုံမြို့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ မိုင်းယန်းမြို့သို့ တြိဂံတိုင်းမှူး ရောက်ရှိခဲ့ပြီး ဒေသအတွင်းက ဌာနဆိုင်ရာဝန်ထမ်းများအား မွန်းလွဲ ၁ နာရီ ၂ နာရီ အထိတွေ့ဆုံခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည် နယ်မှာ တိုက်ပွဲတွေဖြစ်ပွား

(RFA)

ရှမ်းပြည်မြောက်ပိုင်း  နမ်းခမ်းမြို့နယ် ပန်ဆေးဒေသ မှာ အစိုးရတပ်တွေနဲ့ တအာင်းလွတ်မြောက်ရေး PSLF/ TNLA တပ်တွေ ဒီကနေ့ တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေတယ်လို့ တအာင်း လွတ်မြောက်ရေးတပ်ကပြော ပါတယ်။

တိုက်ပွဲတွေဟာ တစ်နေရာထဲမှာမဟုတ်ပဲ နေရာ ကွဲပြီးဖြစ်ပွားနေတယ်လို့ TNLA အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

Friday, February 27, 2015

ဗိုလ်မှူးကြီး ဆန်းအောင်အဖွဲ့နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား

(KIC)

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်းကျေးရွာအနီးတွင် ယခင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မ တော် (DKBA)မှ တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်အဖွဲ့နှင့် ကျိုက်ဒုံမြို့နယ် အခြေစိုက် မြန်မာအစိုးရ တပ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံတပ်တို့ ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ DKBA စစ်ဦးစီး( ဒုတိယတန်း)ဖြစ်သူ ဗိုလ်မှူးထွန်းထွန်းက အတည်ပြု ပြောဆိုသော်လည်း စတင်ဖြစ်ပွားသည့် အကြောင်းရင်းကို အသေးစိတ် မသိရှိရသေးကြောင်း ကေအိုင်စီသို့ ပြောသည်။

တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ဆိုင်ရာ ဥပဒေအပေါ် ဝေဖန်မှုများရှိနေ

(ဧရာဝတီ)

ပြဌာန်းပြီးဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားဒေသရှိ သဘာ ၀ သယံဇာတများ၏ ရပိုင်ခွင့်များကို ဖော်ပြမထားသဖြင့် တိုင်းရင်းသား လွှတ်တော်အမတ်များက ဝေဖန်ပြောဆိုနေကြသည်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြဌာန်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

“အစိုးရကို အပြည့်အဝ မယုံနိုင်သေးပါဘူး”

(ဧရာဝတီ)

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ သဘောတူညီချက်ရဖို့ ကြိုးပမ်းနေကြတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုနိုင်ရေးဟာ လက်ရှိ အခြေအနေတွေအရ တိုင်းရင်းသား တပ်ဖွဲ့တွေတစု တစည်းတည်း လက်မှတ်ထိုးနိုင်ကြဖို့ အလားအလာက နည်းပါးနေပါပြီ။
အချိန်ကြာလာတာနဲ့ အမျှ ယုံကြည်မှုတည်ဆောက်မှုဟာ တိုးတက်မလာဘဲ NCA ကို လက်မှတ်ထိုးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာပဲ ထိုးရေး၊ မထိုးရေး သဘောထား ကွဲလွဲမှုတွေ ထင်ထင်ရှားရှား ပေါ်ပေါက်လာပါတယ်။ ဒီ အတော အတွင်း တချို့လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို တချို့ တပ်ဖွဲ့တွေနဲ့ ကတိကဝတ် စာချုပ်တွေ ချုပ် ဆိုနေတာလည်း တွေ့မြင်ရပါတယ်။

Tuesday, February 24, 2015

အစိုးရနှင့် RCSS ကြား တပ်နေရာ ချထားရေး သီးသန့် ဆွေးနွေးမည်

(Irrawaddy)

အစိုးရကိုယ်စားလှယ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အားမရသဖြင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) က တပ်နေရာချထားရေး ကိစ္စရပ်များကို တပ်မတော်နှင့် ဖေဖော်ဝါရီလကုန်တွင် သီးခြား ဆွေးနွေးတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “တဖွဲ့နဲ့တဖွဲ့ ကွာခြားမှု ရှိတယ်။ မူဝါဒချင်း ကွာခြားတယ်။ တဖွဲ့ချင်း ဆွေးနွေးတာက ပိုပြီးမြန်ဆန် လွယ်ကူလိမ့်မယ်လို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ရေးထိုးမည် မဟုတ်

(DVB)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိက၀တ် ပြုထားခဲ့ပြီးဖြစ်တဲ့အတွက်  တပြည်လုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (NCA)မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA)အဖွဲ့ လက်မှတ်ရေးထိုးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့  မီဒီယာများနဲ့  ထိုင်းနယ်စပ်တနေရာမှာ တွေ့ဆုံစဉ် RCSS/SSA ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး ယွက်စစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Sunday, February 22, 2015

စစ်ရေးကို စားပွဲဝိုင်းမှာဖြေရှင်းဖို့ ရှမ်းလက်နက်ကိုင်ခေါင်းဆောင် တိုက်တွန်း

(RFA)

ကိုးကန့်ဒေသ လောက်ကိုင်ပဋိပက္ခအပါအဝင် ရှမ်းပြည်နယ်နဲ့ တစ်နိုင်ငံလုံးက စစ်ရေးပဋိပက္ခတွေကို စားပွဲဝိုင်းမှာအဖြေရှာဖို့ မိမိအနေနဲ့ တိုက်တွန်းကြောင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS /SSA ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
“ပြဿနာကို လက်နက်နဲ့ဖြေရှင်းလို့မအောင်မြင် ပါဘူး။ ဆွေးနွေးတဲ့နည်းနဲ့ပဲ ဖြေရှင်းရမှာပါ ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဖြေမရှာနိုင် ဘူးဆိုရင်လည်း တိုက်ပွဲတွေပြန်ဖြစ်လာနိုင် ပြီး ပြည်သူတွေပဲ ဒုက္ခတွေထပ်မံကြုံတွေ့ ရမှာပါလို့”ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က တောင်ကြီးမြို့မှာ ဒီနေ့ ကျင်းပတဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

Thursday, February 19, 2015

ကြက်ခြေနီ အလံတပ်ထားတဲ့ ယာဉ်တန်းကို ပစ်တာကတော့ မလုပ်သင့်ပါဘူး၊ ပြည်သူတွေအများကြီး ပါလာတဲ့ ယာဉ်တန်းပါ

(Mizzima)

အီးပီးအေ ဓာတ်ပုံ သတင်းထောက် ကိုလင်းဘိုဘိုနှင့် မေးမြန်းခြင်း။
ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက် နက်ကိုင်တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရတပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က စတင်၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မြို့မှ စစ်ဘေးရှောင် ဒုက္ခသည်များကို ကြက်ခြေနီအဖွဲ့က သွားရောက်ကယ်ဆယ်ပြီး အပြန်ခရီးတွင် ကြက်ခြေနီယာဉ်တန်း ကို တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

Wednesday, February 18, 2015

မူဆယ်ပစ်ခတ်မှု ရွာသား ၄ ဦး ဒဏ်ရာရ၊ ကလေးငယ် ဒဏ်ရာပြင်းထန်

(DVB)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တိုက်ပွဲ ဖြစ်လို့ တိုက်ပွဲအနီး ပန်ကိုင်ရွာသား ကလေးငယ် လက်နက်ကြီးစ ၉ စထိမှန်ဒဏ်ရာရခဲ့သလို အမျိုး သမီး ၁ ဦးနဲ့ ရွာသား ၂ ဦးလည်း  ဒဏ်ရာရပါတယ်။

လားရှိုးကနေ မူဆယ်ကိုအသွား အစိုးရတပ်ယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက ချုံခိုတိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်ကြတဲ့တိုက်ပွဲမှာ ရွာတွင်း ကို လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲပြီး ရွာသားတွေ ထိမှန်ဒဏ်ရာရခဲ့ကြပါတယ်။

Tuesday, February 17, 2015

အစိုးရနှင့် KNU ကြား တပ်နေရာ ချထားရေး သီးသန့် ဆွေးနွေမည်

(Irrawaddy)

အစိုးရ တပ်မတော်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့အကြား တပ်နေရာချထားရေး ကိစ္စများကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်ပိုင်းမှစ၍ သီးသန့်ဆွေးနွေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အင်းစိန်မြို့နယ်၊ ဦးယော ဟန်ခြံတွင် ပြုလုပ်ခဲ့ သည့် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိပြုချက်ကို ဘာ့ကြောင့် လတ်မှတ်ထိုးလိုက်ရလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကရင်လူထု နှင့် KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးတို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီး မူတူးဆေးဖိုး၏ အတွင်းရေးမှူး စောတာမူလာက ဧရာဝတီသို့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကတိ လက်မှတ်ရေးထိုးမှု ကေအန်ယူအတွင်း ပြန်ဆွေးနွေးမည်

(DVB)

ပြည်ထောင်စုနေ့က “ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်”မှာ ကေအန်ယူ ကိုယ်စားလှယ်နှစ်ဦး က လက်မှတ်ထိုးခဲ့မှုဟာ ဗဟိုကော်မီတီ ဆုံးဖြတ်ချက်နဲ့ မညီတဲ့အတွက် အဖွဲ့တွင်း ဆွေးနွေး အဖြေရှာမယ်လို့ ကေအန်ယူ က မနေ့က သတင်းထုတ်ပြန်ပါတယ်။

Monday, February 16, 2015

ရဲဘော်သစ်ဆင့်ခေါ်မှုကြောင့် ဒေသခံ ရာကျော်နေရပ်မှ စွန့်ခွါ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း ဒေသခံများအား သျှမ်းပြည် တပ်မတော် RCSS/SSA မှ တပ်သား သစ်ကောက်ယူ စုဆောင်းမှုကြောင့် ဒေသခံ ရာကျော်နေရပ်မှ စွန့်ခွါနေရကြောင်း မိုင်းကိုင်ဒေသခံ များပြောပြချက်အရသိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မြို့ပေါ် ရပ်ကွက် ၉ ခု နှင့် မြို့ပြင် ကျေးရွာအုပ်စု များအား သျှမ်းပြည်တပ်မတော် RCSS/SSA  တပ်သားသစ် ဆင့်ခေါ် စုဆောင်းမှုကြောင့် ဒေသတွင်းလူငယ်များသည်  လဲချားမြို့၊ တောင်ကြီးမြို့၊ ပင်လုံမြို့နှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု  ဒေသခံများက ပြောသည်။

Friday, February 13, 2015

စစ်ပွဲများ ချက်ချင်း ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေး ကြရန် ကိုးကန့် ပါတီ တောင်းဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းခရိုင်အတွင်း မြန်မာအစိုးရတပ်မတော် နှင့် ဖုန်ကြားရှင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ဒေသခံလူထုသောင်းချီ နေရပ်မှစွန့်ခွာနေရသည့်အတွက် ပြည် ထောင်စုကို ချစ်မြတ်နိုးသောစိတ်ဓါတ်ဖြင့်စစ်ပွဲချက်ချင်းရပ်တန့်ရန်  သျှမ်းပြည်ကိုးကန့် ဒီမိုကရက် တစ်ပါတီက တောင်းဆိုလိုက်ပါသည်။

လက်ရှိအနေအထားအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာအစိုးရ တပ်မတော် နှင့် ကိုးကန့်တပ်ဖွဲ့(မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ် ပေါင်းစု MNDAA) တို့ ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့နယ်အတွင်း ဖေဖေါ်ဝါရီ  ၃ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွား ခဲ့သည်။

စာရွက်ပေါ်တွင် ပျောက်သွားမယ့် ဒုတိယ ပင်လုံစာချုပ်လား

(Mizzima)

လွန်ခဲ့သည့် ၆၈ နှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်း၊ ပြည်မမခွဲခြားဘဲ လွတ်လပ်ရေး အရယူကြရန် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ စိတ်တူ၊ ကိုယ်တူ ပင်လုံစာချုပ်ကို လက်မှတ်ထိုးလျက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြသည်။ ထိုစဉ်က စာချုပ်တွင် တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အပြည့်အဝ အာမခံချက်များပါဝင်ခဲ့သည်။

သို့တိုင်အောင် နှစ် ၇ဝ နီးပါးကြာမြင့်သည့် ယနေ့အချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ အန္တိမရည်မှန်းချက် များ ပြည့်မီပါ၏လော၊ တစ်နည်းအားဖြင့် ခေါင်းဆောင်ကြီးများ၏ မျှော်လင့်ချက်နှင့် ရည်မှန်းချက် အိပ်မက်များ ပြည့်မီပါ၏လော ပြန်လည်ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည်။