Friday, April 5, 2013

SSA-N တပ်များ ထပ်ဆုတ်ပေးနိုင်မည်မဟုတ်ဟု ဆို

(Mizzima)


 ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူညီချက်အရ အခြေစိုက်နေထိုင်နေခြင်း ဖြစ်၍ အစိုးရ စစ်တပ်က ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N တပ်စခန်းများကို ဆုတ်ခွာပေးရန် ပြောဆိုမှု လက်ခံ မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။
ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ)ရှိ ရွှေလီရိပ်သာတွင် အစိုးရ ဝန်ကြီးနှစ်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

“စာချုပ်အတိုင်း ကျနော်တို့ ရောက်ရှိတဲ့နေရာမှာ အခြေချ နေထိုင် ထား တယ်။ ကျနော်တို့က ကားလမ်း တလျှောက်မှာ ဝင်ပြီး တိုက်တာလည်း မရှိဘူး။ ကျနော်တို့ စပြီးတိုက်တာ မဟုတ်ဘူး။ သူတို့က ကျနော်တို့ ရှိတဲ့နေရာကို ဝင်ရှင်းတယ်။

အစိုးရတပ်နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်လူထု တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်


သျှမ်းသံတော်ဆင့်
 
အစိုးရတပ် နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ ဖြစ်ပွား သော တိုက်ပွဲကြောင့် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျေးလက်လူထု ထောင်ကျော် မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေရ သည်ဟုသိရှိရသည်။

“တန့်ယန်းမြို့ပေါ် ဘုန်းကြီးကျောင်းတိုင်း လိုလိုမှာ သွားပြီးခိုလှုံနေကြ တယ်။ အဲဒါက သျှမ်းလူမျိုး နဲ့ တခြားတိုင်းရင်းသားတွေ၊ တရုတ်တွေ ကတော့ တန့်ယန်းမြို့တရုတ်ဘုံကျောင်းမှာ။ သူတို့နဲ့ဆို လူထောင် ကျော်တယ်” - တန့်ယန်းမြို့ခံ ဝေဠုဝန်ကျောင်းတိုက်ဘုရားဒါယိကာ စိုင်းခမ်းဘန်း ကပြောပါသည်။

KNU နှင့် သဘောတူ ထားခြင်းကို အစိုးရ မလိုက်နာ

(ရွှေဟင်္သာသတင်းဌာန)


တနှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲ ထားသော်လည်း သဘော တူညီချက်များ တိတိကျကျ အကောင်အထည် ဖေါ်မှု မရှိ သေးသည့် အတွက် အစိုးရနှင့် ထပ်မံ တွေ့ဆုံဖို့ လိုအပ် နေကြောင်း ကရင် အမျိုး သား အစည်းအရုံး (KNU) ပြောရေး ဆိုခွင့် ရှိသူ အထွေထွေ အတွင်း ရေးမှူး စောကွယ်ထူးဝင်း က ဆိုပါသည်။
...
“ပြန်တွေ့ဖို့ လိုအပ်တယ်။ အပစ်အခတ် ရပ်စဲရေးလဲ လုပ်ထားပြီးတော့ သဘော တူညီချက်တွေ တိတိ ကျကျ ဘာမှလဲ အကောင် အထည် မဖော်နိုင် သေးဘူး။ အဲဒီတော့ ရေရှည် အတွက် မကောင်း ဘူးလေ။ ဒါကြောင့် ပြန်လည် ဆွေးနွေး နိုင်ဖို့ ဒီပြီး ခဲ့တဲ့ မတ်လ (၂၈) ရက်နေ့ ညနေ ပိုင်းမှာ ဦးအောင်မင်း တို့နဲ့ အလွတ်သဘော တွေ့ဖြစ် ခဲ့တယ်” ဟု ဆိုပါသည်။

Wednesday, April 3, 2013

ဝ ပြည်နယ်ထူထောင်ခွင့်ပေးဖို့ လွှတ်တော်မှသာ အာဏာရှိကြောင်းဦးအောင်မင်းပြော


သျှမ်းသံတော်ဆင့်
 
လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မ တော်မှ တင်ပြတောင်းဆိုသည့် ၀ ပြည်နယ်ထူထောင် ခွင့်ပေးရန် အတွက် အာဏာမှာ လွှတ်တော်အတွင်း၌သာရှိကြောင်း ဦးအောင်မင်း က ပြောပါသည်။

“  ဆွေးနွေးပွဲဖွင့်ပွဲရက်မှာဘဲ ဝ ပြည်နယ်ကိုယ်စားလှယ်အဖြစ် တက် ရောက်တဲ့ သျှောင်းဆမ်ခွန်းရဲ့ ဝ ပြည်နယ် ထူထောင် ခွင့်ပေးဖို့ တောင်း ဆိုတဲ့ကိစ္စ။  ဖွင့်ပွဲပြီးဆုံးတော့ သျှောင်းဆမ်ခွန်းက ဦးအောင်မင်းနဲ့တွေ့ တယ်။ ဦးအောင်မင်းက သူ့ကိုပြော လိုက်တယ်။ ၀ ပြည်နယ် ပေးဖို့ကိစ္စ သူ့မှာ ဘာအာဏာမှ မရှိဘူး။  လွှတ်တော်ထဲမှာဘဲ ဆုံးဖြတ်ခွင့်အာဏာ ရှိတယ် လို့ပြောတယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ တဦးကပြော သည်။

ရှမ်းပြည်ကိုးကန့် ဒီမိုရက်တစ်ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

(ဧရာဝတီ)


တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်သော ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်မြေများ၌ ၀င်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူက ပြောသည်။

မတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကျင်းပသော ရှမ်း၊ ကယားပြည်နယ် ယုံကြည်မှု နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲအခမ်းအနားတက်ရောက်လာသော ဦးအန်တိုနီစူက ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှမ်းမြောက် စစ်ရေး တင်းမာမှုကို လားရှိုး ဆွေးနွေးပွဲက ဖြေရှင်း နိုင်မလား


ရွှေဟင်္သာသတင်းဌာန

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နှင့် အစိုးရ တပ်များ အကြား စစ်ရေး တင်းမာမှု လျော့ချ နိုင်ရန် လာမည့် ဧပြီလ (၃) ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ရှမ်းပြည်နယ်၊ လားရှိုး မြို့၌ တွေ့ဆုံ ဆွေး နွေး ရန် ရှိသည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်မှ ဆိုပါသည်။

“ဒီဆွေးနွေးပွဲ မှာတော့ အဓိက တိုက်ပွဲ ကိစ္စကို တင်ပြ ဆွေးနွေး သွားဖို့ ရှိပါတယ်။ လောလောဆယ် ဖြစ်နေတဲ့ အခြေ အနေတွေပေါ့၊ စစ်ရေး တင်းမာ မှုတွေ ဖြစ်နေတဲ့ နေရာတွေ ညှိနှိုင်း မှာပေါ့၊ စစ်ရေး ထိန်းချုပ် နယ်မြေတွေ ညှိနှိုင်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု SSPP/SSA အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။

Tuesday, April 2, 2013

SSA မြောက်ပိုင်းနဲ့ အစိုးရ ငြိမ်းကိုယ်စားလှယ်များ လားရှိုးတွင် တွေ့မည်



ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တချို့ မနက်ဖြန် လားရှိုးမြို့တွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံပွဲတွင် လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်နှင့် လားရှိုး မြို့နယ်တို့တွင် အစိုးရ စစ်တပ်နှင့် SSA-N တို့ ဖြစ်ပွားနေသည့် တိုက်ပွဲ ကိစ္စများကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။ 

လတ်တလောတွင် တန့်ယန်းမြို့နယ်နှင့် လားရှိုးမြို့နယ်တို့၌ အစိုးရ စစ်တပ်က နယ်မြေ စိုးမိုးရေးအတွက် နေရာ ဖယ်ခိုင်းမှုကြောင့် နှစ်ဖက် တပ်များ တိုက်ပွဲများ ဖြစ်ပွားနေကြောင်းလည်း သိရသည်။ အစိုးရ နယ်မြေရှင်းလင်းရန် ပစ်မှတ်ထား တောင်းဆိုနေသော ယင်းနေရာများ သည် SSA-N နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တို့၏ စစ်ရေး အရ နှစ်ဖက်မဟာမိတ် ဆက်ဆံရေး ပင်မလမ်းကြောင်း ဖြစ် သကဲ့ သို့ ခနောက်စိမ်း၊ သစ်နှင့် တခြားဒေသ ထွက်ကုန်များကိုလည်း တရုတ်နိုင်ငံဘက်သို့ ကုန်သွယ်ကူးသန်းသည့် လမ်းကြောင်းလည်း ဖြစ်သည်။

ရှမ်းမြောက်ပိုင်းတွင် တအာင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွား

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်ဖွဲ့နှင့် တအာင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)မှ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။

နံနက် ၇ နာရီချိန်မှစတင်၍ ယခု သတင်းရေးသားချိန် ၁၀ နာရီထိ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ဇယန်းကြီးအုပ်စု နမ့်ဆိုင်ခေါင် တောင်ကြောတွင် အစိုးရ၏ ခမရ ၅၀၄ တပ်ဖွဲ့နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၂၅၆ တပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အစိုးရစစ်ကြောင်း မိုင်းနင်းမိ ၂ ယောက်သေ ကျေးလက်လူထု ခြိမ်းခြောက်ရိုက်နှက်ခံရ



သျှမ်းပြည်မြောက်ပိုင်း နမ္မတူအရှေ့ဘက် မိုင်းရင်အုပ်စုအသွားလမ်း စစ်ကြောင်းလှည့် အစိုးရစစ်တပ် ခမရ ၃၂၄ ကမိုင်းနင်း မိကာ သေ ကြေဒဏ်ရာရပြီးနောက် ဒေသခံလူထုအား တားဆီးစစ်ဆေး ရိုက် နှက်မှုများရှိနေ ကြောင်းစုံစမ်းသိရှိရသည်။

 “ မတ်ခ်ျလ ၂၈ ကြာသပတေးနေ့ မနက် ၈ နာရီခွဲလောက်ကပေါ့။ တောနင်းတဲ့ နမ္မတူ အခြေ စိုက် ခမရ ၃၂၄ မိုင်းရင်ကား လမ်း နဲ့ ၉ မိုင်လောက်ဝေးတဲ့ ကောင်းခါးရွာနဲ့ ကောင်းဟုန်းရွာ ကြားမှာ မိုင်းနင်း မိတာ။ ၄ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်သေတယ်” - ဟု နမ္မတူ ဒေသခံ စိုင်းခမ်းက သျှမ်းသံတော် ဆင့်အားပြောပြသည်။

Saturday, March 30, 2013

SSPP/SSA အား အစိုးရ စစ်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)


ယမာန်နေ့ ညနေပိုင်း အချိန်တွင် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့ နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ တပ်ဖွဲ့တို့သည် လွယ်လန်း နှင့် လွယ်စေး တောင်ကြော တဝိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ ပြော ခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

“မတ်လ ၂၃ ရက်နေ့ ကတည်းက အဲဒီတောင်ကုန်း၂ ခုကို သူတို့ တပ်ဖွဲ့တွေ တက်တိုက်နေတာ မတ်လ ၂၅ ရက်နေ့ကျမှ နယ်မြေ ရှင်းမယ် ဆိုတာ အကြောင်းကြားလာပြီး ၂၆ ရက်နေ့အထိ ဆက်တိုက် ပြန်တယ်။ (၂၇) ရက်နေ့မှာ တရက်နား ပြီးတော့ ၂၈ ရက်နေ့ (၂) နာရီခွဲလောက်မှာ ပြင်းပြင်း ထန်ထန် လာတိုက်ပြန်တယ်။” ဟု ဆိုပါ သည်။

Thursday, March 28, 2013

SSA မြောက်ပိုင်း တပ်စခန်း ၂ ခု အစိုးရတပ်က ဖယ်ရှားခိုင်း

(ဧရာဝတီ)


ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ နေရာမှ ခေတ္တ ဖယ်ရှားပေးရန် အစိုးရတပ်က ပြောကြား ထားသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။

ယင်း တပ်စခန်း ၂ နေရာမှ ခေတ္တ ရှောင်ခွာပေးရန် အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့နယ်ရှိ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနား တွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက် ပိုင်းမှ ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။

တအာင်း ဘုံစာပေ ယဉ်ကျေးမှု နှင့် တအာင်း အမျိုးသား တော်လှန်ရေး

(ရွှေဟင်္သာသတင်းဌာန)


တအာင်း (ပလောင်) ဘုံစာပေနှင့် ယဉ်ကျေးမှု တစ်ရပ် ဖြစ်ပေါ်လာရေး အတွက် ပြီးခဲ့သည့် မတ်လ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ(၁၀) ကြိမ်မြောက် တအာင်း စာပေ ယဉ်ကျေးမှု ညီလာခံနှင့် ရွှေဖီလက်ဖက် ရာသီပွဲတော်ကို ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ် တွင် ကျင်းပ ပြီးစီးခဲ့ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဌ တာဝင် ကျော်က ပြောသည်။

ထို ညီလာခံနှင့် ပွဲတော်တို့သည် မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကျင်းပ သွားခဲ့ပြီး တအာင်း တိုင်းရင်းသားများ တသောင်း ကျော် တက်ရောက် ခဲ့သည်။ ဤညီလာခံတွင် တအာင်း အမျိုးသားများ အတွက် ဘုံ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ သတ်မှတ်ရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။

Wednesday, March 27, 2013

နယ်မြေ ရှင်းလင်းရေး တိုက်ပွဲ ဆင်နွှဲရန် အစိုးရ အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)
 
လက်နက်ကိုင် တိုင်းရင်းသားများ တပ်စွဲထားသည့် ဒေသအား နယ်မြေ ရှင်းလင်းရေး တိုက်ပွဲများ စတင် ဆင်နွှဲမည်ဟု အရှေ့ မြောက်တိုင်း (ရမခ) တိုင်းမှူးက ယမာန်နေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA အား ပြောကြား သွားခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောသည်။

“ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က ကျနော်တို့ ရှိတဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ရမယ်လို့ မနေ့က ပြောလာတယ်။ တန့်ယန်းမြို့နယ်မှာ ရှိတဲ့ SSA တပ်မဟာ (၃၆) လက်အောက်ခံ တပ်ရင်း (၁၉၂) လွယ်လန်းတောင် တပ်စခန်းနှင့် လယ်စေးတောင် တပ်စခန်း (၂) နေရာကို စတင် ရှင်းတော့မှာ ဖြစ်တယ်၊ တိုက်ပွဲ မဖြစ်ချင် ရင်တော့ အဆင်သင့် ဆုတ်ထား ပေးပါဟု ပြောကြား ထားကြောင်း” ဆိုပါသည်။

KNU နယ်မြေတချို့တွင် အခွန်လျှော့ကောက်

(ဧရာဝတီ)

အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်း ချုပ်နယ်မြေတချို့ရှိ ဒေသခံများထံမှ အခွန်များ လျှော့ချ ကောက်ခံလျက်ရှိကြောင်း KNU စစ်ဦးစီးချုပ်က ပြောသည်။

“တပ်မဟာ ၇ နယ်မြေထဲမှာ အခွန်တွေကို လျှော့ချလိုက်ပါပြီ။ အရင်က လယ် ၁ ဧကကို စပါး ၅ တင်း ကောက်တာကနေ၊ အခု ၃ တင်း ခွဲပဲ ကောာက်တော့တယ်” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

ကိုယ်ပိုင် ပြည်နယ်ရရှိရေး UWSA ဆက်ကြိုးပမ်းမည်

(ဧရာဝတီ)

ရှမ်းပြည်နယ်အတွင်း အခြေစိုက်ထားသည့် “၀ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) အနေဖြင့် ကိုယ်ပိုင် ပြည်နယ် ရရှိရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

 “ကျနော်တို့ ကိုယ်ပိုင် ၀ပြည်နယ် တောင်းဆိုနေတာ ၁၉၈၉-၉၀ ငြိမ်းချမ်းရေးယူ ကတည်းကပါ၊ ဒါပေမယ့် အစိုးရဘက်ကတော့ အခု ချိန်အထိ တုံ့ပြန်မှု မရှိသေးပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ ပါလာတယ်”ဟု UWSA ၏ ပြောခွင့် ရသူ ဦးအောင်မြင့် က ဧရာဝတီကို ပြောသည်။