Wednesday, May 8, 2013

"တိုင်းရင်းသား ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်"

(ဧရာဝတီ)

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ ခေါင်းဆောင်တွေကြား  အထင်အမြင်လွဲမှားမှုဖြစ်ပွားအောင် အာဏာပိုင်တို့က  လုပ်ဆောင်နေတယ်လို့  အဲဒီအဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက်တာတီမသေက တနင်္လာနေ့မှာ  ပြောလိုက်ပါတယ်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးအောင်လွင်တို့က လုပ်ဆောင်နေတာလို့ ဧရာဝတီနဲ့  သီးသန့် တွေ့ဆုံရာမှာ သူက ဆိုပါတယ်။ 



ဒါ့အပြင် ဒီကေဘီအေနဲ့ BGF တို့အကြား လတ်တလော တင်းမာမှုဖြစ်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားတွေကိုလည်း ပြောဆိုထားပါတယ်။ 


မြန်မာ့တပ်မတော်ဟာ "တိုင်းရင်းသား ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်" လို့လည်း သူက ပြောပါတယ်။

မြ၀တီမှာရှိတဲ့ သူတို့ရဲ့တပ်စခန်းမှာ တွေ့ဆုံမေးမြန်းထားတာပါ။


အသံဖိုင်နားထောင်ရန် မူရင်းလင့် (Click) 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။