Wednesday, July 3, 2013

ဝါဒဖြန့်မှုကို ကာကွယ်ရန် နယ်ခြားစောင့် တပ်သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်း

(Mizzima)

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် သက်ဆိုင်သော သတင်းများကို ထုတ်ပြန်နိုင်ရန်နှင့် မှားယွင်းသော ဝါဒဖြန့်ချိမှုများကို ကာကွယ်နိုင်ရန် နယ်ခြားစောင့်တပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အတွင်းရေးမှူး - ၁ (နယ်စပ်ရေးရာ) ဗိုလ်မှူး စောဋ္ဌေးမြင့် က ပြောသည်။

ယင်းအဖွဲ့ကို မေလက ဖွဲ့စည်းထားသော်လည်း လူသိနည်းနေသေးသည့်အတွက် တပ်များသို့ ဇွန်လကုန်ပိုင်း က ထပ်မံ စာပို့ အကြောင်းကြားရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည့် ဗိုလ်မှူးစောဌေးမြင့် က ဆက်ပြောသည်။


''ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပတ်သက်ပြီး သတင်းမှန် ထုတ်ပြန် နိုင်ဖို့နဲ့ မသိတာ မရှင်းတာရှိရင် အချိန်မ ရွေးဆက်သွယ်မေးမြန်းနိုင်ဖို့ ဖွဲ့စည်းခဲ့တာပါ'' ဟုအဖွဲ့ ဖွဲ့စည်းရသည့် အကြောင်းကို ဗိုလ်မှူး စောဋ္ဌေးမြင့် က ရှင်းပြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော်  (DKBA) အဖြစ် ခွဲထွက်ခဲ့ပြီး နယ်ခြားစောင့် တပ်အဖြစ် တရားဝင်ဖွဲ့စည်းထားသော ယင်းအဖွဲ့၏ တရားဝင်ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်များမှာ လေးဦးဖြစ်ပြီး ဗိုလ်မှူး စောထက်ဝင်း တပ်နယ်-၁၊ ဗဟို၊ ဗိုလ်မှူး စောတင်ဝင်းတပ်နယ် -၂၊ ဗိုလ်မှူး နိုင်မောင်ဇော် တပ်နယ်-၃ နှင့် ဗိုလ်မှူး စာဌေးမြင့် တပ်နယ်-၄ တို့ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။